စံပယ်ဖြူသင်း
ရွက်လှခင်း
အဆင်းတင့်တယ် အိမ်ရှေ့ဝယ်။
ကံ့ကော်ပင်မြင့်
ငွားစွင့်စွင့်
ခရေပွင့်ငယ် ကြူမွှေးတယ်။
စကားဝါသွေး
လေပြေလေး
ပျံ့အေးနုနယ် လှိုင်သေးတယ်။
နှင်းဆီမာလာ
ပိတောက်ဝါ
ဘယ်မှာမြူးသွယ် စဉ်တင့်တယ်။
အေးမြကြည်သာ
ကန်ရေပြာ
ရွှေကြာပွင့်ရယ် လှလွန်းကြွယ်။
သရက်ပင်ပျို
သီးမခို
အေးချိုပေါကြွယ် နောက်ဖေးမယ်။
ချဉ်ပေါင်ငရုတ်
ဗူးတစ်အုပ်
တစ်ဆုပ်ခူးကွယ် ခုစားမယ်။
ခြံထွက်သီးနှံ
ပြည့်စုံလျှံ၍
ပန်းမာလ်တင့်စေ
ငါတို့်မြေ၌
သားတွေရွှင်မြူး
သမီးဦး
ကြည်နူးပျော်ဖွယ် မောင်နှင့်မယ်။
april 2018
-
ဟို တုံး ကလို ဘယ် သူ့ မျက် နှာ မှ မကြည့် ဘဲ စိတ ကူး ပေါက် ရာ သွာ ချင် စိတ်
လေး တွေ ပေါ် လာ တာယ် 24 hour duty အထွကို တ့ ပက် ပန်ူး တာ တေ့ လဲ အမှန်
အိမ်ြ...
3 days ago
2 comments:
မရေးးးးးးးးးးးးးးးးးးးးးးးး
မြူးလေးကဗျာလာဖတ်တယ်
ကောင်းတယ်သိလား
တချို့ နေရာတွေနားမည်ဖူးရယ်
ဖတ်သွားတယ်နော်းးးးးးးးးးးးးမ
ချစ်တဲ့ညီမလေး
မြူးလေး
အမရေ.. ဒီကဗျာလေးကို ကြိုက်တယ်..အေးအေးလေးနဲ့.. လှတယ်.. တကယ့်ကို ဘောင်ထဲက ကဗျာလေးပဲ.. ဒီနောက်ပိုင်းမှာ မော်ဒန်ကဗျာတွေပဲ ဖတ်နေရလို့ ဒီလိုလေးတွေ ဖတ်ရတာ တကယ်ကို အမောပြေတယ်.. ကျေးဇူးပါအမ..း)
Post a Comment