Monday, May 18, 2009

ဘယ်လင်း (Berlin) သို့တစ်ခေါက်

သူငယ်ချင်းနှစ်ယောက်ကို လက်စားချေတဲ့ အနေနဲ့ ၂ နှစ်ကျော်နေထိုင်လာပြီးဖြစ်ပေမယ့် တစ်ခေါက်မျှမရောက်ဖူးသော မြို့တော် Berlin ကို ခြေဆန့်ခဲ့ပါတယ်။ စရိတ်စက အကုန်သက်သာစေဖို့ အွန်လိုင်းမှာ ခရီးသွားဖော် (mitfahr) ရှာပြီးသွားရပါတယ်။ အပြန်ခရီးအတွက်လည်း လိုက်မယ့်သူရှိရင် ဆက်သွယ်ပါဆိုပြီး အွန်လိုင်းမှာကြေငြာထားခဲ့တာ ခရီးသွားဖော်တစ်ချို့ ရခဲ့တယ်။ ၂ ည အိပ် ၃ ရက်ခရီးပြောလို့ရတယ်။ သောကြာနေ့ည ထွက်ပြီး တနင်္ဂနွေနေ့ ပြန်ပေါ့။ ရောက်ခဲ့တဲ့ နေရာတွေထဲမှာ မှတ်မှတ်ရရရှိတာကတော့ ဘုရားကျောင်း၊ ပါလီမန်၊ ဘယ်လင်း တံတိုင်း နဲ့ ဂိတ်၊ နောက် မြို့ထဲလျှောက်ကြည့်ပေါ့။

ဂျူးသင်္ချိုင်းသို့အ၀င်


ဂျူးသင်္ချိုင်းအထိမ်းအမှတ် မညီမညာ အုတ်ဂူငယ်များစွာ၊ သင်္ချိုင်းအောက်တွင် အထိမ်းအမှတ်ပြတိုက်ရှိသည်။

မညီမညာ ယိုင်နဲ့သော အုတ်ဂူများက ရုတ်တရက် လဲပြိုကျလာတော့မလို ၀င်ရောက်လာသူကို စိတ်ကျဉ်းကြပ်ညှိုးငယ်မှုကို ခံစားစေသယောင်။


သင်္ချိုင်းအောက် မြေအောက် ပြတိုက်အ၀င်ဝ နံရံမှ စာ။

ပြတိုက်တွင်းမှ ရိုက်ကူးထားမိခဲ့သော တစ်ချို့ပုံများ။ နောက်ပိုင်း ပြတိုက်တစ်ခုလုံး မရိုက်နိုင်တော့သဖြင့် Materials on the memorial to the murdered jews of europe ဆိုသည့် ပြတိုက်ရှိ ကျွန်တော်လိုချင်သောပုံနှင့်ပုံများ ပါသည့် စာအုပ်သာဝယ်ပြန်ခဲ့ရသည်။



ဘယ်လင်း (Berlin) မြို့လယ် တစ်နေရာရှိ ခရီးသွားလမ်းညွှန်


အင်ဂျလာမာကယ်၏ ရုံး


လာရောက်လည်ပတ်သူတို့နှင့် မပြတ်စည်ကားနေသည့် ပါလီမန် အဆောက်အအုံ



ပါလီမန်ရှေ့ ဂျာမန်သီချင်းကို အားပါးတရ သီဆိုနေသော အဖွဲ့




ဘယ်လင်း (Berlin) ဂိတ် အနောက်ဖက်ခြမ်းမှ မြင်ကွင်း



အရှေ့နှင့် အနောက်ဂျာမနီ စစ်သားဝတ်စုံ ၀တ်ဆင်ထားသူများနှင့် ဓါတ်ပုံတွဲရိုက်နေသူများ

အရှေ့ အနောက်ကွဲစဉ်က ဗီဇာကို ပြန်လည် ပုံဖော်၍ အမှတ်တရထုတ်ပေးနေသူ

ဘယ်လင်း တာဝါ (Berlin Tower)









Berlin Tower ထဲမှ ကမ္ဘာတလွှားရှိ တာဝါများ နှိုင်းယှဉ်ပြပုံများ









ဘယ်လင်းမြို့လယ် ရှိ ကမ္ဘာပေါ်ရှိမြို့ကြီးများ ၏ စံတော်ချိန်ပြ နာရီ



Type the rest of your post here.

1 comment:

khin oo may said...

မျဝေတာကျေးဇူး