Thursday, June 26, 2008

ကိုယ့်ဒေသ ကိုယ့်လေသံ

နေလွမ်းသူက သူလဲ “ဇွင်း“လို့ ခုထိပြောနေတုန်းပဲဆိုတော့ ကျောင်းတုန်းက သူငယ်ချင်းတွေရဲ့ အသံထွက်မျိုးစုံကို သတိရမိတယ်။ တက္ကသိုလ်ဆိုတော့လည်း အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေ စုံလို့နေတာပေါ့။ ဒေသကိုလိုက်ပြီး စကားပြောတဲ့ လေသံတွေကလည်း အမျိုးမျိုးတွေ့ရတယ်။ စတွေ့ခါစကတော့ ဘာပြောမှန်း မသိဘူးရယ်။ နောက်မှသာ နားဝင်ချောပြီး နားလည်လာတာ။ ကလေးဝ၊ ကလေး၊ ဟုမ္မလင်းဘက်က သူငယ်ချင်းတွေက ”-က်” သံနဲ့ ”-စ်”သံ ပြောင်းပြန်လုပ်ပြောကြတယ်။ မှတ်မိပါသေးတယ်။ Fresher Welcome မှာ ကလေးသူက သီချင်းဆိုမယ်ဆိုပြီး သူ့အတွက် တီးလုံးတိုက်ကြတုန်းကပေါ့။ သူရွေးထားတဲ့သီချင်းက ဇော်ဝင်းထွဋ္ဋ်ရဲ့ “၀ဋ္ဋ်ကြွေး“တဲ့။ အမှန်က ဒီသီချင်းကို “၀စ်ကြွေး”လို့ အသံထွက်ရမှာ။ သူက အဲဒါကို ”၀က်ကြွေး”တဲ့လေ။ ဒီစာလုံးက တစ်နေရာတည်းပါနေရင် သိပ်မသိသာပါဘူး။ ဖြစ်ချင်တော့ သီချင်းနာမည်ကိုက “၀ဋ္ဋ်ကြွေး“ပါဆိုမှ ဒီ“၀ဋ္ဋ်“ ဆိုတာကြီးက နေရာတိုင်းပါနေတော့တာ။ ဒီနေရာရောက်တိုင်းလည်း ”၀က်” ”၀က်”နဲ့ တချိန်လုံး ”၀က်” နေပါရောလား။ ဘယ်လိုပြင်ပေးပေး သီချင်းမဆိုခင်တော့ ဟုတ်နေတာပဲ။ သီချင်းလဲဆိုရော ”၀က်”ပဲ ထွက်ပြန်ရော။ အဲလိုနဲ့ပဲ နောက်ဆုံးတော့ “၀ဋ္ဋ်ကြွေး“ကျွတ်အောင် သီချင်းပြောင်းလိုက်ရပါရောလား။ ဒီအသံထွက်က သူငယ်ချင်းတွေကြားမှာ ပျော်စရာတစ်ခုလို ဖြစ်သွားတယ်။ 2nd year မှာ Workshop practical လုပ်ရတော့လည်းတစ်ခါ။ သံပြားကြီးကို မီးဖုတ်ပြီး ဆယ်ပေါင်တူကြီးနဲ့ တကယ်ထုရတဲ့ Blacksmith မှာပေါ့။ မိန်းကလေးမို့လို့လည်း ညှာတာပြီး သူငယ်ချင်း ယောက်ျားလေးတွေက ကူပေးလိမ့်မယ်မထင်နဲ့။ စောင့်ကြည့်နေတဲ့ ဆရာကလဲ အလစ်မပေးဘူး။ ဘယ်သူမှ ကူညီလို့မရဘူးရယ်။ ကိုယ့်သံပြားကို သူပေးထားတဲ့ ပုံစံရအောင် ကိုယ်တိုင်လုပ်ယူရတယ်။ မိန်းကလေးတွေအားလုံး လက်တွေပေါက်ပြဲပြီး အမေတ ငိုရတာပဲ။ မဟာဆန်တောင် တစ်ပတ်တိတိ ဖျားယူရတယ်။ အဲဒီ Blacksmith နေ့ပေါ့။ Practical လုပ်ပြီး ကလေးသူနဲ့ အတူပြန်လာကြတယ်။ တလမ်းလုံး ပင်ပန်းဆင်းရဲတဲ့အကြောင်း အပြိုင်ညည်းလို့ပေါ့။ ကလေးသူက ဘယ်လိုပြောတယ်ထင်လဲ။ ငါအေ… ဒီ “ဘလစ် စမက်“ နဲ့တော့ သေတော့မှာဘဲတဲ့။ မဟာဆန်ကလဲ ပြင်ပေးပါတယ်။ ဟဲ့ “ဘလစ် စမက်“ မဟုတ်ဘူး “ဘလက် စမစ်“ ပါဆို။ ဘယ်လိုပြင်ပြင် မရဘူး။ နောက်တော့ နှစ်ယောက်သား ပင်ပန်းတဲ့ကြားက ဟားရသေးတော့တယ်။ လွမ်းပါရဲ့ ကျောင်းတော်ကြီးရယ်။

6 comments:

Unknown said...

မဟာဆန်ရေ

ရီလဲရီရပါ့... “ဘလစ် စမက်“တဲ့။
မဟာဆန်..အရေးအသားကောင်းတော့ဒီဲ့Postဖတ်ပြီးတော့ကျောင်းကြီးကိုသတိရပြီလွမ်းတဲ့ရောဂါ
ထနေတယ်။
ကိုယ့်ကိုကိုယ်လဲလွန်ခဲ့တဲ့၁၃နှစ်ကsecond yearကျောင်းသူဘဝကိုမြင်ယောင်နေမိတယ်။workshop မြင်ကွင်းတွေမြင်ယောင်နေတာပေါ့။
သဇင်ဆောင်နဲ့ဩာဘာလမ်းကိုလွမ်းလိုက်တာ။

လေသံအမျိုးမျိုးကိုကြားယောင်နေတယ်။
အသုံးအနှုံးတွေကလဲဒေသလိုက်စုံနေတာပဲနော်မဟာဆန်ရေ။
မန္တလေးဘက်မှာမုန့်ဟင်းခါးစားမယ်လို့မပြောကြဘူးနော်
မုန့်ဟင်းခါးသောက်မယ်ပဲပြောကြတယ်။

မဟာဆန် said...

ဟုတ်တယ်ကျော့ရေ…မန္တလေးမှာက မုန့်ဟင်းခါးဆို အရည်သောက်တာလေ။ တို့လည်း အညာသူဆိုတော့ မုန့်ဟင်းခါးဆို အရည်ကို ပိုကြိုက်တယ်။ ရန်ကုန်ကတော့ မုန့်ဖတ်ကို ဟင်းရည်ဆမ်းစားတာဆိုတော့ မုန့်ဟင်းခါး စားတယ်ပဲပြောတာပေါ့။
ကျောင်းသားဘ၀ဆိုတာ လူတိုင်းအတွက် အပျော်ဆုံး၊ မေ့မရနိုင်ဆုံးပဲလေ။ တို့လည်း တိုက်ဆိုင်တိုင်း၊ သူငယ်ချင်းတွေနဲ့ ဆုံမိတိုင်း လွမ်းတယ်။

Taungoo said...

ကိုယ့်ဒေသသံနဲ့ကိုယ် ထွက်တဲ့အထဲမှာ တောင်ငူလည်းပါတယ်အမရေ
ချ-သံနဲ့ ရှ-သံကို လွဲပြီးထွက်ကြတာ

ဒါနဲ့ မ-မဟာဆန်တို့ မကျော့တို့က RIT ကကျောင်းဆင်းတွေပဲလားဗျ
စီနီယာအမကြီးတွေပေါ့

မေတ္တာဖြင့်

မဟာဆန် said...

ဟဟ
ဟုတ်တယ်တောင်ငူရေ
တို့သူငယ်ချင်းထဲမှာ တောင်ငူသားတစ်ယောက်ရှိတယ်
သူလည်း “ချ“နဲ့ “ရှ“ မပီဘူး
သူ့ကောင်မလေးကို ရည်းစားစကားပြောဖို့လုပ်တော့ သူစကားမပီတာနဲ့ ကြောက်ပြီးတော်တော်နဲ့ မပြောရဲဘူး
တို့တွေ ၀ိုင်းမြှောက်ပေးကြမှ “ရှစ်တယ်“လို့ သွားပြောတာလေ
ကံကောင်းတယ် ကောင်မလေးက နားလည်တယ်တော့ ဟဟ
တို့က MTUက BE ပြီးတာပါ
Master တော့ RITက ပြီးတယ်
တောင်ငူက RIT ကလား။ တို့နဲ့ အတန်းသိပ်မကွာလောက်ဘူးထင်တယ်။
ကျော့ကတော့ RIT ဆင်း၊ သဇင်ကွင်းပေါ့….ဟဟ…မုန့်ကျွေးနော်ကျော့

Unknown said...

ိုမဟာဆန်ရေ

အလုပ်ရှုပ်နေလို့မရောက်ဖြစ်တာ။မဟာဆန်လည်းတော်တော်အလုပ်ရှုပ်တယ်ထင်ပါ့။Postအသစ်မတွေ့ပါ။တောင်းဆိုနေတာနော်။ဟိဟိ။
သဇင်ကွင်းဆိုလို့တော်တော်မြောက်သွားတယ်။
ကွင်းကွင်းသွားတာလေ။
ဘာစားချင်လဲပြော....ဝယ်ကျွေးမယ်။မဟာဆန်လိုတော့ချက်တတ်ဖူး။
အိမ်ဉီးနတ်ကတော့ဩောဘာပေးတယ်..."ညီးတို့နှစ်ကသဇင်Queenကြားရင်ထိုင်ငိုနေလိမ့်မယ်တဲ့"....so sad!
တောင်ငူရေ..ဟုတ်ပါ့.RITကပေါ့။

Unknown said...

Sorry,Ma Harr Sann!
I've typed wrongly in some sentences.မဟာဆန်လည်းတော်တော်အလုပ်ရှုပ်တယ်ထင်ပါ့။Postအသစ်မတွေ့ပါ။