Thursday, September 6, 2018

ခြေထောက်မှာဗွေပါတဲ့ကောင်

ခြေထောက်မှာ ဗွေပါတဲ့ကောင်

ကျွန်တော်နဲ့ ချစ်ဇနီးရဲ့ ခြေရာလေးတွေပေါ့ဗျာ။ ဒီနေ့ကာလထိ မှတ်တမ်းတင်ထားလိမ့်မယ် မထင်ခဲ့ဘူး။ တချိန် ကျွန်တော်တို့ ကလေးတွေ အနေနဲ့ ဒီလူကြီးတွေ မြို့ သွားကျောင်းတက်ဖူးတာလေး လာကြွားတယ်ပြောလိမ့်မလား သူတို့ရော ဘယ်တွေ သွားကြလိမ့်မလဲ။


ကျွန်တော့် ဖေဖေဟာ ပြည်အထက (၃)မှာအထက်တန်းကျောင်းတက်ဖူးသူပါ။ ပြည်အထက (၅)မှာ ကျွန်တော် (၁၀) တန်းတက်တော့ တောမှာမွေး တောရွာ တွဲဖက်ကျောင်းလေးမှာ တက်ခဲ့ဖူးတဲ့ ကျွန်တော် ဖေ့ဖေ့အပေါ်အထင်ကြီးစိတ် နည်းနည်းလျော့ပါတယ်။  ဒေသစုံအောင် သွားလာသူတွေ ငယ်ငယ်က အတော်အားကျတယ် ဒါကြောင့်ထင်တယ် ခြေဗွေပါသလိုပဲ ရောက်ရာအရပ် အခြေချ ဖို့ ကြိုးစားတိုင်းမအောင်မြင်ဖူး။ မြေပိုင်အောင်ကြိုးစားတယ် မြေ၀ယ်နိုင်ဖို့လုပ်တယ်။ မြေ၀ယ်ပြီးလည်း အိမ်မဆောက်ဖြစ်ပါဘူး။ ရွာမှာမွေးတဲ့ကောင် တိုက်ခန်းမနေတတ်တာတော့ ၀သီဖြစ်မယ်။ ခြံနဲ့ဝင်းနဲ့ နေချင်တယ်။ မန်းမှာ နေနိုင်မယ့်နေရာ ခြံဝယ် လုပ်မစားတတ်တော့ အခြေမချဖြစ် ရန်ကုန်အပေါင်းအသင်းအစုံနဲ့ နေနိုင်ဖို့ စုပြီး မြေ၀ယ်သော်လည်း ခုထိမနေနိုင်သေး။ ဆောက်တယ်ကွာ။ မရပါ ဆောက်သာဆောက်တာပါ။ နေတာက တခြား။ ရည်ရွယ်လုပ်သမျှတော့ ဆနဓိပတိနဲ့ လုပ်တာမို့ အိုင်ဒီယာ အပြည့်နဲ့ ထမင်းမေ့ ဟင်းမေ့ပါ ညလည်း အိပ်ချင်တဲ့အချိန်ရယ် မရှိလောက်အောင် ဆနဇောထက်သန်ပြီးလုပ်ပါတယ်။ အိပ်မက်မှန်သမျှ အကောင်အထည်ဖော်နေတော့ လူဘ၀သက်တမ်း လူ့ ကျန်းမာရေးနဲ့မကိုက်ပါ ခုလည်း ကုမဏီမှာ အကြံပေးရာထူးယူလုပ်ခဲ့မိတော့ တသက်လုံး အကြံပေးချည်း စဉ်းစားနေမိတာ Advisor ကနေ Consultant ဖြစ်ဖို့ ကြံစည်မိပြန်ပါပြီ။ သက်တမ်းတိုမယ်ဆိုတာတော့ သေချာသလောက်ပါပဲ လုပ်ချင်ရာလုပ်သေသွားတာ ဘ၀အောင်ျြမင်မှုလားတော့ နားမလည်  ကလေးတွေ ငယ်သေးလို့ ပြန်ချင့်ချိန်မှပါဗျာ။

No comments: