Wednesday, April 23, 2008

ညနေ ၉ နာရီအချိန်တိုင်း မဟာဆန်ကို ကသိကအောက်လုပ်သောအရာများ

၁။ မဟာဆန့် အခန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော Rieckhoff (party လုပ်နိုင်သော hall၊ ရုပ်ရှင်၊ ပြဇာတ် အစုံရှိသည်။ party နဲ့ ပြဇာတ်က နေ့တိုင်းမရှိပေမဲ့ ရုပ်ရှင်က ညတိုင်းရှိသည်။ ၉နာရီက ရုပ်ရှင်ပြခါနီး အချိန်၊ ရုံထဲကို ၀င်ဖို့ လူတွေ အပြင်မှာ တန်းစီနေတဲ့အချိန်။ သူတို့ရဲ့ စကားသံတွေက အသံလုံပါတယ်ဆိုတဲ့ မဟာဆန့် အခန်းကို နယ်ချဲ့လာကြတယ်လေ)

၂။ indian ၏ ဟင်းချက်နံ့ (အားလုံးသိကြမှာပါ။ သူတို့ရဲ့ traditional အနံ့ကိုလေ။ ရေအလွန်ဆာလွန်းလို့ မီးဖိုထဲသွားသောက်မိလို့ကတော့ အ၀တ်တစ်စုံ အသစ်လဲရပြီမှတ်။)

၃။ နံပါတ်ကို နှိပ်လိုက်တိုင်း diverted call သို့မဟုတ် hello, herzlich willkommen beim O2…… ဘလာ ဘလာ ဘလာ ဟူသော ဖုန်းကုမ္ပဏီက ဘွားတော်ကြီး၏ နှုတ်ခွန်းဆက်စကားအရှည်ကြီးကို ကြားရစေသော ဖုန်းစုတ်ကြီးတစ်လုံး (အဲဒီ ဖုန်းကုမ္ပဏီက ဖုန်းခေါ်လို့ သုံးခါနဲ့ မကိုင်ရင် ထိုဘွားတော်အသံကြီးဖြင့် “ ဟဲလို O2 ကုမ္ပဏီမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်..လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်…………..မှာ ပြန်လည်ဖြေကြားခြင်း မရှိပါရှင်။ ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်ခေါ်ပါ။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ ကုမ္ပဏီ၏ ဖုန်း……….ကို ခေါ်ပါရှင်…ဘလာ ဘလာ ဘလာ ” စသည်ဖြင့် အရစ်ရှည်လွန်းလှသော auto voice message ကြီး ပြန်ကြားတတ်ပါသည်. အဲဒီအသံကြီးကြားလို့ကတော့ ကိုယ်လဲ ဖုန်းမပြောရဘဲ ဖုန်း bill မှာ one call ပါသွားပြီမှတ်)

1 comment:

မင်းညို said...

နင့်ရဲ့ ကသိကအောက်ထဲမှာ ငါမပါသေးလို့တော်သေးရဲ့...ဟူး