Friday, June 19, 2009

မြေကမ္ဘာ ကိုလာလည်တဲ့ ပန်ကန်ပြားပျံလော

CNN ၀က်ဆိုဒ်က သတင်းတစ်ပုဒ်ကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ပြီး တင်ဆက် လိုက်ပါ တယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့ စနေနေ့က အမေရိကန် ဗာဂျီးနီးယားပြည်နယ် ဒို့စ်ဝဲလ် မြို့  King's Dominion theme park ကောင်းကင် ယံမှာ ကြီးမားတဲ့ စက်ဝိုင်းပုံ ဖြူဖြူ အရာတခု ပျံသန်းနေတယ်လို့ ဆိုပါတယ်။...အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အငြင်းပွားနေဆဲ ပဲ ရှိပါသေးတယ်။..။ အဲဒီ အချိန်က အနီးအနားမှာ တခြားမှတ်တမ်းတင် ရိုက်ကူး နေတဲ့သူတွေ လဲ ရှိပါတယ်တဲ့။ စီအင်အင်က ဗွီဒီယို မှတ်တမ်း တင်ခဲ့သူ ရွိုင်ယန် နဲ့ အင်တာဗျူး ခဲ့ပါတယ်။ အင်တာဗျူး ဗွီဒီယို နဲ့ ဒီ UFOလို့ ယူဆတဲ့ အရာဝတ္တု ပျံသန်းနေပုံ မှတ်တမ်းတင် ဗွီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။...။





မြန်မာကလေးပုံပြင်တွေမှာ ပန်ကန်ပြားပျံလို့ နာမည်တပ်ထားခြင်းခံရတဲ့ UFO (Undentified Flying Object) တွေကို လူတွေစိတ်ဝင်စားခဲ့ တာ တကယ်တော့ နှစ်ပေါင်း ထောင်နဲ့ ချီပြီး ရှိခဲ့ပါပြီ။ ၁၀ ရာစု လောက်မှာ တရုတ်ပြည် ဆုန် မင်းဆက်ခေတ်က ရှန်ကျို လို့ခေါ်တဲ့ ပညာရှင် တယောက်က ဆိုရင် အမျိုးအမည် မသိပျံသန်းနေတဲ့ အရာဝတ္တု တစ်ခု အကြောင်း ရေးသားခဲ့ဖူးပါတယ်။ နောက်ပြီး ကမာခွံပုံသဏ္ဌန် ရှိပြီး တောက်ပတဲ့ အလင်းတန်း တွေ တံခါးပေါက်တွေက ထွက်နေတယ် ဆိုပါတယ်။ အမြန်နှုန်းကလည်း ကြောက်ခမန်းလိလိပါပဲတဲ့။
၁၈၇၈ ခုနှစ်မှာ Denison နေ့စဉ် သတင်းစာမှာ ဖော်ပြခဲ့တာက ဂျွန်မာတင်လို့ ခေါ်တဲ့ လယ်သမားဟာ မည်းနက်ပြီး စက်ဝိုင်းပုံသဏ္ဌန်နဲ့ အရာဝတ္တု တစ်ခုဟာ အံသြစရာ အရှိန်အဟုန်နဲ့ ပျံသန်းခဲ့တာ တွေ့လိုက်ပါတယ်တဲ့။
၁၉၀၄ ခုနှစ်မှာ အမေရိကန်ရေတပ် သားတစ်စုဟာ အလားတူ ပုံသဏ္ဌန် ရှိတဲ့ အရာဝတ္တုတစ်ခုကို သူတို့သင်္ဘောပေါ်ကနေ မြင်တွေ့ခဲ့ရကြောင်း နှစ်မိနစ် သုံးမိနစ် အတွင်းမှာပဲ လျှင်မြန်စွာ ထွက်ခွာ သွား ကြောင်း သတင်းပို့ခဲ့ကြပါတယ်။
အလားတူ အဖြစ်အပျက်မျိုးတွေကို ၁၉၂၆ ခုနှစ်မှာ တရုတ်ပြည် မှာ တစ်ကြိမ်၊ ၁၉၄၂ မှာ လော့အိန်ဂျလိစ် မှာ တစ်ကြိမ် တွေ့ရှိခဲ့ကြတယ်လို့ သတင်းပို့ခဲ့ကြပါတယ်။
အစိုးရအဖွဲ့ အစည်းတွေနဲ့ သီးခြားပညာရေး အဖွဲ့အစည်းတွေက ဒီကိစ္စကို အလေးအနက်ထား လေ့လာခဲ့ကြပေမယ့် အာကာသကနေ တကယ်ပဲ ဂြိုလ်သားတွေ လာခဲ့ကြသလားဆိုတာ ဒီနေ့ထိတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြသေးပါဘူး။ ဘယ်ဂြိုလ်သားမှ လာရောက် ဆက်သွယ် ခြင်းမျိုး မရှိ သေး ပါ ဘူး။ ကမ္ဘာတလွှား UFO organizations များကိုတော့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။



ကိုးကား။..........။

http://edition.cnn.com/video/#/video/ireports/2009/06/18/dcl.irpt.knowles.ufo.cnn
http://www.ireport.com/docs/DOC-274693
http://en.wikipedia.org/wiki/UFO

3 comments:

လပြည့်ရိပ် said...

ဟေး ...... စိတ်ဝင်စားစရာ သတင်း၁ပုဒ်ပဲ ။ ဒီနေ့လွှင့်တာလား။ စောင့်ကြည့်ဦးမှပဲ။

Anonymous said...

စိတ်ဝင်စားစရာပဲ၊
ဘာမဆိုဖြစ်နိုင်တယ်နော်။

သားကြီး said...

အဲဒီကိစ္စကခုထိစိတ်ဝင်စားစရာအကောင်းဆုံး
ကိစ္စတစ်ခုဖြစ်နေတုန်းပဲနော်