Tuesday, September 25, 2018

ခေတ်သစ် သင်ပုန်းကြီး ကိုလေ့လာခြင်း

Blog ရေးတာတချိန်က ခက်ခဲခဲ့ပေမယ့် အခုတော့လွယ်သွားပြီ။ html, CSS,JAVASCRIPT, PHP, DATABASE စတဲ့ Net Programming Language  တွေကို online training တစ်ခုကနေ သုံးပတ် တလလောက် အချိန်ယူ လေ့လာလိုက်တာ။ Website တခုကို template တွေမသုံးပဲ ဖန်တီးနိုင်ပါပြီ။

Template သုံးပြတာမျိုးမဟုတ်ပဲ

Databased Driven Website (Dynamic Website)

Responsive Website

Hosting လုပ်ရာမှာလဲ။

ဈေးပေါပေါနဲ့ရတဲ့ သုံးစွဲသူတောင်မရိပ်မိပဲအများနဲ့ Share သုံးရတဲ့
Share Hosting, တွေ
Dedicated Server,
Virtual Dedicated Server, (Virtual Private Server),
Manage Server

စတဲ့ Knowledge လေးတွေ တလအတွင်းသိခဲ့သလို။

Platform တစ်ခု ဆောက်ဖို့ စမ်းကြည့်နေတာ ပထမ Homepage နဲ့ Login, Register အဆင့်ပဲရှိပါသးတယ်။ Multi-users တွေအတွက် Login account တွေပေးရမှာပါ။ Admin နဲ့ user တွေကြား Role ခွဲရမှာလည်းရှိပါတယ်။  Online ဆရာတွေကောင်းတော့ လေ့လာရတာမကြာသေးပေမယ့် အတော်ခရီးရောက်ပါတယ်။ လေ့လာလိုက် ရေးလိုက်ပါပဲ။

ဖရီးရတဲ့ Wordpress Theme တွေသုံးရင် ဒီအပိုင်းကို ခဏနဲ့ပြီးနိုင်ပေမယ့် ပြဿနာတွေကို အလွယ်တကူကျော်ဖြတ်နိုင်ဖို့က Script တွေကူးချယုံနဲ့မရပါဘူး။

အားကျစရာကောင်းတာက Online Video တွေထဲက Developer တွေဟာ php, js,server တွေဖွင့် ဟိုဖက်ဒီဖက် ချိတ်ဆက်ရင်း script တွေရေးသွားတာမြန်ချက်ဗျာ။ အားကျစရာပါ။

ဟုတ်ကဲ့ ဘွဲ့ရပြီး ၈ နှစ်ကျော်မှ စာရေးစာဖတ်တမျိုး သင်နေရတယ်ဆိုပါတော့ဗျာ။ :D

ဘာမှမတတ် မသင်ခဲ့ရပဲ ရမ်းဖန်တီးခဲ့တဲ့ ဒီ Blog လေးကိုတော့ ဒီတိုင်းပဲ ဆက်သုံးပါမယ်။ မပြင်တော့ပါဘူး။ နေ့ညအချိန်ယူပြီး Nav တွေ Sidebar Script တွေ တစစီထည့် ပြီး ဆက်စပ်ဖန်တီးခဲ့တာမို့ တန်ဖိုးထားမိပါတယ်။ Template တွေကူးယူဖန်တီးခဲ့တာလည်းမဟုတ်ပါဘူး။


No comments: