Friday, June 5, 2009

သဘာဝကျကျ လက်သည်းအလှ



မိန်းကလေးတွေဟာ အလှပြင်ရာမှာ အထူးပြုပုံချင်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က မျက်လုံးလေးကို ရွှန်းစိုနေအောင် အဓိကထားပြီး ပြင်ကြတယ်။ တချို့ကျတော့ အသားအရေကို ပိုဂရုစိုက်ကြတယ်။ တချို့ကျပြန်တော့ နှုတ်ခမ်းလေး ဖူးနေမှ ဖြစ်ကြပြန်ရော။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။


ကျွန်မ အထူးဂရုစိုက်တာကတော့ လက်ချောင်း ခြေချောင်းလေးတွေပါပဲ။ ကျွန်မဟာ လက်ချောင်း ခြေချောင်းလေးတွေ သန့်ရှင်းလှပတာကို အရမ်းနှစ်ခြိုက်ပါတယ်။ လူတစ်ယောက်ကို စတွေ့ပြီဆိုတာနဲ့ ကျွန်မ ဦးဆုံး သတိထားကြည့်မိတာက သူ့လက်ချောင်းလေးတွေပါပဲ။ အဲလောက်ထိ လက်ချောင်း ခြေချောင်းလေးတွေရဲ့ အလှကို ကျွန်မ ရူးသွပ်တတ်ပါတယ်။
ကျွန်မ အနှစ်သက်ဆုံးက လက်ချောင်း လက်သည်းလေးတွေ သဘာဝအတိုင်း လှပနေဖို့ပါ။ အဲလို ပြင်ဆင်ဖို့ အချိန်တွေ ငွေတွေလည်း သိပ်မကုန်ပါဘူး။ သဘာဝအတိုင်း သပ်ရပ်လှပနေဖို့က ဒီလောက်လေးပဲ လုပ်ရမှာပါရှင်။
၁။ အရင်ဆုံး လက်သည်းပေါ်က လက်သည်းနီ အဟောင်းတွေကို remover နဲ့ ဖယ်ရှားလိုက်ပါ။
၂။ မိမိ ကြိုက်နှစ်သက်တဲ့ ပုံစံ လက်သည်းလေးတွေ ညှပ်လိုက်ပါ။ အကောင်းဆုံးကတော့ သိပ်မရှည်လွန်း မတိုလွန်းတဲ့ လက်သည်းပုံစံမျိုးပါ။ လက်သည်းထိပ်ဖျားလေးတွေကို လက်ထိပ်ဦးပိုင်းနဲ့ အပြိုင်လိုင်းလေးဖြစ်အောင် ပုံဖော်သင့်ပါတယ်။ ကျွန်မကတော့ လက်ထိပ်ဦးပိုင်းအပြင်ကို ၃ စင်တီမီတာလောက် ရှည်ထွက်ရုံလေးပဲထားပါတယ်။
၃။ ဆပ်ပြာရည်နွေးနွေးလေးမှာ လက်ချောင်းလေးတွေကို ၁၀မိနစ်လောက် စိမ်ထားပါမယ်။ ဒီအချိန်မှာ လက်ချောင်းလေးတွေကို အချင်းချင်း နှိပ်နယ်ပေးရင် ပိုကောင်းပါတယ်။ ဘလော့ဂင်းကြသူများ ကီးဘုတ်အသုံးများသူများအတွက် ပိုဇိမ်ခံလို့ကောင်းပါတယ်။ အညောင်းလဲ ပြေတာပေါ့။ လက်ချောင်းထဲမှာ သွေးလှည့်ပတ်နှုန်းလဲ ပိုကောင်းလာလို့ လက်သည်းလေးတွေ သဘာဝအတိုင်း ပိုမို နီရဲလာစေပါတယ်။
၎။ လက်သည်းခွံကို သံပုရာသီးနဲ့ ပွတ်ပြီး ဆေးကြောပါမယ်။ အရင်က cuticle cream သုံးဖူးထားရင် cuticle remover နဲ့ ပြန်ဖယ်ပေးပါ။
၅။ ရေနွေးနွေးလေးနဲ့ ထပ်ဆေးလိုက်ပါမယ်။ တဘက် (သို့မဟုတ်) တစ်ရှူး ပျော့ပျော့နဲ့ ခြောက်အောင် သုတ်လိုက်ပါဦး။
၆။ လက်ဖမိုး လက်ဝါး လက်ချောင်း လက်သည်းလေးတွေ အားလုံးကို hand cream နဲ့ သေသေချာချာလေး လိမ်းပေးပါ။ လက်သည်း အခြေ အစပ်လေးတွေမှာ hand cream ကို စိမ့်ဝင်သွားအောင် ပွတ်သပ်လိမ်းပေးပါ။ ၃မိနစ်လောက် အခြောက်ခံပြီး လက်သည်းပေါ်က hand cream တွေကို တစ်ရှူးနဲ့ ဖယ်ရှားလိုက်ပါ။



၇။ လက်သည်းနဲ့ လက်ချောင်းထိပ်လေးတွေကို cuticle cream လေး သိပ်သိပ်လေး လိမ်းလိုက်ပြီးရင်တော့ သဘာဝအတိုင်း လှပနေတဲ့ လက်ချောင်းလေးတွေ ပိုင်ဆိုင်သွားပါပြီရှင်။



ပုံတွေအားလုံးကို google image က ရှာပြီး တင်ထားတာပါ။
ref: http://beauty.about.com/
http://free-beauty-tips.glam.com/
http://blissfullydomestic.com/

1 comment:

Anonymous said...

မရေးးးးးးးးးးးး
မြူးလဲ ခြေသဲလက်သဲ အရင်ကြည့်တယ်
တူနေပြီ ဟီးးးးးးးးကောင်လေးတွေ ဆို၇င်လဲ
ခြေသဲလက်သဲ တိတိရိရိဖြတ်ထားလား
သန့် ရဲ့ လားအရင်ကြည့်တတ်တယ်
သူများပြောနဲ့ နော်...........မ