Monday, April 14, 2008

အစွန်းသုံးပါးမှ လွတ်သော သားငါး (၃)မျိုး

ဗုဒ္ဓသည် သက်သက်လွတ်စားသည်ဟု မဖတ်ဖူးပါ။ မီးလွတ်စားခြင်းကတော့ ဗုဒ္ဓဘာသာဝင် အကျင့် မဟုတ်၍ မပြောလိုတော့ပါ။ တကယ် သက်သက်လွတ် စားလို၍ ဆိုလိုသည်မှာ အတင်းသွတ်သွင်းထားသော စိတ်မဟုတ်ပဲ သတ္တ၀ါ ကို မေတ္တာပွားရင်း သနားညှာတာစိတ်ဖြင့် သက်သက်လွတ်စားခြင်းသည် သာဓုခေါ်ဖွယ်ဖြစ်သည်။ တနည်းအားဖြင့် သက်လွတ်စားခြင်းသည် မိမိကိုယ်ကို သားစားကျူးခြင်းမှ ထိန်းရာရောက်သည်ထင်သည်။ သက်သက်လွတ်တော့ စားပါသည် ဟင်းကို မကောင်း ကောင်းအောင်ပြုပြင်ယူ၍ စားသုံးနေသော် ရသ တဏှာဖြစ်မည်ထင်သည်။ ဒါဆိုရင်တော့ အောက်ပါ သားငါး သုံးမျိုး ကို စားသုံးခြင်းက ထိုသူအတွက် ပို၍ အကျိုးရှိမည် ထင်သည်။

၁) လူတို့ တန္တိ သတ်လေဘိ သည်ကို မိမိကိုယ်ထင်မမြင်သော သားငါး။
၂) ရည်၍ သတ်ခြင်း သတင်းကို လည်းမကြားထသော သားငါး။
၃) ငါ့ကို ရည်ကာ သတ်သည်သာဟု ရွံရှာခြင်းလည်း မရှိသော သားငါး။

သုခမှတ်စုပါ အထက်ပါ သားငါးသုံးမျိုးသည် အပြစ်လွတ်သော သားငါးဖြစ်၍ စားသုံးသော် မည်သည့် အကုသိုလ် စိတ်ကိုမျှ ဖြစ်စေမည် မဟုတ်သော ဗုဒ္ဓအလိုကျ အလယ်လမ်းစဉ်ဖြစ်မည်ဟု ယုံကြည်ပါသည်။

သုခမှတ်စုမှ

No comments: