Sunday, June 7, 2009

လှတောသား စကား

ဦးကြီးညိုတစ်ယောက် လှတောကို သွားဖို့ အကြောင်းဖန်လာတဲ့ တစ်နေ့ပေါ့။
လှတောသားတွေ စကားကြွယ်လွန်းလှတာမို့ ရွာထဲ ၀င်ရမှာတောင် တွန့်ဆုတ်ဆုတ် ဖြစ်နေတယ်။
ရွာဦးရောက်တော့ ကလေးလေး တစ်ယောက်တည်း ကစားနေတာ တွေ့သတဲ့။
လူကြီးတွေနဲ့တော့ ငါမတွေ့သေးဘူး...ကလေးကို ပြောကြည့်ရင်တော့ ငါ စကားနိုင်ကောင်းရဲ့ လို့ တွေးမိတယ်။
ဒါနဲ့ ကလေးကို စလိုက်တယ်။
”ဟေ့ကောင်...ငါ မင်းဗိုက်ကို ဖောက်ပြီး အူတွေ ထုတ်စားလိုက်မယ်”
ကလေးက ထိတ်ထိတ်ပျာပျာလေသံနဲ့ တုန့်ပြန်လိုက်တယ်...
”မလုပ်ပါနဲ့ ဦးလေးရယ်...စားချင်ရင် ယိုကျွေးပါ့မယ်...ကြောက်လွန်းလို့ပါ” ဟူသတဲ့။
အူထဲမှာ ယိုလို့ရတာ ရှိတာကိုး...

3 comments:

လင်းကြယ်ဖြူ said...

လှတောသားတ္ဂေကစကားတော်တော်တတ်တာပဲ။
အဲ့ဒါပေါ့ ဆရာတော် အရှင်ဆေကိန္ဒ ပြောတဲ့
ကလေးကလေး အထင်မသေးနဲ့
လူကြီးလူကြီး အထင်မကြီးနဲ့ ဆိုသလိုဖြစ်နေပြီ..ဟဲ..

ခမ်းကီး said...

အဟား... ဟ
ရာဇ၀င်မှ ရာဇ၀င်ပဲ။

Unknown said...

ကျနော်ကလည်း လှတောသားတွေ့နဲ့ တွေ့ဆုံချင်တယ်ဗျာ