Thursday, November 13, 2008

လည်စီး ဘယ်လိုစည်းမလဲ

ကျောင်းသား စားရိပ်သာမှာ မကြာခဏဆိုသလို စာအုပ်လိုမျိုး၊ အင်ဂျင်နီယာကိရိယာလိုမျိုး၊ သမ္မာ ကျမ်းစာလိုမျိုးတွေဝေတဲ့ ဓလေ့တစ်ခုရှိပါတယ်။

ကျွန်တော့်သူငယ်ချင်းများ သွားတဲ့နေ့ဆို ညကြည့်မီး၊ပေကြိုးနဲ့ ၀က်အူလှည့် အစုံကို တွဲထားတဲ့ အသေးစား tool လေးတွေ၊ ဘီယာ၊ မုန့် နဲ့ အခြားသွားရည်စာများ တွဲပြီး ထုတ်ထားတဲ့ လက်ဆောင်ထုပ်ကလေးတွေ၊ နဲ့ အခြားပစ္စည်းကောင်းကောင်းလေးတွေ ဝေတတ်ပါတယ်။

ကံသိပ်ကောင်းတတ်တဲ့ ကျွန်တော်ကတော့ တစ်ခါမှ ပစ္စည်းကောင်းကောင်း ဝေတာနဲ့ မကြုံပါဘူး။ ဒိုင်ယာရီလို စာအုပ်ကလေး နဲ့ ဓမ္မာသစ်ကျမ်းစာအုပ် တွေတော့ ရဖူးတယ်။ ရုပ်ကိုက ဘာသာရေးကိုင်းရှိုင်းတဲ့ လူကြီးလူကောင်းရုပ်ပေါက်နေလို့လားမသိ။

ကျောင်းသား စားရိပ်သာ ကို ဒီနေ့ သွားမစားဖြစ်ပါဘူး။ ကျောင်းပင်မ အဆောက်အအုံကို သွားရင်း သူငယ်ချင်းနဲ့ ဆုံသမို့ သူယူလာတဲ့ စာအုပ်နှစ်အုပ်ကို စိတ်ဝင်စားတာနဲ့ ကောက်လှန်မိတယ်။ ၁၅ ယူရိုပေးရတယ်လို့ ပြောတာနဲ့ ဆက်ဖတ်ကြည့်လိုက်တော့ မှ သူငယ်ချင်းနောက်နေမှန်းသိလိုက်ရတယ်။

အလကား ရလာတဲ့စာအုပ်တွေကိုး။ ကျွန်တော်တို့အကျင့်ကလည်း အလကားပါ ယူသွားပါဆိုမှ ယူတတ် တယ် ခင်ဗျ။

စာအုပ်လေးရဲ့နောက်ပိုင်းတွေကို လှန်ကြည့်လိုက်တော့ အင်ဂျင်နီယာများ မကြာခဏ သုံးလေ့ရှိတဲ့ ပုံသေနည်း အချို့ နဲ့ လည်စီး စည်းနည်းလေးကို တွေ့လိုက်ရတယ်။

မရှက်တန်းပြောရရင် ကျွန်တော် လည်စီး ကောင်းကောင်း မစည်းတတ်ပါဘူး။ ဒါနဲ့ ငါ့ ခဏ ပေးလိုက်ကွာဆိုပြီး အခန်းထဲယူလာပြီး လည်စီး စည်းနည်း ၄ မျိုးကို ကျင့်စီးတော့ တာပဲ။

ဒီနောက်ပိုင်း ကြည့်ဖြစ်တဲ့ ကိုရီးယားတို့ ဂျပန်တို့ ကျွန်တော်တို့ အာရှသားများရဲ့ဇာတ်လမ်းတော်တော်များများမှာ အနောက်တိုင်း ၀တ်စုံကို နေရာတော်တော် များများမှာ ၀တ်လာ ကြတာတွေ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ရာသီဥတုကြောင့်လားမသိ ဥရောပ၀တ်စုံ နက်ခ်တိုင် ၀တ်စုံပြည့်ဝတ်တာ သိပ်မတွေ့ရဘူး။ နိုင်ငံခြားထွက်မယ်ဆိုမှ ဥရောပ၀တ်စုံပြေးဝယ်ကြတာ များပါတယ်။

ကျွန်တော့်လို တောသားကတော့ ဘာဝတ်စုံဝယ်ရမှန်းမသိ မ၀တ်တတ်တာနဲ့ အခုအချိန်ထိ ၀တ်စုံအပြည့် တစ်စုံတောင် မရှိပါဗျာ။

ငါ့လို ခပ်ထူထူ ဘယ်နှစ်ယောက် ရှိသလဲမသိ ဝေလိုက်အုံးမှဆိုပြီး ဘလော့ဂ် ရေးလိုက်မိပါရဲ့ ဗျာ။ အောက်က ပုံများကိုသာကြည့်ပြီး မှန့်ရှေ့သွား တစ်ယောက်တည်းလေ့ကျင့်ပေရော့။ ကျုပ်တို့ အမျိုးသားများ လှပရေးဝေချမ်းရေးလုပ်လိုက်ပါရဲ့။

မထူးပါဘူးလုပ်လက်စနဲ့တော့ ဆက်လုပ်မှဆိုပြီး အင်တာနက်မှာ စပ်စုလိုက်တော့ လည်စီး စည်းနည်းက အဓိက အားဖြင့်လေးမျိုး ရှိသတဲ့ဗျာ။



Pratt Knot





Four-in-Hand Knot









Half Windsor Knot











Windsor Knot




ဒီပုံတွေနဲ့ စည်းနှောင်ပုံတွေက ဒီ က ရတာပါ။




1 comment:

ရွှန်းမီ said...

ကျေးဇူးပါ..