Monday, September 17, 2018

ကူးကူး

ပုံဆွဲရင်းနဲ့ လက်ချောင်းတွေသန်မာစေတဲ့လေ့ကျင့်ခန်းရတာပေါ့။

သုံးနှစ်ကလေးတယောက်ရဲ့ စိတ်ခံစားမှု ဟာပွင့်လင်းပါတယ်။ သူဆွဲတဲ့အခါ သူဟာ အမေအနားမှာရှိနေပြီး သူ့အစ်မဟာ အဖေအနားကို နေရာပေးထားပါတယ်။ နားရွက်မှာ ချိတ်စရာတွေပါတာ သူ့အမေပုံပါ။ အကြီးကဆွဲတဲ့ပုံတွေမှာ အမေက သူနဲ့ရှိနေပြီး အဖေက အငယ်လေးနဲ့ရှိနေပုံ အမြဲဆွဲပါတယ်။ သူ့အမေ ခန္ဓာကိုယ်ကနေဖွံ့ဖြိုးလာတဲ့ အစိတ်အပိုင်း သူဒုက္ခခံခဲ့ရတဲ့ အစိတ်အပိုင်းမို့ မိခင်ကို ချစ်စိတ်ရှိတာ သဘောကျပါတယ်။





အရွယ်အစားကွာခြားချက်တွေထည့်ဆွဲတာတွေ့ရပြီး အဖေဟာ ဆလင်းဖြစ်သူပါ။ သူဟာ အစ်မထက် အကောင်သေးတာလည်း သိနားလည်ပြီးပါပြီ။ အိမ် ပြတင်းပေါက် တံခါး ပန်းပွင့်တွေဟာ သမီးငယ်တွေရဲ့ စိတ်ကူးပုံရိပ်ထဲက လွှမ်းမိုးတဲ့ အရာတွေပါပဲ။ ရေကန်မှာတွေ့တဲ့ တကောင်ထည်းသော မန်ဒါလီဘဲကိုလည်း သူမှတ်ထားပါတယ်။ ဒါတွေက အငယ်လေးရဲ့ဖွံ့ဖြိုးမှု လေ့လာကြည့်မိသလောက်ပေါ့။

No comments: