Saturday, May 23, 2009

ရေကူးသူများ သတိ၊ ရှူရှူမပေါက်ရ။

TClausthal ရေကူးကန် မှာ ၁၀ ကြိမ် ခွင့်ြ့ပုတဲ့ ကဒ်လေး ၀ယ်ပြီးနောက်ပိုင်း တစ်ပတ်ကို သုံးလေးကြိမ်လောက် ရေကူးဖြစ်ပါတယ်။ ဒီနေ့ CNN သတင်းတိုလေး ဖတ်မိလို့ အငြိမ်မနေနိုင်ပဲ ဒီအကြောင်း ရေကူးဖော်တွေကို အီးမေးလ် လှမ်းရေးရင်းနဲ့ ဘလော့ဂ်ပေါ်ရောက်လာတယ်ဆိုပါတော့။

ရေကူးရင်း ရှူရှူ မပေါက်ကြဖို့ အကြောင်းပါ။ ရေကန်ထဲက ရှူရှူက အရေးပေါ်ကုသမှု အခြေအနေထိ ဆိုးမသွားစေနိုင်ပေမယ့် အသက်ရှူလမ်းကြောင်းတွေ၊ အမြင်အာရုံ နဲ့ လည်ချောင်းယားယံချောင်းဆိုးမှုကို ဖြစ်စေနိုင်ပါသတဲ့။ အမေရိကန် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာနက သတင်းပါ။

လူတစ်ထောင်ကို စုံစမ်းတဲ့ အခါ ၁၇ ရာနှုန်းက မထိန်းချုပ်မိခင်မှာပဲ အလိုအလျောက် ပေါက်ချမိပါတယ်လို့ ၀န်ခံသတဲ့။ အိုလံပစ် ချန်ပီယံ ရွှေတံဆိပ် ၁၄ ခု ဆုရှင် မိုက်ကယ် ဖဲလ် ကို တီဗွီအင်တာဗျူးမှာ မင်း ရေကူးကန်ထဲ ရှူရှူပေါက်တယ် မဟုတ်လားလို့ မေးတဲ့အခါ ပေါက်ပါတယ်လို့ ၀န်ခံသတဲ့။ တခါ ဘယ်နိုင်ငံသားတွေက အပေါက်အများဆုံးဖြစ်မယ် ထင်လဲလို့မေးတဲ့ အခါ အမေရိကန်တွေထင်တယ်လို့ ပြောသတဲ့။

အရွယ်ရောက်ပြီး ရေကူးသူ ငါးယောက်မှာ တစ်ယောက်က တော့ အနည်းဆုံး ရေထဲမှာ ရှူရှူပေါက်ချသတဲ့။ အင်း ကျွန်တော်တို့ ၅ ယောက်သွားတဲ့ နေ့ဆို သတိထားမှ။ (သေချာတာတော့ ကျွန်တော် ရေမကူးခင် ရေကူးကန် Toilet ကို အရင်ဝင်ပါတယ။် ကိုယ့်ကိုကိုယ် ကာကွယ်ထားအုံးမှ အဟီး။) ရေကူးကန် မှာ Toilet မ၀င်ဖူးတဲ့ သူဆိုရင် သေချာသလောက်ပဲ ရှူရှူပေါက်ချမှာ၊ kmz ကတော့ တစ်ခါမှ ၀င်တာမတွေ့ဖူးဘူး။ (ခင်ဗျား လာဖတ်မယ်ဆိုတာသိလို့ ရေးထားတာ)။ ကဲ ကျန်တဲ့ ဘော်ဘော် တွေလည်း သတိထား၊ ကျွန်တော် စောင့်ကြည့်နေတယ်။

ကျွန်တော်တို့ သွားလေ့ရှိတဲ့ ရေကူးကန်က ဆေးနံ့သိပ်နံပါတယ်။ ကလိုရင်း ခပ်ထားလို့ ဖြစ်တယ်လို့ အဲဒီသတင်းအရသိရတယ်။ ရေကူးသူတွေမှာ ချောင်းဆိုးခြင်း မျက်လုံးနီခြင်းဖြစ်တာဟာ အဲဒီဆေးတွေကြောင့်လည်း ဖြစ်နိုင်တယ် လို့ဆိုပါတယ်။ ရေကူးသူတွေက ထွက်တဲ့ ချွေးတွေနဲ့ ရှူရှူတွေက ကလိုရင်းနဲ့ ပေါင်းသွားတဲ့အခါ အဲဒီလိုမျိုး အနံဆိုး ထွက်ပြီး စောစောက ပြောထားတာတွေ ဖြစ်တော့တာပါပဲတဲ့။ အီး...သွားပါပြီ။ တစ်ခါသွားကူးရင် ၃ ခါလောက်တော့ အနည်းဆုံး မြိုချမိတာပဲ။

ပြောရရင်တော့ ရေကူးချင်စိတ်တောင်ရှိတော့မှာမဟုတ်လို့ ဒီနေရာတင်ပဲ ရပ်လိုက်ပါတယ်။ ရေကူးကန်ကို သွားရင် ရှိသင့်တဲ့ အက်တီကက်တွေကတော့

-၀မ်းလျှောနေရင် မသွားသင့်ပါဘူးတဲ့
-ရေကူးကန်ရေကို မျိုမချပါနဲ့ တဲ့
-မကူးခင်ရေချိုးပါ
-Toilet ၀င်ပြီးရင် လက်ဆေးပါ (စပ်မိလို့ ပြောရရင် အမေရိကန် တွေရဲ့ ၃၅ ရာနှုန်းက အိမ်သာသုံးပြီး လက်ရေဆေးလေ့မရှိဘူးလို့ mosaic မှာ ဖတ်ဖူးတယ်)

တစုံတစ်ယောက်ဟာ ရေကူးကန်မှာ အဲဒီလူကိုယ်ကထွက်တဲ့ အညစ်အကြေးတွေ ပါနေတဲ့ ရေကို နည်းနည်း သောက်မိတာနဲ့ ဖျားနာနိုင်တယ်လို့ သိရတယ်။ ရေကန်သန့်မသန့်ကို အောက်ပါကဲ့သို့ စမ်းသပ်ကြည်နိုင်ပါသတဲ.။

- ကြည် မကြည်ကို အမြင်ဖြင့် ဆုံးဖြတ်ပါတဲ့
- ရေစုပ်စက်တွေ ရေစစ်တွေဟာ အသံမြည်တတ်တဲ့ ပစ္စည်းတွေမို့လို့ သူတို့ အသံကို ကြားမကြား
နားထောင်ပါတဲ့ မကြားရင်တော့ အလုပ်မလုပ်ဖူးပေါ့။ (ဒါပေမယ့် Clausthal ရေကူးကန်မှာ ဆူညံသံ မကြားရပေမယ့် ရေကူးကန် နံရံမှာ ရေတွေတိုးဝင်နေတာကို ခံစားရပါတယ်။)
- ရေကူးကန် နံရံကို ခံစားကြည့်ပါတဲ့ ပြောင်ချော နေရင် ဒါမှမဟုတ် စေးကပ်နေရင် မကောင်းပါဘူး။
- အနံ့ပြင်းလွန်းရင် သတိထားတဲ့ဗျ။ သင့်တင့်လျောက်ပတ်စွာ ဆေးသုံးထားတယ်ဆိုရင် သိပ်မနံပါဘူးတဲ့။ (ဒီတစ်ခုတော့ Clausthal ရေကန်နဲ့ ငြိတယ်)။

(ဒီပို့စ်လေးက Clausthal-Swimmer များကို အဓိက သတိပေးလိုရင်းပါ....အဟီး)

အချိန်ကောင်းကောင်းမရလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ ဆက်ဖတ်ချင်တယ်ဆိုရင်တော့။

Ref:
-http://www.cdc.gov/healthyswimming/general_pub.htm
-www.cnn.com

No comments: