Tuesday, September 25, 2018

My Sweeties

ဖေဖေဘာလို့ဒါလောက်အိပ်နေတာလဲ လိုက်မပို့ရင် သွားတော့မှာ။ ဗုဒ္ဓေါ ကျောင်းသွားဖို့တက်ကြွနေပါလား။ အံ့သြစရာ။ frozen ဂါဝန်လေး ဝတ်ချင်တယ်။ ဘောင်းဘီက ဒါဝတ်မယ်။အော်လူကြီးပြောတာ ဟုတ်ဟုတ်မဟုတ်ဟုတ် လက်ခံတတ်တဲ့ခေတ်မဟုတ်ဘူးကိုး။ အသက်က ခုမှ သုံးနှစ်ကျော် စကားပြောတတ်စ။ (တကယ်တော့ ချောင်ချောင်ချိချိလေးတွေသူကြိုက်) ဖိနပ် အကျီ င်္ အသုံးအဆောင်ကအစ သူလိုချင်တာပဲ ရွေးယူတယ် ဝယ်ပေးလည်းမရ။ 

ဒယ်အိုးလေးတွေလိုချင်တယ် ကစားကွင်းနားမှာရှိတယ် (Ocean) ကကစားကွင်းသွားရင်းတွေ့လာတာ သတိရလို့ပူဆာ။ ဟင် ကြမ်းပေါ်ပုံထားတဲ့အရုပ်မနည်းဘူးလေရှုပ်လိုက်တဲ့အမှိုက် ဝယ်ထားတာတွေနဲ့ဆော့ကွာ။ မရဘူး မရဘူး။
ဘာဘီရုပ်ခေါင်းဖြီးပေးတာဆို သိပ်လှတာလေ။ (အကြီးမ ပထမတန်းကျောင်းသူ ဂျင်းဝင်ထည့် သူလိုချင်တာလေ။)


အိုခေလေ ညည်းစုထားတဲ့ပိုက်ဆံ များနေပြီပဲ မှန်းစမ်း ဟိုနေ့က ဘဘ လည်း မုန့်ဖိုးပေးသွားတာပဲ။ ငါတို့သုံးယောက် တက္ကစီခေါ်ပြီး သွားကြမယ် ဒီပိုက်ဆံလောက်ဆို ဂစ်တာလေးတွေရော အရုပ်ရော အိုးခွက်တွေပါဝယ်လို့ရတယ်။ သူ့အိတ်ဖွင့်ကြည့် အကြီးမ လိုက်လု မရဘူး မရဘူး။ မီးငယ်လေးတွေ့လား မမမှာ ပိုက်ဆံအများကြီးရှိတယ် သူ့ဆီသွားချွဲငါတို့သွားကြမယ်။ ဒါမှမဟုတ်သူ့လို ပိုက်ဆံစုမလား ရော့ တရာယူ။ ကိုယ်အိတ်နဲ့ကိုယ်သိမ်းထား။စု ပြီးရင်အရုပ်ဝယ်လို့ရပြီ။

No comments: