Thursday, June 11, 2009

ဖယောင်းရုပ်တု ပြတိုက်သို့ တစ်ခေါက်


မြန်မာ အခေါ် ဟမ်းဘတ် လို့ လူသိများတဲ့ ဂျာမနီ နိုင်ငံ ဒုတိယ အကြီးဆုံး (Hamburg) မြို့ကို ရောက်တုန်းရောက်ခိုက် လျှောက်လည်ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း တွေ စိတ်ဝင်စားတတ်တဲ့ အကျင့်နဲ့ တွေ့တာ မြင်တာ ဓါတ်ပုံရိုက်ချင် ပြန်ပြောချင်တဲ့ ၀ါသနာအရ ထင်ရာမြင်ရာတွေ လျှောက်ရေးလျှောက်တင်ဖို့ ကြိုးစားတော့တာပါပဲ။ Tourist Info point ကို မသွားပဲ ကိုယ်တိုင် print ထုတ်ထားတဲ့ A4 ဆိုဒ် မြေပုံ တစ်ထပ်ကို ကိုင်လို့ ဟိုလူ့မေး ဒီလူ့မေးနဲ့ ရောက်ချင်ရာ ရောက်တော့တာပဲ။ ပထမ ဆုံး ဟားဘတ် အုပ်ချုပ်ရေးရုံး (Hamburg-Harburg Rathaus) ကနေ S-Bahn စီးလို့ ချီကတည်းက ယဉ်သကို ဆိုသလို စိန့်ပေါလီ (St. Pauli) ကို သွားရမှာကို Baumwall မှာ သွားဆင်းပါတယ်။ ဒါနဲ့ Hamburg ဆိပ်ကမ်းမှာ ရွာလည်တာပေါ့။ နောက်တော့ စေတနာရှင် အဖိုးအဖွား စုံတွဲတစ်တွဲ စောင်မသွားလို့ တကယ့် မြေပုံ တစ်ချပ်ရလာတယ်။ ဒီနေ့ တကယ် သွားဖို့ ရည်ရွယ်ထားတာက Erotic Art Museum, Hamburger Dom, ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် မီးရထား မော်ဒယ် ပြတိုက် Miniatur Wunderland, Planten un Blomen, Ohlsdorf Main Cemetery တွေကိုပါ။ တကယ် ရောက်သွားခဲ့တာက Panoptikum (ဖယောင်းရုပ်ထုများ ပြတိုက်) နဲ့ Planten un Blomen ပဲ ဖြစ်သွားပါတယ်။

ဒါကတော့ ဂျာမနီ လွှတ်တော်မှာ ခုံရတဲ့ ပါတီ ၃ ခုမှာ ပါတီနှစ်ခုကို ကောင်းကောင်းစည်းရုံးနိုင်တယ်လို့ နာမည်ကြီးတဲ့ Chencellor Merkel နဲ့ Gerhard Schröder ပေါ့။ ဘာလင်ကိုသွားတုန်း သူမရဲ့  ရုံးကို ဓါတ်ပုံ ရိုက်ခဲ့တဲ့ အကြောင်း ဘယ်လင်းသို့ တစ်ခေါကပို့စ်မှာ ရေးခဲ့သေးတယ်။

ဒါကတော့ ဂျာမနီကနေ ဖြစ်သွားတဲ့ ပုပ်ပေါ့။ အီတလီသွား တောသား ပို့စ်မှာ သူနေတဲ့ စိန့်ပီတာ ဘုရားကျောင်းကို ရောက်တော့ သူနဲ့ တွေ့ဖြစ်တဲ့ အကြောင်း ထည့်မရေးလိုက်ရဘူး။ (တကယ်တော့ သူက လာတွေ့တဲ့ နိုင်ငံပေါင်းစုံက ဧည့်သည်တွေကို ထွက်တွေ့တာပါ။ လာတွေ့ ကြောင်း စာရင်းသွားပေးထားရင် နိုင်ငံအမည်တပ်ပြီး ကောင်းချီးပေးပါတယ်။ လာတဲ့ ခရီးလမ်း သာယာပါစေ ဘာညာပေါ့။ အဲဒီတုန်းက မိုက်ကယ် အိန်ဂျလိုရဲ့ ပီယေတာနဲ့ သူ့ပန်းချီပြခန်းကို စိတ်ဝင်စားနေတာနဲ့ အဖော်တွေနဲ့ ကွဲသွားလို့ မနည်းလိုက်ရှာယူရတယ်။ ဒီအကြောင်း နောက်မှ အီတလီသွား တောသား (၂ ) အနေနဲ့ ရေးပါအုံးမယ်)။

ဒါကတော့ ကိုကို နာဇီတို့ ခေတ်ထချိန် အမေရိကကို လစ်သွားတဲ့ e= mc2 ပိုင်ရှင် ဘဘကြီး အိုင်းစတိုင်းပေါ့။ သူ့ရေးထားတာတွေရှုပ်လွန်းလို့ သူ့ရေးတဲ့ နှိုင်းရသီဝရီကို နားလည်တာ သူအပါအ၀င် ၃ ယောက်လောက်ပဲ ရှိသတဲ့။
ဒီအုပ်စုကတော့ ဘဘ ကြီး အိုင်းစတိုင်းကို အမေရိကကို ထွက်ပြေးစေတဲ့ ကိုကို ဟစ်တို့ လူစုပါ။



ဒါကတော့ ခုချိန်ထိ ကဲပြီး ဘရာဇီးမော်ဒယ် ချာတိတ်လေးနဲ့တောင် ရည်းစားဖြစ်နေတယ် ဆိုတဲ့ အပျိုစင်လေးပါ သီချင်းပိုင်ရှင် ဘွားဘွားကြီး မက်ဒေါနားပေါ့။



အဲ..သူတို့လား အလယ်က လူပုလေးကတော့ ကမ္ဘာတစ်ဝက်ကိုတောင် သိမ်းပြီးပြီဆိုတဲ့ အဲဒီခေတ်က မိန်းမချော ဘွားဘွားတို့ရဲ့ အသည်းစားဘုရင်ကြီး နပိုလီယံပေါ့။ သူပြောတဲ့ တစ်နာရီသာ ကျွန်ုပ်ကို ပေးနိုင်ရင် သင်လိုချင်ရာ ပေးမယ်ဆိုပြီး ဘာညာ ငယ်ငယ်က အော်ကျက်ခဲ့ရသေးသဗျ။ နောက်ဆုံးတော့ စိန့် ဟယ်လီနာကျွန်းမှာ အာဆင်းနစ် အစာထဲခပ်ပြီး အသတ်ခံရသလိုလိုတောင်ကြားတယ်။ ပြင်သစ်ပြန်ပြေး လာတော့ သူ့ကို ပြန်ဖမ်းဖို့ လွှတ်လိုက်တဲ့ စစ်သားတွေ နဲ့ တွေ့တဲ့ အခါ ငါသည် သင်တို့ရဲ့ အင်ပါယာသခင် ဖြစ်သည် လို့ ပြောလိုက်တာနဲ့ သတ်ဖို့ နေနေသာသာ သူ့လက်အောက် တောင် ခိုဝင်သွားတယ်လို့ ဆိုရလောက်အောင် ဘုန်းကြီးခဲ့ပါတယ်။ မျက်လုံးတစ်ဖက်သူကြောင့် ပျက်လျှင် မျက်လုံးတစ်ဖက် ပြန်ပေးရမည် ဘာညာဆိုပြီး ငယ်ငယ်က အော်ကျက်ခဲ့ဖူးတဲ့ ဟန်မူရာဘီဘုရင် ရဲ့ ကိုဓ ဥပဒေ ဟာ သူ့ကြောင့် ဥရောပမှာ France Code ဆိုပြီး ခုတိုင်အောင် သုံးနေဆဲပါပဲ။ တရုတ်တို့ ထိုင်ဝမ်တို့လည်း လိုက်သုံးတယ် လို့ ၀ီကီမှာ ဖတ်ရတယ်။


ဒါကတော့ ဂျာမန် ရုပ်ရှင်သရုပ်ဆောင်တွေပါ။


တခြားပုံတွေ ရှိတဲ့ အထဲက ဒီပုံကိုပဲ တင်ပေးလိုက်တယ်။ ဗဟုသုတ အဖြစ်ပေါ့။


တကယ်တော့ ဒီပြတိုက်က ဓါတ်ပုံရိုက်ခွင့်မပေးပါဘူး။ ရိုက်တဲ့သူတွေ တော်တော်များများတွေ့တာနဲ့ ကိုယ်လည်း မထူးဖူးဆိုပြီး ကောက်ရိုက်လိုက်တာ။ ၀င်ကြေးငါးယူရိုနဲ့ တန်အောင် ဓါတ်ပုံလေး တော့ ရိုက်ချင်တာပေါ့ဗျာ။ ရိုက်နေတာမြင်ပေမယ့် ဘာမှလည်းမပြောတာနဲ့ ဆက်ရိုက်လိုက်တာပါ။ ဧည့်သည်တော်မှတ်တမ်းမှာ အမှတ်တရ ကိုယ့်နာမည်ကို အင်္ဂလိပ်လိုနဲ့ မြန်မာလို ရေးထားပစ်ခဲ့တယ်။

ဒီပုဂ္ဂိုလ်လား..သူ့ဆိုင်မှာ ကြက်ကင် တခြမ်းဝယ်စားရင်း ဓါတ်ပုံရိုက်ပါရစေ တောင်းဆိုတော့ ဒီလိုလေး ရိုက်ပေးပါဆိုပြီး ပဲပေးနေတဲ့ ဆိုင်ရှင်ပေါ့။

တဖဲ့ ဖဲပြီးကာမှ ဓါတ်ပုံရိုက်ဖို့ သတိရလိုက်တဲ့ ကြက်ကင်နဲ့ ဂျာမန် ပေါင်မုန့်ပါ။

ဆိုင်ရှင်က အပိုထည့်ပေးလိုက်တဲ့ အသည်းပုံ ပေါင်မုန့်လေးပါ


မျက်စိတော့ မရှက်ကြနဲ့ ဒါ စိန့်ပေါလီ မှတ်တိုင် ဖယောင်းပြတိုက်ရှေ့က လမ်းတလျှောက် ဒါတွေချည်းပဲ။


ဆိုင်ထဲဝင်ကြည့်ခဲ့တယ် ပျိုပျို ငယ်ငယ် ကြီးကြီး စုံတွဲတွေ လာဝယ်လာကြည့်ကြတာ အများကြီးပဲ။ အမျိုးသားများ အတွက် ရှာတာ ကောင်းကောင်းကန်းကန်း တစ်ခုမှ မတွေ့ဖူး။


ဒါ အဲဒီလမ်းတလျှောက်ပေါ့။ Erotic Art Museum က ပိတ်သွားပြီဆိုတာနဲ့ ဖယောင်းပြတိုက်ကို သွားရင်း ဒီလမ်းကို တိုက်ဆိုက်စွာတွေ့တာ။


live show ၀င်ပြီး ခဏ ကြည့်လိုက်တာ ၀င်ကြေးက ဘီယာ အပါအ၀င် ၆ ယူရို ပေးရတယ်။







ဒါကတော့ မျက်စိလည်ပြီး ရောက်တဲ့ Baumwall ဘူတာက ဆိပ်ကမ်းမှာ တွေ့လို့ရိုက်ထားတာ။

ဒီပို့စ်ပါ ပုံတွေကို သုံးချင်ရင် ကောမန့် မှာ ရေးထားခဲ့နိုင်ပါတယ်။

4 comments:

လင်းကြယ်ဖြူ said...

ကိုယ်မရောက်ဖူးတဲ့နေရာကို ရောက်သလိုခံစားရပါတယ်
ကျေးဇူးပါ အစ်မရေ
နောက်လည်း ထူးဆန်းတာလေးတ္ဂေတင်ပေးဦးနော်
ဗဟုသုတရလို့ပါခင်ဗျာ။
ပျော်ပါစေ

နွေးနေခြည် said...

ဗဟုသုတရလို့ ကျေးဇူးပါ

Anonymous said...

လပြည့်ရိပ်ဆီကနေရောက်လာပါတယ်၊
ပြတိုက်လေးကို ခေါ်သွားပြီး ဗဟုသုတရွှေအိုးကို ဖြည့်ပေးလို့ ကျေးဇူးတင်ပါတယ်။

Dream said...

wowo.. ကြည့်စမ်း သွားတုန်းက မက်မက်ကိုတောင် မခေါ်သွားဘူး... ဟင်းးတီတီတော့နော်... မက်မက်တောင် မသိလိုက်ဘူး.. အခုတော့ ဓာတ်ပုံလေးပဲ ကြည့်ပြီး ဖြေသိမ့်လိုက်တော့မယ်...
နောက်ဆို ခေါ်သွားနော်..

ဟို..အောက်က ကလေးမွေးနေတဲ့ပုံကြီး .. ဟင့်
ကြောက်စရာကြီး.. တီတီကလဲ... အဟီး

အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး