Wednesday, April 23, 2008

ဈေးဝယ်ကြမလား……

မဟာဆန်က ဒီအဆောင်လေးမှာ နေပါတယ်။ ကားလေးတွေရဲ့ အပေါ်ထက်က မဟာဆန်နေတဲ့ appartment ပေါ့။ အတွင်းကိုတော့ ရိုက်မပြတော့ဘူး။ ကြွက်တွင်းနဲ့မှားသွားမှာစိုးလို့။












ကျောင်းသွားတဲ့အခါ ဟောဒီ unterpass လေးက စထွက်တာပေါ့။ unterpass က စထွက်တာနဲ့ ဆိုင်မျိုးစုံ စတွေ့ပါပြီ။ တလမ်းလုံး ဈေးဆိုင်တွေချည့်ပဲ။ ဈေးချိုတဲ့ euroshop (ရွှေမြန်မာတို့အခေါ် တစ်ကျပ်တန်ဆိုင်) ကနေ… ဈေးခေါင်ခိုက်နေတဲ့ shopping mall ကြီးတွေထိ မျိုးစုံရှိပါတယ်။ ဆိုင်တွေအားလုံးက ကြည့်ချင်စရာ ၀ယ်ချင်စရာတွေ ချည့်ပဲ။ အဲဒါကြောင့်လည်း မဟာဆန်ကျောင်းသွားရင် ၁၅မိနစ်ခရီးကို ၁နာရီခွဲလောက်ကြာမှ ကျောင်းရောက်တာပေါ့။ ရသမျှလစာလေးလဲ တက်တက်ပြောင်တာပဲ။ နောက်တော့ ကိုယ့်စိတ်ကို မနည်းထိန်းပြီး “ဒီနေ့ ကျောင်းကို ၁၅မိနစ်နဲ့ အရောက်သွားမယ်“ လို့ ဆုံးဖြတ်ပြီးတော့ကို သွားရတယ်။ အဲလို စိတ်ထိန်းနိုင်ဖို့ ဘယ်လောက်ကြိုးစားရတယ်မှတ်လဲ။ မယုံရင် ရှေ့ဆက်ကြည့်ပေါ့။

ဟောဒါက လမ်းကြားလေးထဲက shopping mall လေးပါ။ ဈေးကြီးလွန်းလို့ ဘာမှမ၀ယ်ဘူး။ ဒီမှာ မဟာဆန်ဝယ်တာဆိုလို့ Macdonalds က မုန့်လေးတွေပဲရှိတယ်။ ဈေးချိုတယ်လေ..တစ်ကျပ်ပဲ..ခုတော့ ပြားသုံးဆယ်ဈေးတက်သွားပြီ။ နောက်နေ့မှ မဟာဆန် ၀ယ်စားတဲ့ ဈေးချိုချိုမုန့်တွေ သတ်သတ်ရေးဦးမယ်။

ဒီရှေ့ကဖြတ်ပြီး လမ်းလေးကျော်လိုက်တာနဲ့ Karstadt ကိုတွေ့တာပါပဲ။ ပစ္စည်းအစုံရှိသလို ဈေးလဲကြီးပါ့။ လျှော့ဈေးရောင်းတဲ့အချိန်ဆို ၀င်ကြည့်တာပေါ့။

Karstadt ကိုကျော်လိုက် ခြေလှမ်း ၂၀ လောက်ဆို sand wochen markt လို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်ဈေးလေးတွေ့ပါရော။ ပျံကျဈေးလေးပေါ့.. လေဘေးထည်တွေလွဲရောင်းတယ်။ ဈေးကလဲချိုပါ့။ ၀ယ်တော့မ၀တ်ရဲဘူး။ သန့်မှန်းမသိ မသန့်မှန်းမသိနဲ့နော်။

ဒီဈေးလေးကိုကျော်လိုက်ရင် ဘယ်ဘက်ကိုချိုးရတဲ့လမ်းကြားလေးရှိတယ်။ အဲဒီလမ်းကြားကတော့ စားသောက်ဆိုင်တွေရှင့်။ ကျောင်းကို သွားဖို့ကလည်း ဒီလမ်းကြားကို ၀င်မှကို ရတယ်။ စားသောက်ဆိုင်မှာတော့ တစ်ခါပဲစားဖူးပါတယ်။ Professor က လိုက်ကျွေးလို့လေ..အဟီး

ဒီလမ်းကြားလေးကိုကျော်မှ unterpass လေးကိုရောက်တယ်။ဒီ unterpass ကျော်လိုက်ရင်တော့ မဟာဆန်တို့ department ရှိတဲ့ ဟောဒီ လမ်းမကြီးရောက်ပြီပေါ့။ ဒါကတော့ မဟာဆန်ရဲ့ ဘ၀ကြီးဖြစ်တဲ့ department ကြီးပါပဲရှင်။
ကဲ ဈေးဝယ်ချင်ရင် မဟာဆန်ကျောင်းသွားတုန်းသာ အဖော်လိုက်ခဲ့။ ဈေးဝယ်ပြီးသားပဲ။



No comments: