Thursday, August 14, 2014

အလှည့်အပြောင်း

သူငယ်ချင်းငှားထားတဲ့ ကြို့ ကုန်းက ၅ လွှာတိုက်ခန်းလေးကိုပြန်လာတိုင်း အထီးကျန်မှုကို ခံစားရတယ်...တပတ် ၃ ရက်လောက်တွေ့ နေကျ မိသားစုဘ၀လေးကို လွမ်းတယ် ခုံပေါက်ဆော့နေတဲ့ သမီးလေး ချွဲတတ်ပြီး ဂရုစိုက်ခံချင်လွန်းလို့ ဟိုဟာလုပ်ခိုင်းဒီဟာ လုပ်ခိုင်း နဲ့ မီးမီးလေးကိုလွမ်းတယ်..အတူနေစဉ်က မောလွန်းလို့ စိတ်တိုမိပေမယ့်..၃ ရက်လောက်ကြာရင် သတိရလွန်းလို့ ဆိုင်ကယ်နဲ့ ပြင်စာ သွားနေကျ..။
သမီးနဲ့ဇနီးကိုလွမ်းပေမယ့် ချစ်ဇနီးအားငယ်မှာစိုးလို့ သတိရကြောင်း ပြောတာ ဖုန်းဆက်တာ သိပ်မလုပ်ဖြစ်ဘူး ညရောက်မှ မက်ဆေ့တိုလေး တစ်ကြောင်းလောက်ပဲ ပို့တယ်...။ ချစ်ဇနီး အားငယ်သွားရင် ကိုယ်ပါ အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး မိသားစုတွေ ဒုကမရောက်စေချင်ဘူး..။ အလုပ်အသစ်ပြောင်းတော့ ပတ်ဝန်းကျင်အသစ် မိတ်ဆွေအသစ်တွေ ဆက်ဆံရတယ်...။ နှစ်ရှည်လများ အတူသွားလာစားသောက်ခဲ့ကြတဲ့ဘ၀တွေကိုလွမ်းမိပါရဲ့ ..။ နှစ်နဲ့ချီ အကြာကြီး ခွဲထားရတဲ့ ရွာကအဖွားတစ်ယောက် ကျန်းမာရေးကောင်းရဲ့ လား..။ အဖေ နေကောင်းပါရဲ့ လား...။ ဆွေမျိုးတွေ ဝေးနေတဲ့ အဖွား...။ အဖေ..။ ညီမလေး..။ သနားစရာကောင်းပါရဲ့ ..။ အမျိုးနည်းပါးရှာတဲ့ ဇနီးနဲ့ သမီးကို သိပ်သနားမိတယ်..။ ကိုယ်ငယ်ငယ်တုန်းကလို ဆွေမျိုးတွေ သိုက်သိုက်ဝန်းဝန်းနဲ့ သူတို့ကို နေစေချင်တယ်...။ အင်း နောက်ဆုံး ကိုယ်အပါအ၀င်ပေါ့လေ..။ ကိုယ့်ကိုကိုတော့ သိပ်မသနားမိဘူး..။ အပြောင်းအလဲတွေကို မကြာခဏ တွေ့ရဖန်များလာလို့ ခံနိုင်ရည်ရှိနေပြီ..။
ဝိပသနာကို သင်ပြပေးခဲ့တဲ့ ဆရာသမား ဦးမောင်နဲ့ ဓမ မိတ်ဆွေတွေကို ကျေးဇူးတင်မိပါရဲ့ ။
ဖြတ်သန်းခဲ့တဲ့ တစ်ဘ၀စာအချိန်တွေရဲ့ နောက်ဆုံးနေ့ရက်တွေမှာ တသပြီး မလွမ်းတတ်အောင် ကြိုးစားနေပါရဲ့ ...။ (မင်းညို ..အရှေ့ ကြို့ ကုန်း)

No comments: