Wednesday, June 25, 2008

ဒံပေါက်

လာလည်ကြတဲ့သူငယ်ချင်းတွေကို ဒံပေါက် ကျွေးမယ်နော်။ သူငယ်ချင်းစုံတွဲက baby လေး သန္ဓေတည်လို့ အထိမ်းအမှတ်အဖြစ် ဒံပေါက်ချက်ကျွေးတာပါ။ မဟာဆန်ကတော့ တကူးတကကို ၅နာရီလောက် ရထားစီးပြီး ကလေးလေးကျွေးတဲ့ ဒံပေါက်ကို သွားစားတယ်လေ။ မင်းညိုနေတဲ့မြို့ပေါ့။ Clausthal တဲ့။ ရောက်ရောက်ချင်း သူ့ဌာနကို ခေါ်သွားပြီး အတင်း ဓါတ်ပုံရိုက်ခိုင်းတယ်လေ။ အဲဒါ သူနေ့တိုင်းသွားငိုနေရတဲ့ ဌာနပေါ့……

ပြီးတော့မှ အစ်ကိုနဲ့အစ်မတို့အိမ်ကို စားဖို့ သောက်ဖို့ အုပ်စုလိုက် ချီတက်ကြတယ်။ ဘေဘီလေးရှိနေတဲ့ အစ်မကြီးက ကိုယ်တိုင်ချက်ကျွေးတာနော်။

ဒီလိုချက်ထားတယ်။



ဒါက ကြက်သားစွန်တန်ဟင်းချို

ကဲ….ဒန်ပေါက်ရပြီ..

စားပွဲပေါ်မှာ ပြင်လိုက်မယ်နော်




ကြက်မြစ်ကြက်သည်းနဲ့ ကြက်သားနဲ့ ဟင်းနှစ်ခွက်ချက်ထားတယ်။ ထည့်စားနော်။ ဒန်ပေါက်က ကြက်မြစ်ကြက်သည်းနဲ့ ပိုစားကောင်းတယ်။ အအီပြေအောင် သခွားသီးအချဉ်သုပ်လေးနဲ့စား။ ပဲနီလေးပြုတ်ကို ခရမ်းချဉ်သီးနဲ့ အရွက်မျိုးစုံထည့်ပြီး ချဉ်ချဉ်လေး သုပ်ထားတယ်။ စွန်တန် ဟင်းချိုလေးရောသောက်နော်။ ကြိုက်တတ်ရင် ကြက်သွန်ဖြူကြော်လေးဖြူးစား။ ပိုစားကောင်းတယ်။ သခွားသီးစိတ်လေးတွေက ချိုဆိမ့်လေး..တို့စားဦးနော်။ အရမ်းစားလို့ကောင်းတယ်။ သူငယ်ချင်းတွေ အားရပါးရ စားကြနော်။ မီးဖိုထဲမှာ ဒံပေါက် နောက်တစ်အိုး ရှိသေးတယ်။ ကျော့ရေ အားမနာတမ်း ထည့်စားနော်။

3 comments:

Unknown said...

မဟာဆန်ရေ

ကောင်းလိုက်တာ။တကယ်ကိုအဝစားသွားတယ်နော်။
ဗန်းထဲကဒန်ပေါက်တွေတော့ကုန်လုနီးပါးပဲမဟာဆန်ရေ
မီးဖိုထဲမှာနောက်တအိုးကျန်သေးတယ် ဟုတ်။
အိမ်ကိုကောဘူးနဲ့မထည့်ပေးဘူးလားဟင်။
စားကောင်းလို့ တောင်းတာပါ။။
ဒန်ပေါက်အရောင်လေးကလှလိုက်တာ။

စာရေးကောင်းတဲ့မဟာဆန်ပါပဲကွယ်။
တကယ်ကိုစားစရာတွေကိုစားချင်လာအောင်ရေးတတ်လိုက်တာ။
တို့ကလဲအစားကြိုက်တဲ့သူဆိုတော့
အားလုံးစုံအောင်ထည့်စားသွားတယ်နော်။
ကျေးဇူးတင်ပါတယ်။
နောက်တမျိုးချက်ရင်လဲကျွေးအုံးနော်။လာစားမယ်။

ကျော့လေးသွယ်

မဟာဆန် said...

ကျော့ရေ
အိမ်ကိုလည်း ထည့်ပေးပါတယ်
ချိုင့်ပါလား..မပါရင်လည်း အိမ်ကချိုင့်နဲ့ထည့်ပေးလိုက်မယ်လေ..
နောက်တစ်ခေါက် အလည်လာတော့ ပြန်ယူလာပေါ့
အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲဟင်..အားလုံးအတွက် ထည့်ပေးလိုက်မလို့ပါ (ဘယ်နှစ်ယောက်ရှိလဲလို့ အစ်တာ..ဟီးဟီး)..

Unknown said...

မဟာဆန်ရေ

ချစ်စရာကောင်းလိုက်တဲ့....မဟာဆန်ပါပဲကွယ်။

အိမ်ကိုထည့်ပေးမယ်ဆိုတော့ပျော်လိုက်တာ။
အိမ်ကတစ်ယောက်ကလဲသူမစားရလို့
ဂျီကျနေတာနဲ့အတော်ပဲ။
ဒီတခါတော့ချိုင့်မပါလို့မဟာဆန်ဆီကချိုင့်နဲ့ယူသွားမယ်နော်။

ကြေးအိုးစားဖို့လည်လည်လာမှချိုင့်ပြန်ယူခဲ့မယ်နော်။
အိမ်ကချိုင့်လဲယူခဲ့မယ်နော်-အပြန်ကျရင်ကြေးအိုးထည့်သွားဖို့လေ။
ထည့်ပေးမယ်....ဟုတ်။ဟီဟိ...တို့ကအစားဆိုလာခဲ့ပဲ။

နှစ်ယောက်စာများများထည့်ပေးနော်။

ကျော့လေးသွယ်