Friday, June 26, 2009

ဂျာမနီတွင် အချဉ်ရွက်အရှာထွက်ခြင်း


တကယ်တော့ဒါကို စခဲ့သည်မှာ ဘယ်လင်း (Berlin) မှ သူငယ်ချင်းနှစ်ယောက် ဖြစ်သည်။ သူတို့ ဆီ အလည်သွားရာမှ ချဉ်ပေါင်ရွက် အရသာရှိသော အပင်အကြောင်းကို သူတို့ စတင်မိတ်ဆက်ပေးခြင်း ဖြစ်သည်။ နီးစပ်ရာ အာရှဆိုင်တွေမှာလည်း ချဉ်ပေါင်ရွက် တစ်ခါမှ မတွေ့ဖူး။ Göttingen က အစ်မတစ်ယောက်ကတော့ Spinat အရွက်ကို မန်ကျည်းသီးမှည့်ဖြင့် နယ်၍ ချဉ်ပေါင်ရွက် အတုကြော်လုပ်တာ စားဖူးသည်။ Spinat အရွက်၏ အရသာမှာ ချဉ်သော အရသာမဟုတ်ပါ။ ခြေမွှ စည်သွတ်ထားသော ပုံသဏ္ဍန်ကတော့ ချဉ်ပေါင်ရွက်မွှေကြော်ထားတာနှင့်တူသည်။ ဒါကို မန်ကျည်းသီး အချဉ်ထည့်ကြော် လိုက်တော့ ချဉ်ပေါင်ရွက်ကြော် ဖြစ်သွားသည်ပေါ့။ ဒီနောက်ပိုင်း မြန်မာပြည်မျိုးစေ့မှာပြီး သူလုပ်နေသည့် စမ်းသပ်ခန်းထဲ ထည့်စိုက်ထားပြီး ကြော်စားသည် ဆိုသည်။ နောက်ပိုင်း ချဉ်ပေါင်ရွက်ကြော်စားချင်သည့် အာသီသက မေ့မေ့ ပျောက်ပျောက်ဖြစ်နေပြီး၊ ဟိုတစ်နေ့က အစ်မ ဂျာမုန်းဒန်တို့ မိသားစုက ထမင်းခေါ်ကျွေးတာ စားရင်း ချဉ်ပေါင်ရွက် ကြော်တစ်ခွက်ပါလာတာ သွားတွေ့သည်။ ဒါနဲ့ ဒီအရွက်တွေဘယ်မှာရှာလည်း ဘာညာ စပ်စုကြည့်တော့ သူတို့ အိမ်ကနေ ကိုယ့် အခန်းပြန်တဲ့ တောလမ်း ဖြတ်လမ်းမှာ ပေါက်သည်တဲ့။ အပင်ကို လည်းမမှတ်မိတော့ သူတို့ အရင် အတူတူ အပင်လိုက်ရှာခူးဖူးသည့် ညီမတစ်ယောက်ကို အကူအညီတောင်းပြီး လိုက်ရှာတော့ တွေ့သည်။ ဒါနဲ့ မှောင်ကလည်း မှောင်နေတော့ နေရာမှတ်ထားပြီး နောက်နေ့ မနက်စာ မစားခင် လိုက်ရှာခူးလိုက်ရာ နှစ်ခါကြော်လောက်တော့ ကောင်းကောင်း ရသွားသည်။ သူက အခြားမြက်အနွယ်အပင်တွေနဲ့ ရောပေါက်နေတော့ ခူးနေကျမဟုတ်လျှင် ရုတ်တရက် ခွဲခြားမရ။ ခူးနေတုန်း သိပ်မသေချာဘူးထင်လျှင် နဲနဲဝါးကြည့် ချဉ်တဲ့ အရသာရှိရင် သေချာပြီ။ အပင်လိုက်ပဉ္စငါးပါး အကုန်ပါအောင် နှုတ် အခန်းထဲသယ်လာ ဓါတ်ပုံရိုက်လိုက်တယ်။ မတော်လို့ စားနေရင်း ဒုက္ခဖြစ်ရင် ဘာပင်လဲဆိုတာပြန်ပြလို့ရတာပေါ့။


သဘာဝအတိုင်းပေါက်နေတဲ့ပုံ


အခန်းထဲယူလာရေးဆေးပြီး ပုံ

အပင်အမျိုးအနွယ်။ ။ မသိ
ရုက္ခဗေဒ အမည် ။ ။ စုံစမ်းမရ။
အင်္ဂလိပ်အခေါ် ။ ။ ဘာမှန်းမသိ။
မြန်မာ အခေါ် ။ ။ တစ်ခါမျှ မတွေ့ဖူး။
အရသာ။ ။ ချဉ်ဖြုံးဖြုံး

လောလောဆယ်တော့ အချဉ်ရွက်လို့လဲ ခေါ်လိုက်တယ်။ ချဉ်ပေါင်ရွက်လို့လည်း ခေါ်ချင်ခေါ်တယ်။ အချင်းချင်းဖုန်းဆက်ရင်း ဆုံမိလို့ လှမ်းမေး “ဟေးဘာနဲ့စားတုန်း´´ ``ချဉ်ပေါင်ရွက်ကြော်စားတယ်ဟေ့´´ အချင်းချင်းတော့ နားလည်သည်။ သိတဲ့သူများ အမျိုးအမည် ပြောပြကြပါကုန်။ ပုံပါအတိုင်း ရှူ။ စားလို့ရတဲ့ နည်းစနစ်ကတော့ ချဉ်ပေါင်ရွက်ကို စီမံသည့် အတိုင်းပင်။ အရည်သောက်ချက်ချက်။ မျှစ်နဲ့ ကြော်ပဲ စားစား။ အစ်မဂျာမုန်းဒန်ကတော့ ငါးသေတ္တာနှင့် ရောကြော်စားသည် ဆိုသည်။ ဟိုနေ့က ကျွေးလိုက်တာ ငါးသေတ္တာနဲ့ ကြော်ထားတာပါတဲ့။ အပင်ငယ်ငယ်မှာ မြေကပ်ပင်လိုလို ဖြစ်နေပေမယ့် ကြီးတဲ့ အပင်ကျတော့ ဒီပုံပေါက်နေတယ်။

အစားအသောက်သောင်းကျန်းတယ်ဆိုတာ ကိုယ့်ကိုကိုယ် သတိထားမိတယ်။ တားမရဘူး ကိုယ့်စိတ်ကို။ အမျိုးအမည် နာမည်တွေမသိ။ ဆိုင်တွေလျှောက်ကြည့်။ စားချင်တာတွေ့ ကြိုက်တဲ့ နည်းစနစ်နဲ့ချက်စားလေ့ရှိတယ်။ မီးဖိုမှာ ဟင်းချက်ရင်ဆုံလေ့ရှိတဲ့ တရုတ်ကပေါက်ဖော်လေးတွေနဲ့ အိန္ဒိယသား သူငယ်ချင်းတွေက ရိုးရာအစာတွေ ချက်နေ တယ်ထင်ပြီး မေးဘူးတယ်။ ငါ့ကိုယ်ငါ ဘာနည်းစနစ်နဲ့ ချက်နေမိတယ် မသိပါဘူးကွာ လို့။ ဘူးသီးရယ်လို့ တခုတ်တရ ဒီမှာရှာမတွေ့ ဒီတော့ လုပ်မိလုပ်ရာ ဘူးသီးအစားထိုး zuchini နဲ့ ကြက်သားချက်စားတယ်။ ဘူးသီးအစား ခါဥဟုထင်သည် ခပ်ဖြူဖြူ လဘက်ရည်ပန်ကန်းလုံးခန့်ရှိသည့် ဥကို ပါးပါးရှပ်ပြီး မန်ကျည်းသီးမှည့်ဖြင့် ချဉ်ရည်ဟင်းချက်စားဖူးသည်။ ပါကစ္စတန်ဖြစ် အသင့်စပ်ပြီးသား ဒံပေါက်မဆလာ ထုပ်ဝယ်ပြီး ဒန်ပေါက်ချက်စားဖြစ်ကြသည်။ မုန့်ဟင်းခါးလည်း စားချင်သည်။ ကံကောင်းချင်တော့ ညီမတစ်ယောက်သတင်းပေးသည်။ ထိုင်းနိုင်ငံဖြစ် Soup စည်သွပ်ဘူးတစ်ဘူးက မုန့်ဟင်းခါးဖြင့် အတော်ဆင်သည်ဆိုသည်။ PennyMarkt ရောက်တိုင်း Soup စည်သွပ်ဘူးများအနားစေ့စေ့စပ်စပ်ရှာရသည်။ အစားအသောက်တွေစပ်မိစပ်ရာ ဘယ်ရောက်ကုန်သည်မသိ ဒီနေရာတွင် ရပ်မှပဲဖြစ်တော့မည်။

နောက်ဆက်တွဲ။ ။

ဒီပို့စ်လေးကို ရေးပြီးချိန်မှာ အစ်မဂျာမုန်းဒန် နည်းစနစ်အတိုင်း အချဉ်ရွက်တွေကို ရေဆေး၊ Pennymarkt က ၀ယ်လာတဲ့ မျှစ်ချဉ်ပုလင်းကိုဖောက်လို့ ငါးသေတ္တာနဲ့ ကြော်ပါတယ်။ အခုစားခါနီးမှ ကိုစီးမယ့်မြင်း..အဲလေ ကိုယ်စားမယ့် အရွက် ဘာလဲသိအောင်ဆိုပြီး ဂူဂယ်(google) ထဲသွား ရှာလိုက်တာ သိလိုက်ရတာကတော့။

ရုက္ခဗေဒ အမည်။ ။ Rumex Acetosa
အများသုံးအမည်။ ။ Garden Sorrel
ဂျာမန်အမည် ။ ။Sauerampfer
မြန်မာအမည်။ ။ မသိပါ။ (ရှိဟန်မတူ)
အခြားမျိုးစိတ် အမည်တွေ။ ။ Acederilla, Acetosella, Acidula, chuka Palam, Chutrika, Cizana, Petite Oseille, Schapenzuring, Sheep sorrel

ဥရောပသားတွေ Soup ထဲ ထည့်ပြုတ်လို့ဖြစ်စေ၊ အသုပ်လုပ်လို့ ဖြစ်စေ စားလေ့ရှိသည် ဆိုပဲ။ ဆေးဖက်ဝင်တာကတော့ ဆီးကို ရွှင်စေတယ်ဆိုပဲ။ Amfaro ဆိုတာက ရှေးခေတ်ဟောင်း ဂျာမန်စကားလုံးဖြစ်ပြီး ချဉ်သော လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ Sauerampfer ဆိုတာကတော့ နှစ်ဆချဉ်တဲ့ အဓိပ္ပါယ်ကို ယူလေမလားမသိ။ Sauerampfersuppe စွပ်ပြုတ်ဟာ သူရို့ ဘိုးဘွားတွေ နှစ်သက်စွာ စားသောက် ခဲ့ကြတဲ့ ရိုးရာအစားအစာလို့ဆိုပါတယ်။ French Cuisine တွေမှာလည်း မပါမဖြစ် ထည့်သုံးတယ် ဆိုပါတယ်။ မြက်ခင်းလွင်ပြင်တွေ ခြံတွင်းတွေမှာ အလေ့ကျပေါက်လေ့ရှိသမို့ ကလေးတွေ ဆော့ကစားရင်း ချဉ်တဲ့အရသာကို နှစ်ခြိုက်စွာစားလေ့ရှိတယ်တဲ့။ နည်းနည်းစားခြင်းဟာ ပြဿနာ မရှိပေမယ့် စားတာ သိပ်များလာရင်တော့ Cramps ကြွက်တက်ရောဂါ၊ ရုတ်တရက်လေဖြတ်သလိုမျိုးတွေ ခံစားနိုင်စေပါတယ်တဲ့။ သံဓါတ် နဲ့ ကယ်စီယံဓါတ် နည်းတဲ့ သူတွေဆိုရင် ထိန်းထိန်းသိမ်းသိမ်း စားသင့်တယ်လို့လည်း အကြံပေးထားတာတွေဖတ်ရတယ်။
ချဉ်ပေါင်မှာလည်း သူ့မူရင်းရုက္ခဗေဒ နာမည်တွေဘာတွေတော့ ရှိမှာပါ။တချို့ အနောက် တိုင်းသား တွေကလည်း ကျွန်တော်တို့ ချက်စားနေတဲ့ ချဉ်ပေါင်ရွက်ကိုလည်း Burmese Sorrel လို့ ခေါ်သတဲ့။ ချက်စားရင်လည်း တကယ်ကို ချဉ်ပေါင်ရွက်အရသာပါပဲ။


ချက်ပြီး စားခါနီး ရိုက်ထားတဲ့ပုံပါ။ အင်း ဒီပို့စ်က နောက်ဆုံးပိုစ့်လည်း ဖြစ်သွားနိုင်တယ်။ အဟဲ။ (ကျေးဇူးပြု၍ ဘော်ဒါများ ၁၅ မိနစ်တခါ ဖုန်းခေါ်ပေးကြပါကုန်)

ကိုးကားချက်။ ။

1. ကိုယ်တိုင်ကွင်းဆင်းလေ့လာချက် (ဟီး ဟီး မသေသေးပါ)
2. http://www.2pflanzenfreunde.de/HP-Seiten/a-h/Bilder2/Wiesen%20Ampfer3a.htm
3. http://findarticles.com/p/articles/mi_m0FKA/is_6_68/ai_n16439949/
4. http://www.zauber-pflanzen.de/rumex.htm


25 comments:

လင်းကြယ်ဖြူ said...

ကောင်းတော့ကောင်မယ့်ပုံပဲ
စားကြည့်ချင်လိုက်တာ..

ကျောပိုးအိတ် said...

စားကောင်းမယ့်ပုံဘဲနော်။

အနောက်နိုင်ငံရောက်နေတဲ့ မြန်မာတွေ မြန်မာအစားအစာ တော်တော်သတိရမှာဘဲနော်။
း)

စားတာ ၁၅မိနစ်ကျော်သွားပုံဘဲ။ အခြေနေကောင်းတယ်ဟုတ်။ ဖုန်းမခေါ်ကြည့်တော့ဘူးနော်။
အဟဲ

မြူးလေးအိမ်ကနေ ခြေရာခံလာပါတယ်ရှင်
ခင်တဲ့
ကျောပိုးအိတ်

Anonymous said...

အရွက်ကို မမြင်ဖူးဘူး၊
မြိန်ရာဟင်းကောင်းပေါ့။ စားပါ၊စားပါ။

Unknown said...

သနားတယ်ဗျာ..... တကယ်....
ဟဲဟဲ..... ဒီမှာတော့ ချဉ်ပေါင်ရွက်က ပေါမှပေါ....
မြန်မာပြည်က မျိုးစေ့ယူလာပြီး
အိမ်မှာ စိုက်ထားလိုက်တယ်.... အေးရော....
အိမ်နားက ဈေးမှာ ဟင်းသီးဟင်းရွက် ရောင်းတဲ့ အဘိုးကြီး လင်မယားကိုတောင် မျိုးလက်ဆောင် ပေးလိုက်တာ သူတို့တောင် စိုက်ပြီး အဖြူတွေ၊ အမဲတွေကို ကြော်နည်း ပြောပြီး ရောင်းစားနေတာ အတော် အောင်မြင်လို့ ကျွန်တော်သွားရင် သူ့ဆိုင်က အသီးအရွက် ကြိုက်တာယူ Free..... :D :P

Unknown said...

အဲ.... ချဉ်ပေါင်မျိုး လိုချင်ရင်လဲပြောနော့်....

Mr.Pu said...

အိမ်မှာ Sauerampfer တခါစိုက်ထားဖူးတယ်.ဖြစ်တယ်..ချက်စားလို့ရတယ်။ ခုတော့ မစိုက်ဖြစ်တော့ဘူး။ တခါတလေ Supermarket တွေမှာ အရွက်တွေ ခြေပြီးဆားနဲ့နယ်ထားတဲ့ readymade ပုလင်းရှိတယ်။ ချက်ရလွယ်တာပေါ့။ ဆားကတော့ တော်တော်များလို့ ချဉ်ပေါင်ပျစ်ပျစ် ချက်ချင်ရင်ခက်တယ်။ ဒီပုလင်းမျိုး အခု မတွေ့တာ သုံးလေးနှစ် ရှိနေပြီ။

သားကြီး said...

ကျနော်လည်းမသိဘူးဗျ ဘယ်လိုခေါ်လဲလို့
တွေ့လည်းမတွေ့ဖူးဘူး
ဒီမှာတော့ချဉ်ပေါက်ရွက်ရှိတယ်ဗျ
နည်းနည်းတော့ရှားတယ်

Shinlay said...

ကောင်းလိုက်တာ.... ချဉ်ပေါင်ဟင်း တော့တခါတခါ
သတိရတယ်။ ဒီမှာ လုပ်မစားဖြစ်ဘူး။ Berlin က သူငယ်ချင်း က Sauerampfer ကတော်တော် တူတယ်လို့ ပြောတယ်။ ရန်ကုန်က ချဉ်ပေါင်စေ့ယူလာပြီး
စိုက်တာ မအောင်မြင်ဘူး။

khin oo may said...

နစ်သက်သွားပြီ. လာလာဖတ်မယ်နော်။

လပြည့်ရိပ် said...

ကျေးဇူ အထူးပဲသူငယ်ချင်းရေ....ဒီမှာ သူငယ်ချင်းတစ်ယောက်က Köln ကယူလာပြီးကတည်းက ဒီအရွက်ကိုတန်းတန်းစွဲနေတာ။ နာမည်ပဲသိပြီးတော့ ဈေးမှာ ရှာမရဖြစ်နေတယ်။ ခုလိုအရွက်ကိုသေချာပြလိုက်မှပဲ သွားရင်းလာရင်းဘေးဘီဝဲယာကိုမျက်စိကစားကြည့်ဦးမှ။ စကားမစပ် ဒီမှာ ဂျာမန်တွေမစားတဲ့ အရွက်တခုရှိတယ်။ အဲဒီအရွက်ကလမ်းဘေးမှာပဲ မြက်တွေနဲ့ ရောပေါက်တာ။ ဈေးကွက်မှာလည်းမရှိဘူး။ တရုတ်မှာ ကြက်ဥနဲ့ရောကြော်စားတာတဲ့။ တရုတ်သူငယ်ချင်းတယောက်ကြော်ကျွေးလို့သိရတာ။ တို့ဆီမှာ ကြက်ဟင်းခါးရွက်တို့၊ ခွေးတောက်ရွက်တို့ကိုကြက်ဥနဲ့ကြော်စားသလိုအရသာရတယ်။ ငါလည်းစားတုန်းက ခပ်လန့်လန့်ရယ်။ ဒါပေမဲ့ အရသာရှိတယ်။ အဲဒါလိုချင်ရင်ဘာပိုက်ဆံမှမလိုဘူး ၊ လမ်းသွားရင်းခူးလိုက်ရုံပဲ။

ဒါနဲ့ ...... မင်းချဉ်ပေါင်လျှော လျှောသွားပြီလား ။ လူ့ပြည်မှာရှိပါသေးရဲ့နှော်။ :)

nyimuyar said...

ရှာဖွေလေ တွေ့ ရှိလေ ပေါ့ဗျာ

ဂျာမုန်းဒန် said...

ဗျို့ဆရာကြီးဦးမင်းညိုရှင့်။
ကောင်းကောင်းမွန်မွန်အကောင်အထည်ဖော်ပြတာကျေးဇူးပါ။ တကယ့်ကိုလေးစားပါတယ်။ နာမည်ပေါင်းများစွာသိရလိုလေ။
တကယ်တော့ ဒီအရွက်ကိုအရင်မြည်းကြည့်တာက ဂျာမုန်းဒန်ပါ။ ကြောက်ကြောက်နဲ့ပေါ့။ တခြားအရွက်တွေဝါးမိလို့ အဲဒီညမှာခေါင်းတော့နည်းနည်းမူးနေသလိုပဲ။ ဂမ့်ရင်တော အမရင်ပေါ.။
အခုတော့စိတ်ချသွားပြီနော်။

မင်းညို said...

အစ်မ ဂျာရေ...
နိုဘယ်ဆုရရင်တော့ အစ်မကို ပေးမယ် အဟီး...။ ကျွန်တော်လည်း နောက်နေ့..ကြောက်ကြောက်နဲ့ ခူးချက်ပြီး မစားရဲသေးတာနဲ့ ဂူဂဲလ် မှာသေချာအောင်ထပ်ရှာတာ တွေ့သမျှ ကျန်တဲ့လူတွေအတွက်ဆိုပြီးမျှလိုက်တာ..။ အဟဲ..ခုထိတော့ မသေသေးဘူး..။

Thet Oo said...

ကျနော်တို့တော့ ဥရောပချဉ်ပေါင်ဆိုပြီး အုပ်နေတာ အတော်ကြာပေါ့။

MrDBA said...

ဥရောပမှာ ဗမာတွေ သွားနေရတာ တကယ်ကို ဗမာအစားအသောက် ခက်မှာဘဲနော်။ ကိုယ်ချင်းစာပါတယ်ဗျာ။ ကျွန်တော်တို့ စင်ကာပူမှာတော့ တော်တော်စုံစုံလင်လင်ရနေလို့တော်သေးပါရဲ့။ အဲဒါ အကွက်ဘဲဗျ။ ဗမာဆိုင်ဖွင့် ဗမာပစ္စည်းတွေရောင်း ဟေးဟေး။

Unknown said...

အမေကို အချဉ်ရွက် ရှာတဲ့ ဇာတ်လမ်း ဖတ်ပြတော့ နှစ်နှစ် ခြိုက်ခြိုက်ရီပြီး သဘောကျ နေလေရဲ့ဗျ။ အမကို ချီးကျူးနေလေရဲ့ ဘုမသိဘမသိ စားရဲလို့တဲ့......:D

မေသစ္စာမောင် said...

အိမ်နားကဈေး မလေး(Malay)ဆိုင်မှာတော့ ချဉ်ပေါင်ရောင်းတယ်။ အဲဒီ မလေးအမျိုးသမီးက သူ့ဆီမှာ ချဉ်ပေါင်လာဝယ်ကြတာ မြန်မာတွေကြီးပဲလို့ပြောတယ်။

စင်ကာပူမှာတော့ ချဉ်ပေါင်ရှားပေမယ့်
ဝယ်လို့ရသေးတော့ တော်သေးတာပေါ့နော်းP

Unknown said...

Ko Min Nyo,
A biological name(scientific name) for garden sorrel(common sorrel) is incorrect. It must be Rumex acetosa. Acetosa means vinegar and it derives from acetosus(Latin word). Rumex acetosella is another species of sorrel and you could compare them from google wiki.

မင်းညို said...

Thank you, ko sai.
You are right.

Anonymous said...

hey


just registered and put on my todo list


hopefully this is just what im looking for, looks like i have a lot to read.

Anonymous said...

Hi Folks!

I wanted to share with you a great site I just came across teaching [url=http://www.kravmagabootcamp.com][b]Krav Maga[/b][/url] Online If you guys have seen the Discovery Channel TV Show called Fight Quest you would have seen their chief instructor Ran Nakash there featured on their [url=http://www.kravmagabootcamp.com][b]Krav Maga[/b][/url] episode. Anyways, let me know what you think. Is training via the internet something you would do?


cheers

Ken

Anonymous said...

Curtsy out 1

Get started making magic silvery jewelry aside information how to wire wrap pretty wire. Wire wrapping techniques ordain furnish lessons in to you how to insist upon your own chains, remodel a unequalled loop (a unquestionably handy sop = 'principle operating forward' exchange recompense all jewelry designers), make your own jewelry findings, and do distinctive more jewelry crafting techniques.



Conclude from more: How to Gross Started Making [url=http://www.toboer.com/]Sterling Silver Jewelry[/url]|[url=http://www.toboer.com/]cubic zirconia jewelry[/url] [url=http://www.toboer.com/]Rhinestone jewelry[/url]

Anonymous said...

prinianix

[url=http://healthplusrx.com/sinusitis]sinusitis[/url] Humsookstox

Anonymous said...

Seotons - Entreprise de Creation site internet

Anonymous said...

I am here to assist get your web site off to an incredible commence. Do not be 1 of those that wished they'd completed it better the very first time, then consider on the job, and cost, of starting above. Your web site reflects that which you as well as your business or hobby are all about.

I am capable to offer low-cost, user-friendly, customized created web sites to get a vast assortment of firms, organizations and groups.Additionally, it should not price a lot of money to obtain you began. I will support manual you by means of the process and even alert you when i think you may be acquiring in above your head, or past your budget.

Listed below are some hight top quality solutions for a resonable price:

Front-End Development
Custom web site design
Affordable web site design
E-Commerce website design
Corporate Website Design
Innovative website design
Static Web Design
Website maintenance
Web site re-designs
SEO Services
Logo Design

Please look around the site for further information about the [url=http://www.adrianbotea.com]web designer[/url] services that I am able to offer and to see examples of websites that I have designed

--------------------------------

[url=http://www.adrianbotea.com/seo-services][img]http://www.adrianbotea.com/seo-moz.png[/img][/url]