Wednesday, October 7, 2009

Periodic Table ကစတဲ့ အတွေးများ



ရှုပ်ပွနေတဲ့ Lab ခန်းတခန်းထဲဝင်သွားတော့ ကွန်ပျူတာတစ်လုံးရှေ့  ထိုင်မှိုင်နေတဲ့ ဘော်ဘော် ကို တွေ့လိုက် ရတယ်။ ဆက်မကြည့်ချင်တော့တာနဲ့ မျက်စိ ကစားလိုက်တာ နံရံပေါ်မှာ စိတ်ဝင်စားဖွယ် တစ်ခု သွားတွေ့တယ်။ ၁၀ တန်းနှစ်မှာ ကိုယ်ကိုတိုင် Element တစ်ခု အဖြစ်ပျော်ဝင်သွားမတတ် ကျက်မှတ်ခဲ့ရတဲ့ ဇယားလေး တစ်ခု။ သူ့ကို ဟိုက်၊ ဟီ၊ လီ၊ ဘီ၊ ဘို၊ ကာ၊ နိုက်၊အို၊ အက်ဖ်၊ နီ၊ ဆို၊မောင်၊ လူ၊ ဆိုဒ်၊…..ဘလာ ဘလာ (ဆက်မရတော့ဘူး) စသည်ဖြင့် ကျက်တဲ့သူက ကျက်ခဲ့ကြတယ်။ တချို့ ကလည်း ဇယားပါအတိုင်း ကျက်ခဲ့ကြတယ်။ နောက် သင်ယူလေ့လာရမယ့် သိပ္ပံဘာသာရပ်တွေ အတွက် အခြေခံသိသင့်သိထိုက်တယ်ဆိုတာက လွဲလို့ ဘာမှရေရေရာရာမသိ ဘာတွေသုံးမှန်းလည်း မသိခဲ့ဘူး။ ရှေးခေတ် အဂ္ဂိရတ်ရွှေဖြစ်ငွေဖြစ်နည်း ကို ဒီဇယားလေးနဲ့ ချိန်ထိုးကြည့်ပြီး ပြဒါးကို အီလက်ထရွန် တစ်လုံးဖယ်ရင် ရွှေဖြစ်နိုင်တယ် ဘာညာပြောတဲ့သူလည်း ပြောကြတယ်။ (ပြဒါး နဲ့ ရွှေဟာ ဇယားမှာ ရှေ့ နောက်ကျတယ်)။ ဘာပဲပြောပြော ဒီလို လှပပြီး စိတ်ဝင်စားအောင်ဖန်တီးထားတဲ့ ဇယားမျိုးလေးကို ၁၀ တန်းမတိုင်ခင်သာတွေ့ခဲ့ ရင် ဒီဘာသာရပ်ကို ဒီထက်ပို စိတ်ဝင်စားခဲ့မှာအမှန်ပဲ။ ဒီလိုမျိုး တွေကို ပညာရေးနယ်မှာတော့ သင်ထောက်ကူပစ္စည်းလို့ခေါ်တယ်။

ဟိုတုန်းက ဒီလိုမျိုး သင်ထောက်ကူ ပစ္စည်းဆိုတာ မူလတန်း အရွယ်မှာပဲ လိုတယ်ထင်တာ။ အခုတွေးကြည့်တော့ မူကြိုကနေ တက္ကသိုလ် ပညာဆုံးခန်းတိုင်သည်ထိ အကြောင်းအရာတစ်ခုကို စွဲမြဲစွာမှတ်သားမိစေဖို့၊ ပိုမိုနားလည်သဘောပေါက်စေဖို့၊ သင်ရိုးညွှန်းတမ်းမှာ သာမန်ပဲ ပြထားပေမယ့် စာမေးပွဲအတွက်လည်း သာမန်ကျက်မှတ်ထားယုံမျှနဲ့လုံလောက်ပေမယ့် ဗဟုသုတအနေနဲ့ မှတ်သားသင့်တဲ့ အရာတွေကို သင်ထောက်ကူ အနေနဲ့ ချိတ်ဆွဲထားသင့်တဲ့ အရာတွေ အများကြီးရှိပါလားဆိုတာ တွေးမိလာတယ်။ အစိုးရနည်းပညာကျောင်းတွေ တက္ကသိုလ်တွေက စာသင်ခန်းတွေ သုတေသနခန်းတွေမှာ ချိတ်ဆွဲထားတတ်တဲ့ အခြေခံ ဆားကစ်ပုံတွေ၊ တီ၊ ဆက်စကွဲယား၊ ခဲတံ အခြေခံအသုံးပြုပုံတွေ၊ Tool အမျိုးအစားနဲ့ သူတို့တွေကို ဘယ်လိုကိုင်တွယ်ရမယ် ဆိုတဲ့ အခြေခံ ကိုင်တွယ်သုံးစွဲပုံ နည်းစနစ်တွေ၊ အဆောက်အဦဆောက်ရာမှာ အုတ်စီပုံနည်းစနစ်တွေ စတာတွေကိုကားချပ်တွေမှာ ရေးဆွဲလို့ နံရံတွေမှာချိတ်ဆွဲထားကြတယ်။ ဒါတွေအားလုံးဟာ ပညာရေးဝေါဟာရအနေနဲ့ ခေါ်မယ်ဆိုရင် သင်ထောက်ကူ ပစ္စည်းတွေပါပဲ။ ဒီလိုပစ္စည်းတွေဟာ မူလတန်းကစလို့ တက္ကသိုလ်ထိ လိုတယ်ဆိုတာ ပြောဖို့မလိုလောက်အောင်ပါပဲ။ သင်ထောက်ကူပစ္စည်း တခုဟာ မှတ်ရလွယ်ကူပြီး ကျောင်းသင်ခန်းစာရဲ့  အခြေခံအကျဆုံး အရာတွေဖြစ် သင့်တယ်။ နောက် ကျောင်းသင်ခန်းစာအပြင် အပို ဗဟုသုတပါ ပေးစွမ်းနိုင်ပြီး နောက်ထပ် လေ့လာချင်စိတ်တွေ ပေါ်လာအောင် လှုံ့ ဆော်ပေးနိုင်စွမ်းရှိသင့်တယ်။ ဒီဥပမာပြထားတဲ့ ဇယားလေးကို ကြည့်ရင် ဘယ် Element တွေကို ဘယ်နေရာမှာသုံးလဲ အကြမ်းဖျင်းသိနိုင်တယ်။ နောက်ထပ်လေ့လာချင်စိတ်ကို ဖြစ်စေနိုင်တယ်။ ၁၀ တန်းတုန်းက သင်သာ သင်ခဲ့ရတယ် ဘယ်နေရာသုံးမှန်းမသိတာတွေ အများကြီးပဲ။ ဒါဟာ ဆရာဗဟိုပြု သင်နည်းစနစ်နဲ့ ကျောင်းသားဗဟိုပြုသင်နည်းစနစ်ရဲ့  ကွာခြားချက်တွေလည်း ဖြစ်နိုင်တယ်။ အဲဒီအရွယ်ဟာ အကြောင်းအရာတော်တော်များများကို အာဂုံ အလွတ်မှတ်သင့်တာများပေမယ့် တချို့နေရာတွေမှာ ဗဟုသုတအနေနဲ့ အပိုမှတ်သားသင့်တာတွေ ကို ဆရာကပေးနိုင်ရမယ်။ အချိန်ကန့်သတ်ချက်ရှိတဲ့ အတွက် အဲဒီ ဆရာမပေးနိုင်တဲ့ အချက်အလက်တွေကို သင်ထောက်ကူ ကားချပ်တွေသုံးလို့ ဖော်ပြနိုင်သေးတယ်။ ဒီပို့စ် လေးက ဘာအတွေးကိုမှ ထူးထူးခြားခြားမပေးပါဘူး အဓိက ချီးကျူး ချင်တာက Periodic Table ကိုအသွင်တစ်မျိုး နဲ့ သင်ထောက်ကူပုံစံဖြစ်အောင်ဖန်တီးတတ်တဲ့ မူလဖန်တီးရှင်ရဲ့  စိတ်ကူးဥာဏ်ကိုပါ။ Periodic Table ဖြစ်လာဖို့ လမ်းကြောင်းပေးခဲ့သူ စတင်တီထွင်ဖန်တီးခဲ့သူတွေဖြစ်တဲ့ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ နဲ့ ရုရှက ပညာရှင်တွေကို တော့ မချီးကျူးတော့ဘူး ယောအတွင်းဝန်ဦးဖိုးလှိုင်စာအုပ်ကို ချီးကျူးမိတဲ့ မြင်းထိန်း ငတာလိုဖြစ်မှာစိုးလို့။
[Download Periodic Table]

3 comments:

Taungoo said...

တော်တော်အဖိုးတန်ပြီး အကျိုးရှိစေမဲ့ အရာတစ်ခုကို ခုလို ထုတ်ဖော်ပေးတာ အရမ်းကျေးဇူးတင်တယ်ဗျာ။ ကျွန်တော့်ညီမလေး ကိုးတန်းကျောင်းသူအတွက် ပရင့်ထုတ်ပြီး ယူသွားလိုက်ဦးမယ်။ ဆိုဒ်ကြီးကြီးလေးများ မရနိုင်ဘူးလားခင်ဗျာ။

မင်းညို said...

ပုံပေါ်မှာကလစ်လိုက်ရင် မြင်ကွင်း အကြီးမြင်ရလိမ့်မယ် အဲဒါကို save image as (jpg) လုပ်လိုက်ပါ...အိုကေသွားလိမ့်မယ်

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog