Tuesday, May 6, 2008

မြင်းခြံသံ

ဒီနေ့ ငယ်သူချင်းတွေနဲ့ ပြန်ဆုံပြီး စကားပြောရတယ်

MTU မှာပျော်ခဲ့ကြတာတွေ စားမြုံ.ပြန်လို့ပေါ့

အဲဒီတုန်းက မဟာဆန်တို့ရဲ့ စားကျက်က ”ရှမ်းမလေး” ဆိုင်ပေါ့

မနက်ခင်းဆို ရှမ်းခေါက်ဆွဲစား၊ Black&White က လက်ဖက်ရည်မှာသောက်တယ်

နေ့လည်ကျတော့လဲ ရှမ်းမလေးမှာပဲ နေ့လည်စာစားကြတာပဲ

မဟာဆန်တို့ သူငယ်ချင်းအုပ်စုကြီးကလဲ မနည်းဘူး။ မိန်းကလေးတွေချည့် ၁၀ ယောက်ကျော်တယ်။ တခါတရံ ယောက်ျားလေးတွေပါလာရင် လူ ၂၀ လောက်ဖြစ်သွားရော။ အဲလောက်အုပ်စုကြီးဟာ နေ့တိုင်း စားပွဲဝိုင်းနှစ်ခုဆက်ထိုင်လို့ စားကြသောက်ကြပါတယ်။

ဒီလိုနဲ့ တစ်နေ့နေ့လည်မှာပေါ့

အတန်းပြီးလို့ ဗိုက်ဆာဆာနဲ့ ”ရှမ်းမလေး”ကို အပြေးလာကြပါရော

အဲဒီဆိုင်က စားပွဲထိုးကောင်မလေးက ငယ်ငယ်လေး။ ငယ်ငယ်လေးမှ တကယ့်ကို ၇နှစ်လောက်ပဲရှိတဲ့ ကလေးလေး။ အဲ သူ့တော့ သွားအထင်မသေးနဲ့။ သူနဲ့ ပြေလည်မှ နေ့ခင်းအတန်းပြန်မစခင် ထမင်းစားရမယ်မှတ်။ မဟာဆန်တို့ကတော့ ပင်တိုင်ဖောက်သည်တွေဆိုတော့ ပြေလည်သပေါ့လေ။

ဆိုင်ထဲရောက်တာနဲ့ ကောင်မလေးကလဲပြေးလာ။ မဟာဆန်တို့ကလဲ တစ်ယောက်တစ်ပေါက် ၀ိုင်းမှာပေါ့လေ။ စားစရာတွေလာချ၊ စားမယ်လဲလုပ်ရော… မြင်းခြံသူရဲ့ ပန်းကန်ထဲမှာ ဇွန်းက ပါမလာဘူး

မြင်းခြံက ပြောတဲ့အသံက “-ွန်း” သံကို ”-ွင်း” သံထွက်တယ်လေ

အဲတော့ သူကဇွန်းထပ်တောင်းဖို့ စားပွဲထိုးကောင်မလေးကို လှမ်းအော်တယ် “ဇွင်း မပါဘူးဟေ့၊ ယူခဲ့ဦး” တဲ့

ဒါပေမဲ့ ထုံးစံအတိုင်းပဲ တခြားဝိုင်းကလူတွေမှာတာကို ဂရုစိုက်နေတော့ ဇွန်းကရောက်မလာဘူး

မဟာဆန်တို့မှာလည်း သူ့ကို စောင့်နေရတာနဲ့ ကိုယ့်ရှေ့က ထမင်း ဟင်းတွေကို မြင်သာမြင် မကြင်ရ လုပ်နေရတယ်

ကြာတော့ မြင်းခြံသူလဲ စိတ်ပေါက်ပေါက်နဲ့ လှမ်းအော်လိုက်တယ်

“ဟင်း.. ဗမာလို ပြောနေတာကို နားမလည်ဘူး… အင်္ဂလိပ်လိုပြောပစ်လိုက်မယ်…ကဲဟေ့.. ”စပွင်း (spoon) ” ပါတဲ့ရှင်……

No comments: