Sunday, April 20, 2008

Hamburg က လယ်စရာလေးတွေ

ဟိုတစ်နေ့က သူငယ်ချင်းက ဖုန်းဆက်တယ်
“ငါ နင့်ဆီ လာလယ်မလို့။ လယ်ရမဲ့နေရာတွေ လိုက်ပို့ဟာ”
“ဟောတော့် ငါလဲ ကျောင်းနဲ့အိမ်ကူးနေတာ ဘယ်မှလျှောက်မသွားဖြစ်ဘူး ၊ ဈေးဝယ်လောက်ပဲ သွားဖြစ်တာ“
“နင်ကလဲ နင်မှ မသိရင် ငါ ဘယ်လိုလုပ် လယ်ရမှာလဲ“
………. အဲလို လာလယ်မဲ့ သူငယ်ချင်း စိတ်ပျက်သွားအောင် ညံ့ဖျင်းတဲ့ မဟာဆန်ပါကွယ်
ကဲ…… မဟာဆန်တော်ကြောင်း ပြရတာပေါ့…..
Hamburg ဆိုတာ နာမည်ကြီး မြို့ပါကွယ့် လည်စရာတွေ တပုံတပင်ပါ
ဂျာမနီမှာ ဒုတိယ အကြီးဆုံးမြို့……
တစ်နိုင်ငံလုံးမှာ ပြည်နယ် ၁၆ ခုရှိတဲ့ အထဲက Hamburg state ပါတဲ့ရှင်။
မြို့က ဘယ်လောက်ကြီးသလဲဆိုတော့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားလောက်အောင် ကြီးပါ့ရှင်….ဟဲဟဲ…. ကြွားလို့တော့ ပြီးပြီ။
ဟောဒီမှာ ခြေစင်္ကြာ ဖြန့်ဖို့……



အရင်ဆုံး နာမည်ကြီး Hamburg ဆိပ်ကမ်းပါရှင်…. ဥရောပမှာ ဒုတိယအကြီးဆုံး ဆိပ်ကမ်းပါ။ ပင်လယ်ကူး သင်္ဘောကြီးတွေ၊ အပျော်စီး သင်္ဘောလေးတွေ၊ entertainment မျိုးစုံ တစုတစည်းတည်းရှိပါတယ်။ ၂၄နာရီ အပြည့် နေရာမထပ်အောင် လယ်လို့ရပါသတဲ့ရှင်။


ဒီလို မြို့ပတ်သင်္ဘောလေးတွေ စီးနိုင်ပါတယ် မနက်ခင်း ပင်လယ်လေရှူရှိုက်ပြီး breakfast စားမယ်၊ နေ့လည်လောက်ကျ သင်္ဘောနဲ့ မြို့ပတ်မယ်၊ မွန်းတည့်ကျော်တော့ ဆိပ်ကမ်းက လမ်းဘေးဆိုင်လေးမှာ ၀ါးတီးမယ်။ (save cost) ။ အင်း စားပြီးရင်တော့ နေရာမလပ် ဓါတ်ပုံရိုက်ကြမယ်။ ယောက်ျားလေးတွေဆိုရင်တော့ ညလုံးပေါက် လယ်လို့ရပါသတဲ့။

Hamburg ဆိပ်ကမ်းရဲ့ မွေးနေ့ပွဲ ကျင်းပတုန်းက ပုံလေးပါ။ သူကလည်း မွေးနေ့ရှိတယ်နော်



ဟောဒါကတော့ Hamburg မြို့ရဲ့ အသည်းကျော် “ငါးဈေး“ ပါ။



ဂျာမနီနိုင်ငံရဲ့ ဆိုင်အားလုံး ပိတ်တဲ့ တနင်္ဂနွေနေ့ တစ်ရက်တည်းဖွင့်လို့ နာမည်ကြီးတာပါရှင်။ ထူးခြားချက်ကတော့ လတ်ဆတ်တဲ့ ပင်လယ်စာတွေ ရောင်းပါတယ်။ ဒီနိုင်ငံမှာက သားငါး လတ်လတ်ဆတ်ဆတ် ဆိုတာ ရှိမှ မရှိဘဲကိုး။ ကျွန်မလည်း အစကတော့ သတိမထားမိပါဘူး။ မြန်မာပြည်မှာလိုပဲ တူတူ သားငါးပဲ ထင်နေတာ။ ကြာလာတော့မှ အရသာမရှိ ပေါ့ပျက်ပျက်ကြီးဆိုတာ သိသာလာတယ်။ ရေခဲရိုက်တွေကိုး။ အဲဒီတော့မှ ထို Fischmarkt (ငါးဈေး) ကြီး ကို သတိထားလာမိတော့တယ်။ ငါးဈေးခေါ်ပေမဲ့ ပစ္စည်းမျိုးစုံ ရှိပါတယ်တဲ့….

ဟောဒါကတော့ park တွေ အများကြီး ရှိတဲ့အထဲက botany ကျောင်းသားတွေအတွက် အဓိကရည်ရွယ်ပြီး အပန်းဖြေခွင့်လဲ ရအောင် စီစဉ်ပေးထားတဲ့ (၀င်ကြေး free) “Planten un Blomen“ park ပါ။


အဲလို ဖျော်ဖြေမှုလေးတွေက အလကား ထိုင်ကြည့်နိုင်ပါတယ်။

နွေရာသီမှာ အထူးလုပ်ပေးတဲ့ “light concert“ ပါ….နွေညတွေရဲ့ ညပိုင်း ၈နာရီကစပြီး ခံစားနိုင်ပါတယ်

ကဲ…..လာလယ်ချင်တဲ့သူတွေ လာလို့ရပြီ။ အကုန်လိုက်ပို့မယ်။ € သာ များများ သယ်ခဲ့ပေတော့။

2 comments:

မင်းညို said...
This comment has been removed by the author.
မင်းညို said...

မင်းတင်တဲ့ post ကြောင့် ငါတကယ် လည်ချင်သွားပြီ ဒါပေမယ့် ပိုက်ဆံမရှိဘူး၊ post တင်တဲ့ သူမှာ တာဝန် လုံးလုံး ရှိတယ် ဟီးဟီး