Thursday, April 17, 2008

မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့

မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့ပါ

ဒီဘလော့ဂ်ကို လာလည်ကြတဲ့ သူငယ်ချင်းတွေရော

မအားလို့ လာမလည်နိုင်ကြတဲ့ သူငယ်ချင်းတွေရော

နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်နဲ့မွေ့ပျော်ပြီး နှစ်သစ်ကို ကူးနိုင်ကြပါစေ

မဟာဆန်ဒီနေ့ ဥပုသ်စောင့်ပါတယ်ရှင်

အားတဲ့ သူငယ်ချင်းတွေ ဥပုသ်စောင့်ဖို့ မမေ့နဲ့နော်

မအားတဲ့ သူငယ်ချင်းတွေလဲ ကိုးပါးသီလ မရတောင် ရသလောက်လေး သီလဆောက်တည်ကြဖို့

တိုက်တွန်းချင်ပါတယ်။

မြန်မာပြည် နဲ့အဝေးကို ရောက်နေကြတော့ ဒီနေ့ကို မေ့နေမှာစိုးလို့ပါ

မြန်မာပြည်မှာနေတုန်းကတော့ လူတိုင်း ဘုန်းကြီးကျောင်းသွားတာဆိုတော့ ပြောစရာမလိုဘူးလေ

မဟာဆန်တို့အိမ်မှာ နှစ်ဆန်းတစ်ရက်နေ့ဆိုရင် တစ်အိမ်လုံး ဘုန်းကြီးကျောင်းသွား၊ တစ်အိမ်လုံး ဥပုသ်စောင့်ကြတယ်

အို…. ပြောရင်းနဲ့ သတိရလာပြီ…..ပြောတော့ဘူး

လွမ်းရင် သီလညှိုးမှာစိုးလို့

No comments: