Sunday, October 19, 2008

ဖေဖေသင်ပေးခဲ့သော(၁)

သဒ္ဓါကြည်လင် ဖြူစင်သီလ

သုတပြည့်လျှမ်း လှူဒါန်းစာဂ

ပညာဥာဏ်ကောင်း ဆုတောင်းပတ္ထနာ

ဤခြောက်ဖြာကြောင့်

လိုရာပြည့်ဝ ရနိုင်ကြသည်

ဗုဒ္ဓဒေသနာ ထင်လင်းတည်း။



ငယ်ငယ်က ဖေဖေ နှုတ်တိုက်သင်ပေးခဲ့သော ကဗျာလေးတစ်ပုဒ်ပါ။

ဘာသာရေးစာအုပ်တစ်အုပ်ထဲက ကဗျာလေးဖြစ်ပါလိမ့်မယ်။

ဖေဖေက အဲလိုပဲ ရွတ်ဆိုလို့ကောင်းတဲ့ ကဗျာလေးတွေ အဆိုသင်ရင်း အဓိပ္ပာယ်လေးတွေ ရှင်းပြပြီး

ပျော်စရာကောင်းအောင် ဆုံးမစကားလေးတွေ ပြောတတ်ပါတယ်။

ငယ်ငယ်တုန်းကတော့ ဆိုလို့ကောင်းလို့ အပျော်ဆိုနေခဲ့တာပါ။ အဓိပ္ပာယ်ဆိုတာလည်း ကျောင်းမှာ

ကဗျာစကားပြေပြန်အလွတ်ကျက်ရသလိုပဲ….. စကားလုံး အနေနှင့်သာနားလည်ခဲ့တာ…..ခံစားသိနှင့် နားမလည်ခဲ့ပါဘူး….

ခု…ကြီးလာတော့မှ ….သိပ်မှန်တဲ့ ကဗျာလေးပဲ….ဆိုလိုရင်းကို ရှင်းရှင်းလေးနဲ့ သိစေတဲ့ ကဗျာလေးပဲလို့ သိလာပါတယ်….

ဖေဖေသင်ပေးခဲ့တဲ့ ကဗျာလေးတွေက အဲလိုပဲ (ဘုရားစာ နှုတ်တိုက်ရနေသလိုမျိုး) နှုတ်တိုက် ရနေတာလေးတွေပါ……

စောစာက ဘုရားရှိခိုးရင်း သတိရလာလို့ ရေးလိုက်တာပါ….

No comments: