Wednesday, October 22, 2008

စာအုပ်ဒေါင်းလုပ် ဘလော့ဂ်များလမ်းညွှန်

မကြာခင်ရက်ပိုင်းလေး အတွင်းမှာပဲ လိုချင်တဲ့ စာအုပ်တစ်အုပ်ကို အသည်းအသန် လိုက်ရှာရင်းနဲ့ စာအုပ်မျိုးစုံ ရနိုင်တဲ့ Blog တစ်ခုကို သွားတွေ့ပါတယ်။..

Blogger တွေဆိုတာလည်း သူ့အသိုင်းအ၀ိုင်းနဲ့ သူဆိုတော့ သူ recommend ပေးရာ သူနဲ့ ဆက်ဆိုင်သူတွေ လိုက်ကြည့်ရင်းနဲ့ သုံးလေးရက်လောက် စာမဖတ်နိုင်တော့ပဲ့ သူတို့ဆီက စာအုပ်တွေ ဆွဲချနေမိတော့တယ်။..

ကျွန်တော့် လိုချင်တဲ့ ဘာသာရပ်ဆိုင်ရာစာအုပ်ကလည်း ၈၂ ဒေါ်လာဆိုတော့ မ၀ယ်နိုင်ဘူးပေါ့ဗျာ။ ငှားဖတ်တုန်းကလည်း Scan ဖတ်ထားရင် ကောင်းမလား တွေးမိသေးတယ်။ လိုရင်းပြောရရင်တွေ့တယ် ပေါ့ဗျာ။

Rapidshare မှာရှိတဲ့စာအုပ်တွေအတွက်တော့ rapid share search engine သုံးပြီး ရှာရင် လည်း Free downloader တွေအတွက် အတန်အသင့် အဆင်ပြေပါတယ်။ ….Rapidshare မှာ Premium account ၀ယ်ထားသူတွေ အတွက်တော့ ဒါက သိပ်ဝမ်းသာစရာ သတင်းတော့မဟုတ်ပါဘူး။ မြန်မာပြည်မှာရှိတဲ့ စာအုပ်စုတာဝါသနာပါပြီး ကျွန်တော့်လို Free download သမားတွေ အတွက် ရည်ရွယ်ပြီး နတ်လမ်းညွှန်လုပ်ပါရစေ။

လိုက်ရှာရင်း မထင်မှတ်ပဲ Blog ၆ခု တွေ့တယ်ခင်ဗျ။

၁) http://jaybeerezone.blogspot.com

၂) http://freefilesdownload.blogspot.com/

၃) http://www.deadzoners.info

၎) http://e-booklovers.blogspot.com

၅) http://books-of-knowledge.blogspot.com

၆) http://collection-of-dictionaries.blogspot.com

စာအုပ်တွေကတော့ သွားရည်ယိုစရာချည်းပဲခင်ဗျ။

အားလုံးစာအုပ်ပေါင်း ၅၀၀ အထက်မှာရှိမယ်ထင်တာပဲ။ အင်္ဂလိပ်စာလိုက်စားလိုသူတွေအတွက် TOFEL IELT Audiobooks၊ စွယ်စုံကျမ်း မျိုးစုံ၊ ကလေးစာအုပ်များ၊ အရွယ်ရောက်ပြီးသူများအတွက်စာအုပ်များ၊ လစဉ်ထုတ် တိုင်းမ် မဂ္ဂဇင်းများ၊ကျန်းမာရေး စာအုပ်မျိုးစုံ၊ သင်္ချာ စွယ်စုံကျမ်းများ၊ နည်းပညာစာအုပ်များ၊ စုံလို့ စုံလို့ပါပဲ။ သွားသာ ကြည့်ကြပေရော့။

စာအုပ်စုတာ ၀ါသနာပါတဲ့ ကျွန်တော့်အတွက် အဲဒီဘလော့ဂ်တွေကနေ ပြီး ကျွန်တော် တော်တော်နှင့် ပြန်မထွက်နိုင်ခဲ့ပါဘူး။ Rapidshare Premium Account မရှိဘူးဆိုရင်တော့ စိတ်ရှည်ရှည်နဲ့သာ ဆွဲချပါ အဆင်ပြေပါလိမ့်မယ်။

စာအုပ်တစ်အုပ်အတွက် အနည်းဆုံး နှစ်နေရာမှာ တင်ပေးထားတော့ တစ်ခုမရ တစ်ခုပေါ့ဗျာ။ Rapidshare ဆို Mirror 1 အဖြစ်တင်ပေးပြီး mediafire လင့်ခ်ဆိုရင် Mirror 3 ဖြစ်တာများပါတယ်။

No comments: