Wednesday, September 16, 2009

အမဲသားလုံးကြော်

ဘ၀မှာ(ဒီ အသက်အရွယ်အထိ) ပထမဦးဆုံး ကြော်ဖူးတဲ့ အမဲသားလုံးကြော်ပါ
အမဲသားက စဉ်းကောလုပ်ပြီးသား ၀ယ်တာမို့ လုပ်ရတာ သိပ်ကရိကထတော့ မများပါဘူး။ ဒါနဲ့ပဲ လွယ်မယ်ထင်လို့ စ…မိတယ်။ အမယ်လေး ကြာလိုက်တာဆိုတာ။ တစ်ဒယ်ချင်းကြော်ရတယ်။ ပထမ ၂ ဒယ်လောက် ကြော်ပြီးကတည်းက ခေါင်းက စ ကိုက်လာပြီ။ ည ၉ နာရီမှ ကြော်ပြီးပါတယ်။ ခေါင်းကြီးကို ပစ္စည်းအလေးကြီးနဲ့ ဖိထားသလို ခံနေရတယ်။ ဦးခေါင်းခွံ အရေပြားကြီးကလည်း ၅ စင်တီမီတာလောက် ထူနေသလိုပဲ။ ပထမဆုံးလက်ရာလည်း ဖြစ်ပြန်၊ ခေါင်းကိုက်ယူရအောင်ကို ပင်ပင်ပန်းပန်း ကြော်ထားတာလည်း တစ်ကြောင်း၊ ကိုယ်ကြိုးစားထားတာလေးကို သူငယ်ချင်းတွေကို တကယ်ကျွေးချင်လာလို့ ဘလော့ဂ်ပေါ်တင်လိုက်တယ်။




ငယ်ငယ်တုန်းက မေမေ ကြော်ထားတဲ့ အမဲသားလုံးကြော်၊ ဆိတ်သားလုံးကြော်တွေကို တစွပ်စွပ် အချိန်ရှိသမျှ နှိုက်စားနေတာ။ အခုမှပဲ မေမေ့ကို သနားလိုက်တာ။ အဲဒါတွေကို အကြာကြီး ကြော်ထားရတာနေမှာ။ ကိုယ်က ၀င်ခလုတ်၊ ထွက်ခလုတ်စားနေရင် မေမေက ”စား..စား…နောက်နေ့ ထပ်ကြော်ဦးမှာ” လို့ ပြောသေးတာ။
ဟင်းကြော်တာ စောင့်နေရင်း မေမေလုပ်ပေးခဲ့တာမျိုး သတိရလို့ ထမင်းကိုပါ အဆုပ်လေးတွေ လုပ်လိုက်တယ်။ မေမေက ထမင်းပူပူကို အဲလို အဆုပ်လေးတွေ လုပ်ကျွေးတတ်တယ်လေ။
ဟင်းချိုကတော့ ရှိသမျှအားလုံး ပစ်ထည့်ပြီး ဂျင်း၊ဆား၊အချိုမှုန့်၊ ငံပြာရည် နည်းနည်း ထည့်ထားတာ။ ခေါင်းကိုက်လိုက်တာ။ အိပ်ပြီကွာ။

10 comments:

လင်းကြယ်ဖြူ said...

အမဲသားလုံးကြော်တော့ကြိုက်ခဲ့တယ်
အိမ်က အမဲသားစဖြတ်လိုက်တဲ့နေ့ကစပြီး
ဝေးနေခဲ့ရတယ်..ဟဲ..
တော်သေးတယ်..၀က်သားပါ မဖြတ်လိုက်လို့...
ပျော်ပါစေခင်ဗျာ

မေလေး said...

အမဲသားအိမ်မှာမစားလို့ အဲလိုမစားဖူးဘူး။
ဒါပေမဲ့ မမကြော်ထားတာ တစ်လုံးနှိုက်စားသွားပီ။
ဝါးးးးးး ကောင်းထှာ
နောက်လဲကြော်ကျွေးနော်။
အဟက်...

မေသစ္စာမောင် said...

အမဲသားလုံးကြော် ၀က်သားလုံးကြော် အားလုံးကြိုက်တယ်...။

အစ်မ မဟာဆန်အိပ်တော့မလို့လား....အိပ်နော်။
အစားအသောက်တွေ ရှင်းပေးပြီးပန်းကန်ပါဆေးသွားပေးမယ် :D

Unknown said...

အိမ်က အမေ့ကိုတောင် သတိရသွားတယ် စိမ်းမေမေလည်း အဲ့လိုပဲ ထမင်းပူပူလေးတွေကို ဆားလေးနည်းနည်းဖြူးပြီး အဆုပ်ကလေးတွေလုပ်ပေးတတ်တယ် ... ထမင်းချိုး မပျော့မမာအနေတော်ကလေးတွေ ရတဲ့အခါမျိုးပေါ့...

ကိုရေတမာ said...

အားပေးလို့ ကျေးဇူးတဲ့ ရပါတယ် အကုန်စားသွားမှာ ဟား ဟား

ကျောပိုးအိတ် said...

မမ မဟာဆန်ရေ

ခေါင်းတော်တော်မူးနေလားဟင်။ သမီး ပါရာစီတမော ယူလာတယ်။ ထသောက်လိုက်ဦးနော်။

ဆေးမသောက်ချင်ရင် သံပရာရည် ချိုချဉ်လေး ဖျော်လာတယ်။

မမက ခေါင်းအမူးခံပြီး ကြော်ထားတဲ့ အမဲသားကြော်လေး သမီးစားသွားတယ်။ သမီးလဲလေ အဲလို ထမင်းစုပ်လေးတွေ သိပ်ကြိုက်တာ။

မမကိုအရမ်းခင်တဲ့
ညီမသမီးလေး
း)

Shinlay said...

ပင်ပန်းသွားလား။ မြည်းတောင်မမြည်းရက်တော့ဘူး။

လပြည့်ရိပ် said...

သယ်ရင်း .... ငါကြော်တာတော့ ခဏလေးပါ။ အသားကွာလို့လားတော့ မသိဘူး။ ငါက Hackfleisch ဘူးကို ကြော်တာ။

သူရဲကောင်းကြယ် said...

အစ်မဆီ အလည်လာတဲ့အခါ ကြော်ကျွေးမှာလားဟင်...ခုတော့ ပုံကိုကြည့်ပြီး စိတ်ထဲက မြည်းလိုက်ပါတယ်

ဂျာမုန်းဒန် said...

မဆာဆန်ရဲ့လက်ရာကို..စားဘူးသူတာသိ၏
ဟိုတခါ..ပဲကုလားဟင်းမှာအမှတ်ပြည့်ရရှိသွားကြောင်း သက်သေအထောက်အထားရှိ၏
ဒါကြောင့်..နောက်ကျမှရောက်သော်ညားလည်း..
အားလုံးလက်ကျန်လာရှင်းသည်။
ခင်မင်စွာဖြင့်
ဂျာမုန်းဒန်