Tuesday, September 11, 2018

ဝေးဝေးကြည့် သေးသေးမြင်




နေအဖွဲ့အစည်းအပြင်ဖက် အာကာသတွင်းနက်က  Source တခုထဲကနေအဖန်တလဲလဲလာနေတဲ့ Signal တွေ FRBs တွေ နာဆာဟာဖမ်းယူရရှိနေပါတယ်။
အာကာသတနေရာက သက်ရှိတို့ရဲ့ အချက်ပြတွေလား မသေချာပေမယ့် ကမ္ဘာနဲ့ရာသီတုဆင်တူတဲ့ဂြိုလ်တွေကို နေအဖွဲ့အစည်းရဲ့အပြင်ဖက်မှာ အတော်များများ တွေ့နေပြီးပါပြီ။ လက်ရှိ အာကာသနည်းပညာနဲ့ နေအဖွဲ့အစည်း အပြင်ဖက်ရောက်အောင်သွားဖို့ခက်ခဲနေဆဲပါပဲ။
လူမလိုက်ပါပဲ နှုတ်ခွန်းဆက်ဘာသာစကားမျိုးစုံထည့်သွင်းထားတဲ့ စီဒီတွေပါတဲ့ စူးစမ်းရေးယာဉ်ကို နေအဖွဲ့အစည်းအပြင်ဖက်ကို လွတ်ထားခဲ့ပြီးပါပြီ။ ကြယ်တွေဆီသွားဖို့ ခေတ်သစ် ကိုလံဘတ် တွေကြံဆနေခဲ့တာကြာပါပြီ။ အလင်းအလျင်နဲ့သွားရင်တောင် အနည်းဆုံး လေးနှစ်ခန့်အချိန်ယူရမှာဖြစ်ပြီး အလင်းအလျင်နဲ့သွားတဲ့ယာဉ်မရှိသေးပါဘူး။ အာကာသခရီးထွက်ဖို့ နှေးကွေးလွန်းတဲ့လူသားတို့ပိုင်ဆိုင်တဲ့ယာဉ်ပေါ်မှာ  သားဖောက်ပြီး ဆွေစဉ်မျိုးဆက်သွားကြမလားစဉ်းစားတာလည်းရှိပါတယ်။
စိတ်ကူးယာဉ်ဆန်လွန်းပေမယ့် လိုက်ပါလိုတဲ့သူတွေ စာရင်းပေးကြသတဲ့။ အာကာသထဲ သားဖောက်လို့ရတယ်ဆိုတဲ့ သတင်းစကား တမြန်နှစ်က ဖတ်လိုက်ရပါတယ်။ ကျွန်တော်တို့ရယ်ကြတာပေါ့။ :D ဒီလူတွေနှယ် ပေါက်ပေါက်ရှာရှာ အာကာသ သွား သားစပ်ရတယ်လို့ပေါ့။ :D
အာကာသတွင်းနက်မှာစုပ်ယူခံရမယ့် စကြာဝဠာရဲ့ အဆုံးသတ်တနေ့အတွက် (သို့မဟုတ်) ကမ္ဘာ့သက်တမ်း 4.5 billions years နဲ့နှိုင်းယှဉ်ရင် မဝေးလှတဲ့အနာဂတ်မှာ ကြောက်ခမန်းလိလိ တိုးလာမယ့် လူဦးရေ သဘာဝသယံဇာတ လိုအပ်ချက် စွမ်းအင် အာဟာရလိုအပ်ချက်တွေအတွက် ကြိုတင် ပြင်ဆင်မှုတွေလုပ်ဖို့ နာဆာနဲ့ပညာရှင်များ စီစဉ်ခဲ့တာ ဖွံ့ဖြိုးနေကြတာ စစ်အေးခေတ်လွန်ကာလတွေကတည်းကပါပဲ။ ကြာသပတေးဂြိုလ်ရဲ့ အကူအညီဆွဲငင်အားနဲ့ လူသားတွေဘေးဥပါဒ်ကျနိုင်လောက်တဲ့ဥက္ကာခဲတွေ ကမ္ဘာမြေပြင်ပေါ်ရောက်မလာခဲ့ပါဘူး။ ဆုတောင်းကောင်းယုံ စိတ်ကူးယဉ်လောက်စရာ ကြယ်ကြွေလေး တချို့သာ ၁၅ မိနစ်တစ်ခါလောက် ညပိုင်းမှောင်မိုက်တဲ့ကွင်းပြင်ကျယ်တွေကနေမြင်တွေ့နေကြရမှာပါ။
အနာဂတ်ကမ္ဘာဟာ ဘယ်ကိုသွားမလဲမသိသလို ဒါဝင်ရဲ့ အီဗော်လူးရှင်းကြီးကရော အသက်ဝင်နေတုန်းပဲလား။
ကမ္ဘာဖျက်လက်နက်နျူကိုက်ဟန်ရေးပြကြပေမယ့် အကြမ်းဖက်သမားတွေကလွဲလို့ တကယ်သုံးဖို့ဘယ်နိုင်ငံ့ခေါင်းဆောင်းမှမစဉ်းစားခဲ့ကြပါ။
သဘာဝ အာကာသအန္တရာယ်တွေ တကယ့်တကယ်ဖြစ်လာရင်ရှောင်လွှဲမရတာ စိုးရိမ်စရာရှိတာ မြေကမ္ဘာရဲ့ အသက်အန္တရာယ်ပါပဲ။ ဝေးဝေးတွေးတတ်တဲ့သူတွေအတွက် သေးသေးလေးဖြစ်နေတဲ့ကိစ္စတွေ ကျွန်တော်တို့ဆီဖြစ်နေပါတယ်။
ကျွန်တော်တို့ 135 မျိုးလို့မှတ်တမ်းတင်ထားတဲ့လူတွေရဲ့ သေးသေးလေးဖြစ်တဲ့ ဒီကွဲပြဲမှုက တကယ်ပဲ မငြိမ်းချမ်းနိုင်ကြတော့ဘူးလား။ အင်မတန်ရယ်စရာကောင်းသလိုပါပဲ။ သဘာဝတရားနဲ့ဖြစ်တည်မှုအလိုအလျောက်သဘော သုံးမျိုးသောဥတု နဲ့ ကောင်းမွန်တဲ့မြေဆီလွှာ သောက်လို့ရတဲ့မြစ်တွေ ပိုင်ဆိုင်ထားတဲ့မြန်မာဟာ ဒီနေရာလုမှုတခုနဲ့တင် အစစ အရာရာနိမ့်ကျနေတော့မှာလား။ တနေ့ထမင်းသုံးနပ်ထက်ပိုစားချင်သလား ထိုင်ခုံနှစ်လုံးတပြိုင်တည်းထိုင်ချင်သလား အိပ်ယာ ငါးခု တပြိုင်တည်းအိပ်ချင်သလား။ ပျမ်းမျှသက်တမ်း ၆၀ ခန့်သာရှိတဲ့မြန်မာပြည်လူသားတွေ ဘာတွေစဉ်းစားပြီး မငြိမ်းမချမ်းဖြစ်နေကြသလဲဗျာ။ ဘယ်နှစ်နှစ်လောက်အသက်ရှင်နေထိုင်ဖြတ်သန်းပြီးပြီလဲပြန်ဆန်းစစ်ကြည့်ကြအုံး။ ၁၀ နှစ်ဆိုတာ ခဏလေးဗျာ။
ကြီးကြီးလုပ်ချင်ရင် ဝေးဝေးတွေးကြဗျာ။ ကမ္ဘာ့အရေးကိစ္စတွေမှာ မြန်မာဟာ အသံတသံတောင် မထွက်ပေမယ့် အိမ်တွင်းမှာ အင်မတန်နားဆူပါတယ်။ ကမ္ဘာ့အရေးကိစ္စတွေ တခွန်းမှဝင်မပြောရဲကြသလိုပါပဲ။ ဒါကလည်း မာကက်တင်းဗျူဟာတစ်ခုဖြစ်လာနိုင်ပါတယ်။ ပိုက်ပိုက်ရှိတာမရှိတာ နည်းပညာထွန်းတာမထွန်းတာအသာထား ခေါင်းတောင်ထောင်မကြည့်ရဲတဲ့နိုင်ငံကို အစည်းအဝေးကွန်ဖရင့်တွေမှာ အလေးမထားကြတာ အဆန်းတော့မဟုတ်။ ဘယ်သူမှအလေးမထားတော့ ဘယ်သူမှ မလာကြဘူးပေါ့ဗျာ။
ကမ္ဘာ့အရေးတွေဝင်ဆံ့တဲ့ခေါင်းဆောင်တွေ နယ်ပယ်အသီးသီးမှာလိုအပ်ပါတယ်။ ပြစ်ပြစ်နှစ်နှစ်သာ စိတ်ထဲရှိတဲ့အတိုင်းဝေဖန်လိုက်ပါ။ ကိုလိုနီစနစ် တိုက်ပွဲစနစ်နဲ့ကျွန်ပြုဖို့ အိုင်ဒီယာ ဒီခေတ်မှာ ဘယ်နိုင်ငံမှမသုံးတော့ဘူး။ ကမ္ဘာ့အရေးအခင်းတွေထဲ ဝင်ပါလိုက်ပါ။ ဝေဖန်ကြတာကို ပြန်ဖြေရှင်းနိုင်ယုံလောက်နဲ့ ဆရာကျမနေကြပါနဲ့။
စစ်ပွဲထဲပါခဲ့ပြီးစစ်ကွင်းအပြင်ရောက်ခဲ့တဲ့ အမေရိကန်က ယနေ့စူပါပါဝါရှိနေပါတယ်။
တခါတရံ အိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်ဖြစ်ကြည့်ရ ကောင်းမလား စဉ်းစားမိပါတယ်။ ဒါကလည်းအပြောင်းအလဲပေါ့။ :D စစ်မဖြစ်ရသေးဘူး ငြိမ်းချမ်းရေးယူလိုက်ရတာအရင်ဖြစ်နေတယ်။ ပြည်တွင်းစစ်မီးကတော့ ဘယါတုန်းကမှမငြိမ်း။ ဒီတော့ ပတ်ဝန်းကျင်နဲ့ရန်ဖြစ်ကြည့်ကြဗျာ။ :D ခပ်စွာစွာကောင်ဆို ဒေသထဲကကောင်တွေ သိပ်မအာရဲတော့ဘူးပေါ့။ :D ပြည်တွင်းကအဖွဲ့အစည်းလေးတွေလည်း လက်သွေးရတာပေါ့ဗျာ။ :D  မဟုတ်လည်းပြည်တွင်းစစ်က ငြိမ်းမှမငြိမ်းတာ နယ်စပ်ဒေသတွေ အမြဲစစ်ဖြစ်နေတာပဲ။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် ထုတ်မပြောသင့်တဲ့ ဗျူဟာတစ်ခုတောင်ဖြစ်လာနိုင်ပါတယ် :D တပ်မတော်ရဲ့ အရည်အသွေး ပြည်သူတွေရဲ့ပါဝင်မှုနဲ့လတ်တလော အရေးကိစ္စထွက်ပေါက်များဖြစ်မလားမသိ။ :D ရှုံးသွားလို့နယ်အသိမ်းခံရမှာ သိပ်မကြောက်ပါနဲ့။ ကိုလိုနီစနစ်မရှိတော့ဘူး ခဏနေပြန်ပေးရတာပဲ။ :D :D
:D
မြန်မာပြည်တည်ထောင်ခဲ့တဲ့ကာလတလျောက် ရာဇာဓိရာဇ် နဲ့ နှစ် (၄၀) မွန်မြန်မာစစ်ကနေ အခု တပြည်လုံး တိုင်းရင်းသားစစ်ပွဲပေါင်းစုံဆင်နွှဲနေတာ ခုကာလကို နှစ် ၆၀ စစ်လို့ပြောရမလားပဲ။ တပြည်လုံးစည်းရုံးသိမ်းသွင်းပြီးပြီဆို နယ်ချဲ့ကြတာပဲ။ သံသယရှိတာက မြန်မာပြည်က မီးလျှံကြား ပေါက်ပွားတဲ့ မျိုးစိတ်များ ဖြစ်နေသလားပဲ။ :D
မီးလျှံကြားမှာ ပေါက်ပွားတဲ့အဏုဇီဝပိုးဟာ ရေအေးထဲမှာ သေပါတယ်။ မရှင်သန် မကြီးထွားပါဘူး။ ရန်ဖြစ်ချင်တဲ့ ကောင် သိုင်းသင်ပေးရင် အဆင်ပြေမလားလို့။ :D (တကယ်မဖြစ်တောင် စမ်းကြည့်သင့်ပါတယ် ထရန့်လိုပေါ့ :D ) :D :D
(စစ်ပွဲ အားပေးသူမဟုတ်ပါ။) :D :D
အဆင်ပြေလွန်းတဲ့ ရေ မြေ လေ ရာသီဥတုမှာ ရှင်သန်ပေါက်ပွားတဲ့ မျိုးစိတ်တွေဟာ ပျော့ညံ့ပါတယ်။ မြန်မာတို့အတွက် ရာသီဥတု ရေမြေ သဘာဝဟာ အသက်ရှင်ရပ်တည်ဖို့ လွယ်ကူလွန်းပါတယ်။ ခက်ခဲတဲ့ ကန္တာရတွေ မရှိသလို နေ့စဉ်ရှင်းနေရတဲ့နှင်းခဲရာသီဥတုမရှိ မျိုးစေ့တွေ ပစ်ချလိုက်ယုံနဲ့ ပေါက်ပွားနိုင်တဲ့ စားစရာသီးနှံတွေရတယ်။ လွယ်ကူလွန်းတဲ့ရေခံမြေခံ ရာသီဥတုပါပဲ။ ဘယ်မြစ်က ခပ်သောက်သောက် သောက်လို့ရတဲ့ pH 7 နီးပါးရေချိုတွေထွက်တယ်။ သဲကြမ်းတထပ် ကျောက်တထပ် မီးသွေးတထပ် အိတ်ထဲထည့် မြစ်ရေလောင်းချတာနဲ့ ကြည်လင်တဲ့ရေတွေရတယ် UV မီးချောင်းထွန်းပေးလိုက်တာနဲ့ ရောဂါပိုးတချို့သတ်ပြီး ရေသန့်ဖြစ်ပြီ။ ထမင်းအိုးထဲထည့်ချက်လို့ ဝါမသွားရင်ရေသန့်ပဲ အခုရောင်းစားနေကြတဲ့ရေသန့်တွေပါပဲ RO နည်းကတော့ ထားပါဗျာ။ :) ဧရာဝတီမြစ် ချင်းတွင်းမြစ်က ရေတွေက အဲဒီလိုပါ။ (မြစ်ရေကို ရေသန့်ထုတ်ရောင်းခွင့်မရှိ :) )။ အကျီ င်္မပါပဲ နေလို့ရတဲ့ရာသီဥတု နဲ့ အခင်း အမိုးအကာမပါပဲ အိပ်လို့ရတဲ့ ရာသီဥတုတွေရှိပါတယ်။
လွယ်ကူလွန်းတဲ့ရေခံ မြေခံနဲ့ ရုန်းကန်မှုမရှိတဲ့ဘဝတွေ ပိုင်ဆိုင်ရတာက မြန်မာတွေကို တီထွင်မှု အလေ့မရှိဖြစ်စေပါတယ်။ အားနေ အချင်းချင်း စကားများရန်ဖြစ်ကြတာပါပဲ။
လက်ရှိ ဆင်းရဲမွဲတေမှုနဲ့ လူနေမှုအဆင့်နိမ့်ပါးမှုတွေက စနစ်ကြောင့်ပါ။ ရေခံမြေခံအရ သက်သာလွယ်ကူပြီး အလွယ်တကူရှင်သန်နိုင်တဲ့ Easy Life တွေပါ။ ဖြစ်သလိုနေလို့ရ အသက်ရှင်လို့ရတဲ့ ရေခံမြေခံတွေက ဖြစ်သလိုနေကြရင်းနဲ့ ဖြစ်ချင်ရာဖြစ်လာကြတာပါပဲ။
အနိဌာရုံ အများစုဟာ ဆင်းရဲမွဲတေမှုကြောင့်မဟုတ်ပဲ နေချင်သလိုနေကြတာကြောင့်လို့ အိန္ဒိယက ပညာရှင်တယောက်ကပြောပါတယ်။ နေချင်သလိုမနေကြဖို့ ပညာပေးတွေလိုပါလိမ့်မယ်။ စည်းကြပ်မှုတွေလိုပါလိမ့်မယ်။
စနစ်ပြောင်းနဲ့လူရာဝင်ဆံ့တဲ့ ခေါင်းဆောင် မျိုးဆက်များ မျှော်လင့်ပါတယ်။ နှင်းကျတဲ့ဒေသ နှင်းတွေပုံနေတာ အမှိုက်ဖြစ်သလို မိုးများတဲ့ဒေသဗွက်ထပြီး နွေမှာဖုန်ထူတာ မဆန်းပါ။ မမြင်ချင်ရင်တော့ အဲဒါတွေပြုပြင်ရပါမယ်။
တိုင်းနဲ့ပြည်နယ်များအတွင်း နေ့ချင်းပြန် ကားရထား ဆက်သွယ်ရေးလမ်းတွေ မရှိ ယာဉ်စနစ်တွေမရှိ လူတွေကို အားလပ်ချိန်ခရီးထွက်ဖြစ်အောင် စီစဉ်ထားတဲ့ တိုက်တွန်းမှု စနစ်တွေမရှိတော့ ဒေသန္တရ ဗဟုသုတနည်း ထိတွေ့မှုတွေနည်းပြီး သူ့ဓလေ့ ကိုယ့်ဓလေ့မသိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမရနိုင်။ ဖြစ်နိုင်ရင်တော့ မြန်မာပြည် #နယ်နိမိတ်ပတ်လမ်း ကား ရထားလမ်း ရှိရင် မိုက်မလားပဲ။ ဆက်သွယ်ရေးလမ်းတွေ ညံ့တာ လုပ်အားဆုံးရှုံးမှုဖြစ်စေပါတယ်။ တနာရီနဲ့ရောက်နိုင်တဲ့နည်းပညာ လူသားတွေမှာရှိပေမယ့် ကိုယ်တို့သုံးနိုင်တာ ၅ နာရီဆို လမ်းတင်အချိန်ကုန်လို့ လုပ်အားဆုံးရှုံးမှု နိမ့်ကျမှု တခေါက်ကို လေးနာရီပါ။
အလွယ်ဆုံးဥပမာ ငွေကြေးနဲ့ဖလှယ်ပြရရင် ၁ နာရီခရီးကို ငါးနာရီသွားရတော့ ယာဉ်စီးခ ပိုပေးရပါတယ် ၁နာရီတထောင်နှုန်းနဲ့တွက်ရင် ခရီးသည် သို့မဟုတ် ကုန်စည်ကပေးလိုက်ရတဲ့ အပိုဖြုန်းမှု ၄၀၀၀ ကျပ်ဟာ ခရီးသည်ပေးလိုက်ရပေမယ့် ယာဉ်သမားက တကယ်မရပါဘူး သူ့အတွက်က ၁ နာရီ ၁၀၀၀ နဲ့ ၅ နာရီမို့ ၅၀၀၀ ကျပ်ပါပဲ။ တန်ရာတန်ကြေးပါ။ ဒါဆို အဲဒီ အပို ၄၀၀၀ ကျပ်ဘယ်ရောက်သွားလဲ။ တိုင်းပြည်ရဲ့ ငွေကြေးစီးဆင်းမှု စနစ်ထဲမှာလည်းမရှိသလို ပြည်ပထွက်သွားတာလဲမဟုတ်ပါ။ အပိုလေလွင့်မှု လုပ်အားဆုံးရှုံးမှုပါ။
အခေါက်ပေါင်းများစွာစီးဆင်းနေတဲ့ ကုန်စည်တွေ အတွက်ဆို တိုင်းပြည်ဟာ နေ့စဉ် ဘီလီယံနဲ့ချီလေလွင့်ပါတယ်။ ကိုယ်ဟာကိုယ် စဉ်းစားကြည့်မိသလောက်ဆို တက္ကစီ စီးပြီး ကားကြပ်လို့ ၂ နာရီနဲ့မရောက်နိုင်ပဲ လေးနာရီလောက်ကြာခဲ့ဖူးတဲ့ ရန်ကုန်မြို့တွင်းသွား ခရီးသည်တယောက်အတွက် လေလွင့်ဆုံးရှုံးမှုပမာဏတွက်ကြည့်ဖူးတာ။ အကြမ်းခန့်မှန်းချေ တက္ကစီအရေအတွက်နဲ့ ချကြည့်တော့  တက္ကစီ ကဏ္ဍမှာ ရန်ကုန်တမြို့ထဲတင် တရက် သိန်း ၄၀၀၀ လောက်ဆုံးရှုံးမှုဖြစ်နေပါတယ်။
KAIZEN philosophy ရဲ့Muda(Waste) ပါပဲ။ Muda Elimination ဟာ Kaizen မှာ မလုပ်မဖြစ်လုပ်ရတဲ့ အလုပ်ပါပဲ။ ဒါဟာ Productivity ကို တိုးတက်စေဖို့ လုပ်ရမယ့် KAIZEN လမ်းစဉ်ပါ။ Muda Elimination အတွက်လုပ်ရမယ့် လုပ်နေဆဲ waste ဖယ်ထုတ်ဖျောက်ဖျက်တာတွေရှိနေပါတယ်။ အကြွေးတောင်းတာတွေပေါ့ :D ။ အရစ်ကျပြန်ဆပ်။ :D
လမ်းပန်းဆက်သွယ်ရေးမကောင်းလို့ ကျေးလက်က ခြံတွေထဲ ပုပ်သွားတဲ့ သီးနှံတွေရဲ့တန်ဖိုး ရှိပါသေးတယ်။
အခုကာလဟာ Better Change or Continuous Improvement လို့အဓိပ္ပါယ်ရတဲ့ ဂျပန်စတိုင် KAIZENရဲ့ Housekeeping 5S နဲ့ Muda Elimination (7 wastes) လုပ်ရမယ့်ကာလပါ။
Muda. Mura. Muri ပေါ့။ ဒီ Three pillars of Kaizen ကို ဘယ်လောက်များများပယ်ဖျက်လုပ်နိုင်မလဲ စောင့်ကြည့်တွန်းအားပေးရမှာပါ။ ဒီသုံးခုဟာ အပြန်အလှန် သက်ရောက်မှုရှိပါတယ်။ waste တွေပါ manufacturing မှာတော့ Lean Method ပါပဲ။
TOYOTA ဟာ Kaizen နဲ့နာမည်ကြီးသလို GE (General Electric. USA) ဟာ Sigma Six နဲ့နာမည်ကြီးပါတယ်။ နယ်ပယ်အသီးသီးမှာ အသုံးချကြပါတယ်။
Philosophy တစ်ရပ်ရပ်ကို ကိုင်စွဲပြီး မြန်မာပြည်ရဲ့ ထုပ်လုပ်မှုစွမ်းအားများ မြှင့်တင်နိုင်ပါစေ။
(မကြာခဏလွှင့်နေလို့ မရိုးနိုင်အောင်ကြည့်ဖြစ်တဲ့ Armageddon ရုပ်ရှင်ကြည့်နေရင်းရေးဖြစ်တာပါ Sci-fi တွေ အကြည့်များသွားပြီ :D )
အရေမရအဖတ်မရလျောက်ရေးတာ အဆုံးထိဖတ်တယ်ဆို ပျော်မှာပါ။  :D :D

No comments: