Thursday, August 21, 2014

အချိုးအကွေ့ တစ်ခု

US Company တစ်ခုရဲ့  ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ပြည်တွင်း Company တစ်ခုရဲ့  နည်းပညာအကြံပေး တာဝန်ယူခဲ့တာ တစ်လနီးပါးရှိတော့မယ်...။ တကယ်တန်းလေ့လာနေရတာတွေက Marketing, Business Development တွေ ဖြစ်လာတယ်..။ ရက်ခြားဆိုသလို Oil and Gas Company တွေ ကျင်းပတဲ့ ဟိုတယ်ပွဲတွေ ရက်ခြားဆိုသလိုတက်နေဖြစ်တယ်...။ လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတတွေ ရပါရဲ့ ..။ နည်းပညာပိုင်းဆိုင်ရာ လက်တွေ့လေ့ကျင့်ခွင့်မရသေး..။

လုပ်ငန်းတွေရဲ့  Management ပိုင်းဆိုင်ရာ ထိပ်ပိုင်းတွေနဲ့ တွေ့ဆုံခွင့်ရတာ တွေက အကျိုးအမြတ်တော့ ရှိစေတယ်ထင်တယ်..။

လမ်းကြောင်းမှန်တစ်ခုကို ဘယ်လိုရွေးမလဲ..။ ရတာယူ ရတာအကုန်သင် ဖို့ ဘ၀ရဲ့  အချိန်တွေက တိုတောင်းလွန်းတယ်..။ လူ့သက်တမ်းကန့်သတ်ချက်တွေကို စဉ်းစားမိရင် ရရာယူဖို့ စိတ်မကူးမိဘူး ..။ ဘယ်လမ်းကြောင်းက သတ်မှတ်ချိန်အတွင်း အအောင်မြင်ဆုံးလမ်းကြောင်းဖြစ်မလဲ...။ ဘယ်လမ်းကြောင်းက မိသားစုအတွက် အသက်ကန့်သတ်ချိန်အတွင်း အောင်မြင်စေနိုင်မလဲ...။

 ဘ၀ကို တစ်ဆင့်ခြင်း တက်လှမ်းသူတွေဟာ လွယ်ကူတဲ့ပြီး စိတ်ဖိစီးမှုနည်းတဲ့ဘ၀ကို ကျင်လည်ကြတယ်..။ အဆင့်ကျော်ရှင်သန်သူတွေကျတော့ မရှုံးနိမ့်ချင်တာနဲ့ပဲ ဘ၀ကို စိတ်ဖိစီးမှုတွေနဲ့ပဲ ဖြတ်သန်းနေကြပုံရတယ်..။

မီးမီး ဖေကြီးကို လွမ်းနေတယ်လို့ သူငယ်ချင်းတစ်ယောက်ကပြောလာတယ်..။ သတိရသွားမှာစိုးရိမ်လို့ ဖုန်းသိပ်မဆက်ဖြစ်...။လူကြီးတစ်ယောက်တောင်ခံစားရရင် (၂) အရွယ်ကလေးလေး ဘယ်လောက်ခံစားရရှာမလဲ...။ ချစ်ဇနီးစိတ်ခွန်အားရှိစေချင်တယ်...။ ဘ၀ဆိုတာ ရုန်းကန်ရတာ ဆိုတဲ့ အဓိပါယ် ပိုနားလည်လာသလိုပဲ...။ ပန်းတိုင်ကဘာလဲ...။ အိုမင်းချွတ်ချော်ပြီး သေဆုံးသွားချိန်လား...။
တိုတောင်းတဲ့ဘ၀တစ်ခုအတွင်း မိသားစုကောင်းလေးတစ်ခုတည်ဆောက်ဖို့ မျှော်လင့်မိပါရဲ့ ..။

တစ်ရက်ဆိုတဲ့အချိန်တွေ ဘယ်လိုကုန်မှန်းမသိ...။ တစ်လဆိုတာလည်း တိုတောင်းလွန်းပါဘိ...။
(မင်းညို..ဗဟန်း။)


1 comment:

walentygager said...

The casino may be rigged, the game to lose - Dr.
Casino may be rigged, the game to lose 경상남도 출장샵 · 춘천 출장마사지 We tried to find 안산 출장샵 a suitable solution. 군산 출장안마 · We found that it 이천 출장샵 is one of the safest places to play · This was the result.