Wednesday, April 9, 2008

ဘုရားဂုဏ်တော် (၉)ပါး

၁) အရဟံ ။ လူနတ်ဗြဟ္မာ သတ္တ၀ါ အပေါင်းတို့၏ ပူဇော် အထူးကို ခံတော်မူ

ထိုက်သော မြတ်စွာဘုရား။

၂) သမ္မာသမ္ဗုဒ္ဓေါ အလုံးစုံသော တရားအပေါင်းကို ကောင်းစွာသိမြင်တော်မူသော

မြတ်စွာဘုရား။

၃) ၀ိဇ္ဇ္ဇာစရဏ သမ္ပန္နော ၀ိဇ္ဇာ ရှစ်ပါး စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော

မြတ်စွာဘုရား။

၎) သုဂတော ကောင်းသော စကားကိုသာ ဆိုတော်မူတတ်သော

မြတ်စွာဘုရား။

၅) လောက၀ိဓူ လောကသုံးပါး၌ အလုံးစုံကိုသိမြင်တော်မူသောမြတ်စွာဘုရား။

၆) အနုတ္တရော ပုရိသ ဓမ္မသာရထိအတုမရှိသော ယောက်ျားမြတ်ဖြစ်၍ မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

၇) သတ္တာဒေ၀ မနုဿာနံလူနတ်ဗြဟ္မာသတ္တ၀ါတို့ ၏ ကိုးကွယ်အားထားရာ ဆရာဖြစ်သော မြတ်စွာဘုရား။

၈) ဗုဒ္ဓေါသစ္စာလေးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား။

၉) ဘဂ၀ါဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

1 comment:

Unknown said...

"ဘုရား၊ တရား၊ သံဃာ ဂုဏ်တော် များ ကို "မောင် နဲ့မယ်" ကဲ့သို့ ကိုယ်ပိုင် ရေးဖွဲ့ ပူဇော် နိုင် ပါက တန်ဖိုးထား ဖတ်ရှု လိုပါကြောင်း အသိပေး ပန်ကြား ပါ သည်။