Thursday, August 6, 2009

Forwarded Email နဲ့ ထင်ရာမြင်ရာ

အလုပ်နည်းနည်း ရှုပ်လို့ ဘာမှ မရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် နည်းနည်းတော့ ရေးလိုက်အုံးမယ်..။ သူငယ်ချင်း အသိမိတ်ဆွေတွေ ဆီက ဝေမျှလာတဲ့ Forwarded email တွေကို ဖတ်ပြီး စဉ်းစားမိလို့ပါ..။email တွေကို ဘာကြောင့် forward လုပ်ဖြစ်ကြတာလဲ..။ ဘယ်လို အကျိုးဆက်တွေ ရလာနိုင်မလဲ ဆိုတာကိုပါ..။

ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာလေးများတွေ့ရင် တဖက်လူ စိတ်ဝင်စားသလား မ၀င်စားသလား မစဉ်းစားပဲ ရုတ်တရက်ပို့မိတတ်ကြတယ်..။ email လေး Forward လုပ်ချင်လို့ စိတ်ဝင်စားလားလို့လိုက်မေး လို့ကလည်း အဆင်မပြေ..။ မေးရင်လည်း ဘာအကြောင်းအရာတွေ ရေးထားတဲ့ အီးမေးလ် ပါဆိုတာ အရင်ရှင်းပြရအုံးမယ်..။ ဒီတော့လည်းမထူးဘူး တိုက်ရိုက်မမေးမစမ်း ဖော်ဝပ် လုပ်လွှတ်လိုက်တာပါပဲ..။ ဒီအကျင့်က ကောင်းတဲ့ အကျင့်တစ်ခုတော့ ဟုတ်ဟန်မတူဘူး။ ဖော်ဝပ်အီးမေး အများစု မှာ Feedback ပြန်လာလေ့ သိပ်မရှိကြဘူး..။ ဥပမာ မင်းပို့လိုက်တဲ့ အီးမေးက ရီရတယ်တို့ ..ကျေးဇူးတင်တယ်ကွာတို့ ဘာညာ ပြန်ပြီး reply လုပ်လေ့မရှိဘူး..။ တချို့ ဖော်ဝပ်အီးမေးတွေက တကယ်ကို ရယ်ရတယ် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနဲ့ သိပ်တိုက်ဆိုင်နေရင်တော့ Reply လုပ်မိတယ်..။

၁) မူလ ဖန်တီးသူမှ Forward Email

လူဆိုတာ တီထွင်ပြီးရင် ကိုယ်တီထွင်တာလေးကို ပြလိုက်ချင်တာပဲ..။ မိမိအလွန်အမင်းစိတ်ဝင်စားတဲ့ ကိစ္စတွေဟာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲ နေမယ် ဒါလေးတွေကို စုစည်းဖော်ပြတာ..ဒီအတိုင်းပစ်ထားလိုက်ရင် ပျောက်ပျက်သွားနိုင်တဲ့ အရာမျိုး၊ လူတွေ အာရုံမထားမိလိုက်တဲ့ ကိစ္စမျိုး ဒါလေးတွေကို အချိန်ယူ ပြီး စုစည်း ဖော်ပြတာ..။ မူလ ဖန်တီးသူ မဟုတ်သော်ငြား သူက အချိန်ကုန်ခံပြီး စနစ်တကျ ဖော်ပြတာမို့ သူ့တို့ကို လည်း စတင်ဖန်တီးသူ ထဲ ထည့်သင့်တယ်..။ ဒါမျိုးကတော့ ဘာအကြောင်းအရာပဲဖြစ်ဖြစ် အကုန်ကို စိတ်ဝင်စားတယ်..။ ဟင်းချက်ပြီး ဟင်းတစ်ခွက်လာကမ်းလိုက်သလိုပါပဲ..။ ဒီလို Forward email မျိုး မရသလောက်ပဲ..။ Reply ကို ကျကျနန လုပ်ဖို့ စိတ်ကူးရှိတယ်..။

၂) မူလ ဖန်တီးသူထံမှ ကူးယူသော Forward Email


ဒါက တခြားလူတွေဖန်တီးတဲ့ ဟာကို ကူးယူပြီး စနစ်တကျ စုစည်း ဖော်ပြတာနဲ့ မတူပါဘူး..။ ဥပမာ တချို့ ဘလော့ဂ်တွေထဲက စာတွေပုံတွေကို တိုက်ရိုက်ကူးယူပြီး မူလအတိုင်း အီးမေးလ်ထဲ ထည့်ပြီး ပို့လိုက်တာ..။ မူရင်းဖန်တီးသူ Source ကို ဖော်ပြနိုင်ရင် ကောင်းပါမယ်..။ မဟုတ်ရင် အရှုပ်အရှင်းတွေဖြစ်လာနိုင်တယ်..။ ဒီလို Forward email တွေ မကြာမကြာလာတတ်တယ်..။ ရီစရာလေးတွေ ပါရင် မဖတ်ဖြစ်သေးတဲ့ အကြောင်းအရာလေးတွေ ပါရင်သဘောကျတယ်..။ ဒါအတွက် ကျေးဇူးတင်စကားပြောဖို့မမေ့ဘူး.။ တကြိမ်တည်း အီးမေး ၂ စောင်ထက် ပိုလာရင်တော့ ဒေါသထွက်ချင်လာတယ်။

၃) ဖတ်ပြီး ဝေမျှသော ကြားခံ ၏ Forward Email

သူကတော့ အချိန်ယူတာ ပိုနည်းတယ်ပြောရမယ်..။ ဖတ်ကြည့်ပြီး ရယ်ရတာ သတင်းအချက်အလက်ရတာ စတာတွေ ကို တဆင့်ဖောက်သည်ချတာ..။ သူကတော့အချိန်အကုန်ခံပြီး ဘာမှမလုပ်ပါဘူး။ တကြိမ်တည်း ၂ ခုထက်ပိုလာရင် သိပ်မကြည်ချင်တော့ဘူး။

၎) မဖတ်ပဲ ဝေမျှသော ကြားခံ ၏ Forward Email

သေချာလည်း မဖတ်၊ ကောင်းတယ် ဆိုးတယ်သုံးသပ်ဖို့ အချိန်တောင်မပေးပဲ Forward လုပ်လိုက်တာမျိုး ကိုဆိုလိုတာပါ..။ သူ့အောက်မှာ ကိုယ့်ရဲ့  ဘာမှတ်ချက်မှလည်း ထည့်မပေးလိုက်ဘူး..။ ဆိုးတာက ဗုဒ္ဓ ပုံတော်ကို ကြည်ညိုဖွယ်ရာ ဖန်တီးထားတာတွေ့လို့ သဘောကျမယ် ကြံယုံရှိသေးတယ် နောက်ထပ် လူဘယ်နှစ်ယောက် ဆက်မဝေရင် ဒုက္ခပေးမယ် ဆိုတာမျိုးတွေ ပါလာတတ်တယ်..။
ငယ်ငယ်တုန်းက ရွာမှာတွေ့ခဲ့ဖူးတဲ့ အဖြစ်က အင်တာနက်မှာလာတွေ့နေတော့ တကယ်ကို အံအားသင့်စရာကောင်းတယ်..။ တောင်ပုလု ဆရာတော်အိမ်မက် အိမ် ၇ အိမ် ပြည့်အောင်ဝေပါ မဝေလျှင် ခုနှစ်ရက်အတွင်းမီးလောင်ပြီး ဘေးဒုက္ခ အမျိုးမျိုးသင့်လိမ့်မယ်ဆိုတဲ့ ခြိမ်းခြောက်စာလည်းပါသေးတယ်..။ ဒီလိုမျိုးစာတွေ ခြံဝမှာ မကြာခဏ တွေ့ဖူးခဲ့တယ်..။ ခုနောက်ပိုင်း နိုင်ငံရပ်ခြားရောက်လို့ အင်တာနက်ဖွင့်တော့ ဒီစာက ကပ်လိုက်လာသေးတယ်..။

မူရင်းဖော်ဝပ်မေးတွေ စတဲ့ သူမှာ ရည်ရွယ်ချက်တွေလည်း အမျိုးမျိုးရှိနိုင်တယ်.။ မိမိလုပ်ဆောင်ချက်လေးကို ပြချင်တာလား..။ ဗိုင်းရပ်စ် ဖြန့်ချင်တာလား..။စတဲ့ ကောင်းတဲ့ ဆိုးတဲ့ ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်တယ်။ တချို့ ဖော်ဝပ် အီးမေးတွေမှာဆို ဖန်တီးထားတာ လေးတွေ တကယ်သဘောကျစရာကောင်းတယ်။ မူရင်း ဖန်တီးသူ အမည်ပါမလာတတ်ကြဘူး..။ တခါတစ်ရံ (မကြာခဏဆိုသလိုပါပဲ) မှာ ဖော်ဝပ်အီးမေးတွေက စိတ်ကို ညစ်ညူးစေတယ်..။ အထူးသဖြင့် စိတ်တို စိတ်ရှုပ်နေတဲ့ အခါမျိုးမှာပါ..။ နံပါတ် ၃ နဲ့ ၄ အမျိုးအစားတွေအဓိကပါ..။ နံပါတ် ၁ ကတော့ ဘယ်အချိန်လာလာ သဘောကျတယ်..။

အရင်တုန်းက နိုင်ငံရေး လှုံ့ ဆော်စာ မကြာခဏ ရောက်လာဖူးတယ်။ ဘယ်ကဘယ်လို ရောက်လာမှန်းမသိဘူး။ မကြာမကြာကို ၀င်လာတာ နိုင်ငံရေးအတွေးအခေါ်တစ်ခု အကြောင်းအရာတစ်ခုကို ကျကျနန ရေးထားတာမဟုတ်ဘူး..။ Gov ကို ဆန့်ကျင်ရင်ပြီးရောဆိုတဲ့ စာမျိုး..။ ကြာတော့ အီးမေးထဲမှာ အဲဒါတွေချည်း ပြည့်နေတယ်။ အလုပ်အတွက် အရေးပါတဲ့ စာတွေကို အဲဒီစာတွေက ဖုံးလွှမ်းသွားလို့ သတိမထားမိပဲ လွတ်သွားတာတွေ ရှိလာတယ်။ နိုင်ငံ့အရေးကို တကယ့်ကို စိတ်ဝင်စားပေမယ့် ဒါမျိုးတွေပို့တာတော့ကောင်းမယ်မထင်ဘူး။ တစ်စောင်တစ်လေ မဟုတ်တဲ့ အစုလိုက်အပြုံလိုက် ဖော်ဝပ်မေးတွေ ရောက်လာတယ်..။ လေးစားမှုတစ်ခု တော့ ထားသင့်တယ်။

တစ်ယောက်တည်းဆီကဖော်ဝပ်အီးမေး ၅ စောင်လောက် ရောက်လာပြီး ၅ ယောက်လောက်ဆီက ဆို ၂၅ စောင် လောက်ဖြစ်နေပြီ။ ၂၅ စောင်ကြားထဲက အရေးကြီး အီးမေးတစ်စောင်က အလွယ်တကူ လွတ်ထွက်သွားနိုင်တယ်။ ဒါ့ပြင် ၅ စောင်လောက် နေ့တိုင်းပို့နေရင် ၁၀ ရက်လောက် ကို လက်ခံတဲ့ သူက သူ့အီးမေးကို မဖွင့်ပဲ ထားခဲ့မယ်ဆိုရင် အီးမေးလ် တခုလုံးကို တစ်ယောက်ထဲရဲ့  အီးမေးနဲ့တင်ပြည့်နေပြီ ဒါမျိုး ၅ယောက်ပို့ပြီဆိုရင်တော့ သွားပြီ။ အရေးတကြီး အီးမေးတို့ ဘာတို့ ရောက်ချိန်မှာ အဲဒါနဲ့ တိုးလို့ကတော့ တကယ့်မြွေဖမ်းပြီ။ အရေးတကြီး ကိစ္စတွေသုံးဖို့ နောက်တစ်ခု ထပ်ဖွင့်ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ..။

လူတစ်ယောက်မှာ အီးမေးအကောင့်တွေ တစ်ခုမက ရှိနေနိုင်ပေမယ့် တကယ့်ဆက်စပ်မှုရှိပြီး ခင်တဲ့သူငယ်ချင်းတွေကို အပြောင်အပျက် မကြာခဏ ဖွင့်လေ့ မရှိတဲ့ အီးမေးတော့ ပေးကြမှာမဟုတ်ဘူး..။ အသုံးအများဆုံးနဲ့ သူ့အရေးပါဆုံးကိစ္စတွေမှာဆောင်ရွက်တဲ့ အီးမေးကိုသာပေးကြမှာပါ.။ လက်ခံသူမှာ စိတ်ညစ်စရာစိတ်တိုစရာတွေဖြစ်လာနိုင်တယ်..။
အရေးမပါတာတွေချည်း ပို့နေရင် နောက် အရေးပါတဲ့ ကိစ္စကို ပို့တဲ့အခါ ဒီလိုပဲ ဖော်ဝပ်အီးမေးပဲဆိုပြီး ပစ်ထားရင်လည်း ဒုက္ခတွေ့နိုင်ကြတာပဲ..။

နောက် ဗိုင်းရပ်စ် ဘယ်လို ပါလာနိုင်သလဲဆိုတာတော့ သေချာမသိလို့ ရှင်းမပြနိုင်ဘူး။ attached လုပ်ထားတဲ့ ဖိုင်တွေနောက်မှာ ကပ်ပါလာနိုင်တဲ့ အန္တရာယ်တော့ရှိမယ်ထင်တယ်။ အကောင်းဆုံးကတော့ ဘာဖြစ်လို့ ပို့တယ်ဆိုတာ ကိုယ့်ကိုကိုယ် သိဖို့ အရင်ကြိုးစားသင့်တယ်ထင်တာပဲ။ တကယ်ကို ရစေချင်တဲ့ စေတနာနဲ့ ပို့တာလား ကိုယ်စိတ်ဖျော်ဖြေဖို့ အတွက်ပို့တာလား သိသင့်တယ်ထင်တယ်။ နံပါတ် ၂ ၃ ၄ သမားများ ဘလော့ဂ်တစ်ခုလုပ်ပြီး ပွားချင်ရာပွားသင့်တယ်လို့ အကြံပေးချင်တယ်..။ (ကျွန်တော့်လိုပေါ့..အဟဲ) ဒါတောင် ဘလော့ဂ်ကို သူငယ်ချင်းတွေ ဖတ်ချင်မှန်းမသိ မဖတ်ချင်မှန်းမသိ အီးမေးကနေလှမ်းပို့ပြီး ကြော်ငြာတဲ့ အန္တရာယ်က ရှိသေးတယ်..။ အရင်တုန်းက မဟာဆန် လုပ်ခဲ့ဖူးတယ် (အဟီး)။
ဖော်ဝပ်အီးမေး အပေါ်ဘယ်လိုခံစားရသလဲ သိချင်လို့ တစ်ခုခုရေးထားခဲ့ဖို့မျှော်လင့်ပါတယ်..။

10 comments:

လပြည့်ရိပ် said...

အင်း ............. ကောင်းတယ် ဒီလိုရေးတာ ......... ငါလည်းတခါတလေတော့ ကောင်းတဲ့ သတင်းအချက်လေးတွေပါတဲ့ mail တွေဆို သူငယ်ချင်းတွေကို သိစေချင်လို့ fwd လုပ်လိုက်တာပါပဲ .. ဒါပေမဲ့ အခုတလော ......... သူများတွေပို့တဲ့ fwd mails တွေပဲရရနေလို့ စိတ်ပျက်နေမိတယ်....... တခါတည်းနဲ့ စက္ကန့်ပိုင်းအတွင်း တစောင်ပြီးတစောင်ရောက်ရောက်လာတတ်တယ်။ ပို့သူစိတ်ဆိုးရင်တော့ မတတ်နိုင်ဘူး ........ ခေါင်းစဉ်ပဲဖတ်ပြီး စိတ်ဝင်စားစရာမပါရင် တခါတည်း delete လုပ်ပစ်လိုက်တယ် .... ဟားးးးးးးးးး

မဟာဆန် said...

အကြောင်းအရာကို ဘာမှန်းမသိဘဲ fwd တွေချည့် စွတ်ပို့နေတဲ့ email account တွေကို မကြိုက်ဘူး။ သူတို့ကို ချက်ထဲမှာ block ထားလို့ ရပေမဲ့ သူတို့ဆီက အီးမေးလ်လာရင် spam ထဲကို တန်းပို့ပါ ဆိုတာမျိုး လုပ်ချင်တယ်။ မလုပ်တတ်လို့။ သိတဲ့သူများ လမ်းညွှန်ခဲ့ပါဦး။ ကိုယ့်ကို ယုံကြည်လို့ official account ပေးထားတာကိုတော့ လေးစားသင့်တယ်ထင်တာပဲ။ တစ်နေ့တစ်နေ့ fwd မေးလ်တွေကြားထဲ ကိုယ့်အရေးကြီး အီးမေးလ်ပါသလားဆိုတာ လိုက်စီစစ်ရတာနဲ့ကို အချိန်ကုန်တယ်။

လင်းကြယ်ဖြူ said...

တစ်ခါတစ်လေမှ Forward Mail ကနေ Idea ကောင်း
လေးတွေရသလို တစ်ခါတလေ စိတ်မချမ်းသာစရာတွေလည်းလာတယ်..
လာတာကတော့ သူ့အလုပ်ပဲ..ဖတ်တာမဖတ်တာကတော့
ဟဲ..ဟဲ..မလပြည့် ပြောသလိုပဲ 100% depending on me ပဲ..ကြိုက်သလား ကူးမယ်..မကြိုက်နော်..
တခါတည်း..DELETE..ဟီ..ဟိ...
နေဦး သိတဲ့လူကို မေးကြည့်ပေးမယ်..ခဏစောင့်..

yaewoori said...

ကျနော့ တော့ ဘယ်တော့မှFWD မလုပ်ဘူး
ကျနော့ဆီသိပ်လဲမလာတတ်ပါဘူး


email > setting > filters > Create a new filter >မလိုချင်သော mail

မမြင်ချင်သော words ပါတဲ့mail အကုန် တားလို့ရတယ်

နောက်တခုက အဒီ mail ကိုဖွင့်(မဖွင့်ပဲ inbox မှာ mail list မှာmark လဲရတယ်) အပေါ်မှာ report spam ရှိတယ် click ရင်
span mail box ကိုပို့ပီ

သားကြီး said...

ထောင့်စေ့အောင်တွေးပြီးရေးထားပါတယ်
ကောင်းပါတယ်
ကျနော်ကတော့တခါတခါfwdလုပ်ပါတယ်
ကိုအရမ်းသဘောကျတဲ့အကြောင်းအရာလေးတွေ
ပါလာရင်ပေါ့ ဒီပိုစ်မှာပြောခဲ့သလိုမျိုး fwdအစောင်၁၀ဖြန့်ပါ အစောင်၅၀ဖြန့်ပါဆိုတဲ့
မေးမျိုးခဏခဏရတတ်တယ် ခြိမ်းခြောက်တဲ့စာတွေနဲ့အတူပေါ့လေ
အဓိပ္ပါယ်မရှိဘူးထင်ပြီး မပို့ဖြစ်တာပဲများပါတယ်

sweetpeony said...

ဟုတ်ပါ့ ဟုတ်ပါ့
သူငယ်ချင်းတစ်ယောက်ကလေ အဲလိုfwd mail တွေ အရမ်းပို့တာ..။
အဲဒါကြောင့် သူငယ်ချင်းကို ငါ့ကို အဲလိုမေးလ်တွေ မပို့ပါနဲ့တော့လို့ ပြောထားရတယ်။
ဒါတောင်သူက စိတ်ဆိုးချင်သေးတယ်။ ငါပို့တာကို နင်က မကြိုက်လို့လားတဲ့။
မဟုတ်ပါဘူး ငါအဲဒါမျိုးတွေစိတ်မ၀င်စားလို့ပါလို့ ပြောထားရတယ်။
ဒါတောင် မထင်ရင် မထင်သလိုရောက်ရောက်လာတုန်း..။

နဒီမိုးညို said...

နဒီ..လဲ.fwd.မလုပ်တတ်သလို..နဒီ..ဆီလဲ..မလာဖူး.မမရေ
မိုးညိုဆီတော့..လာတတ်တယ်..ပြန်ပြန်ပြီး.ရှင်းနေရတာပဲ.
အစ်ကိုရေ..မမရေ..(နှစ်ယောက်လုံး.နူတ်ဆက်တာ..)

Anonymous said...

အင်း၊ ကိုယ်ကတော့ စိတ်ဝင်စားတဲ့ ခေါင်းစဉ်ဆိုရင်တော့ ဖွင့်ဖတ်တယ်၊
ရပြီးသားမေးလ်တွေလာရင်တော့ ၊ကြည့်ပြီးသားပဲဆိုပြီး၊ ဒီလစ်လုပ်တယ်၊
ဆက်မပို့ရင် ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုရင်တော့ ဖတ်ကိုမဖတ်ဘူး၊ ဒီလိုမေးလ်မျိုး ဘာကြောင့် ဖော်ဝဒ်လုပ်သလဲလို့ အံ့သြမိတယ်၊ ဒါကို ဖော်ဝဒ်လုပ်တဲ့သူတွေကလည်း မလုပ်သင့်ဘူးနော်၊ ဒီလို အီးမေးလ်တွေ ဖတ်နေနိုင်တဲ့ အခြေအနေမျိုးမှာ ဒီလို အယူသည်းတာတွေ မရှိကြလောက်တော့ပါဘူး၊ ဘာဖြစ်လို့ ရောက်ရောက်တာလဲ မသိပါဘူးလေ။ ရေးရမယ်ဆိုရင်တော့ အများကြီးပေါ့လေ။ ပိုစ့်တခုတောင် ဖြစ်နိုင်တာပဲ၊ တခါတလေ တောင် စဉ်းစားမိတယ်၊ ဒီအီးမေးလ်တွေကို မှတ်တမ်းတင်ထားရရင် ကောင်းမလားလို့။

ဂျာမုန်းဒန် said...

လေးစားတယ်ဗျာ။
အုန်းစားခံပြီးဖော်ပြတဲ့မင်းညိုရေ။
သေချာသိထားသင့်တဲ့အရာပါ။
ကတိရှိစေဖို့လေးကိုဖော်ပြပေးတာကျေးဇူးနော်။
ခင်တဲ့
ဂျာမုန်း

Angel Shaper said...

မေမေ ဂျာမုန်းနောက်မှာ သမီးကြီးးး
ဟိဟိ
ဟုတ်ပါ့ဗျာ။ ကိုယ်လဲ Fwd တစ်ခါတလေလုပ်တာပဲ။ အရမ်းကြိုက်တဲ့ မေလ်းတို့ ဘာတို့ပေါ့။ အဲဒီပေါကြောင်ကြောင်ဟာတွေကို ခုနောက်ပိုင်း ဖွင့်ကိုမဖွင့်ဘူး သွားပေရော့ DELETE ပဲဟိဟိ။။။
လာသေးတယ် တစ်ခါတစ်လေ... ငါ့ယောကျာင်္းမဆုံးခင် ငါ့ကို ဒေါ်လာ သန်းဘယ်လောက် ချန်ခဲ့တယ်။ ကူညီချင်လို့ မင်းရဲ့ Detail လေး ပေးပါ။
ဆိုတာမျိုး။။။ အရမ်းများလာတော့ တစ်ခါတလေ ပြန် Reply ဖြစ်တယ်။ ကမ္ဘာပေါ်မှာ သန်းပေါင်းမြောက်များစွာသော လူဒီလောက်ရှိတဲ့ ထဲက တယ်ကံကောင်းတဲ့ ငါပဲ။ မင်းကူညီရမဲ့လူ အမြန်ဆုံးရှာတွေ့ နိုင်ပါစေတို့ ။ ကျေးဇူးတင်လိုက်တာနော်။ ခက်တာက စိတ်မ၀င်စားပါ ဆိုတာမျိုး စိတ်ရှိလက်ရှိ ပြန်ပြီး Reply ဖြစ်တယ်။
ဘာပဲပြောပြော ဒါလေးက မှတ်သားစရာလေးပါ။
ကိုယ်လဲ လူတစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိမှာပါပဲ။
ဆင်ခြင်ရမှာပေါ့နော်။
ကျေးဇူးဗျိုးးးးးးးးးး