Tuesday, June 23, 2009

Verkaufsoffener Sonntag Hamburg


Shopping day ဆိုတော့ shopping ထွက်ရတာပေါ့ရှင်။ နေ့လည် ၁ နာရီကနေ ညနေ ၆ နာရီထိ ဆိုင်တွေ ဖွင့်ကြပါတယ်။ လူတွေလည်း တော်တော်စည်ကားပါတယ်။

အပေါ်က နှစ်ပုံက Harburg Arcaden mall ရှိတဲ့ Lüneburger လမ်းမြင်ကွင်းပါ။ တီးဝိုင်းနဲ့ သီချင်းဆိုနေတာရှိပေမဲ့ လူတွေ တအားများနေလို့ ဓါတ်ပုံ မရိုက်ခဲ့ရပါ။


Take 5 Jazz Band က Marktkauf ရှေ့မှာ ဖျော်ဖြေကြတယ်

ကိုယ့်နားတင် ဟိုကြည့် ဒီကြည့်နဲ့ အချိန်ကုန်နေလို့ main station နား တစ်ဝိုက်ပဲ သွားဖို့ အချိန်ရခဲ့တယ်။ SATURN မှာ ရှိသမျှအထပ် အနှံ့ လျှပ်စစ်ပစ္စည်းတွေ လျှောက်ကြည့်ခဲ့တယ်။ ဈေးတွေလည်းကျလို့။ ၀ယ်ထားတာတွေ နှမြောလိုက်တာ။

မြို့ထဲ မြင်ကွင်းများ

ကလေးတွေကတော့ ကြုံတိုင်းဆော့ပဲ

ဒီနေရာမှာ street dance ကနေပါတယ်။ လူတွေ တအားများနေပြီး ကျွန်မကိုယ်တိုင်ကလည်း အကပဲ အာရုံစိုက်ကြည့်နေလို့ ဓါတ်ပုံတောင် မရိုက်နိုင်ခဲ့ဘူး။

ဒီနေရာကစပြီး ကျွန်မ ဓါတ်ပုံ မရိုက်တော့ပါ။ NewYorker…. C&M…C&A….Orsay စတဲ့ ဖက်ရှင်ဆိုင်တွေချည့် တန်းစီနေတာမို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လျှောက်ကြည့်နေလို့ပါ။ ပစ္စည်းတွေအားလုံး ဈေးချနေပါတယ်။ တစ်ချို့ဆိုင်တွေဆို တစ်ဆိုင်လုံးနီးပါးကို ၅၀% ချရောင်းပါတယ်။ တချို့ပစ္စည်းတွေဆို ၇၅%ထိတောင် ဈေးချတယ်။ တို့ အကြိုက်ပေါ့။

ဟိုဟာလေးလဲ ဈေးတော်လို့ ဒီဟာလေးလဲ စတိုင်မိုက်လို့နဲ့ ဟင်း ဟင်း..ကုန်ရော ပါသမျှ။ ဒီတစ်ခါတော့ ဈေးနှုန်းတွေ မရေးတော့ပါဘူး။ မဟာဆန်တို့များ စာရေးကောင်းလိုက်ပုံက မြားတစ်စင်းတည်းနဲ့ ငှက်နှစ်ကောင်မိ ဆိုသလိုပဲ။ ဟိုနေ့က အစားအသောက် ဈေးလေးတွေ ရေးမိတာ တစ်သက်လုံး ရှာကျွေးပါရစေလို့ ခွင့်တောင်းထားတဲ့သူကြီးက ”စားစရိတ် ဒီလောက်ကုန်တယ်လို့ ငါ့ကို သွယ်ဝိုက်ပြောတာမဟုတ်လား” တဲ့။ ကျွန်မဖြင့် အဲလို မရည်ရွယ်ပါဘူးနော်။ သူက ဥာဏ်ကောင်းတဲ့လူဆိုတော့ တွေးယူပြီး သဘောပေါက်သွားတာနေမှာပေါ့။ အဲလောက်ထိ စာအရေးအသားကောင်းတယ်နော်။ (ဒါတွေပြောတာ တကယ်ကြုံတာနော်….တကယ်ကြုံလို့ ကြွားတာ…အဟိ)

တော်တော်ကို ခြေကုန်လက်ပန်းကျနေကာမှ Mönckeberg လမ်းပေါ်က ” levante haus ” shopping mall ကို ၀င်ပါတယ်။ ဒီအဆောက်အဦးကို မွမ်းမံပြင်ဆင်ထားပုံတွေက တော်တော်လှပပါတယ်။




အ၀င်ဝမှာ အလှဆင်ထားတဲ့ ရုပ်တုတွေပါ




ကျွန်မ အနှစ်သက်ဆုံးက နံရံပန်းချီတွေပါပဲ အဆောက်အဦး တစ်ခုလုံးရဲ့ အတွင်းပိုင်းနံရံတွေမှာ လက်ရာမြောက်လှတဲ့ ပန်းချီတွေ ရှိတယ်
Elevator ထဲမှာတောင် နံရံတွေကို ပန်းချီတွေ ဆွဲထားပါတယ်





” levante haus ” ထဲမှ ဆိုင်များ
ဒီဆိုင်လေးကိုမြင်တော့ ပုဂံက ရုပ်သေးရုပ်လေးတွေ ရောင်းတဲ့ဆိုင်လေးတွေကို သတိရမိတယ်


ဒီလိုတော့လည်း HauptBhf က လှသား

၂၁ ရက်နေ့ ဘူတာထဲက ဆိုင်မှ ငွေလဲနှုန်းများပါ


4 comments:

Mogok Thar said...

ဓယတ်ပုံလေးတွေနြ့ မြိုကကလေးကို ရင်းနှီးထိတွေ့ခွင့် ရတော့ မရောက်ဖူးပေမဲ့ ကြည်နူးစွာ လျှောက်လည်ပတ်မိတယ်။

ဂျာမုန်းဒန် said...

အရမ်းပျော်နေမှာပဲ။
ပျော်စရာကြီးနော်။
တရောက်တည်းလျှောက်သွားတာလား။
ဘာတွေဝယ်ခဲ့လဲပြောပြအုံး။

Anonymous said...

လိုက်လည်တယ်၊
တချို့ကို အနွေးထည်တွေနဲ့ တွေ့ရတယ်၊
အေးတုန်းထင်တယ်နော်၊
စင်ကာပူမှာတော့ ပူပြင်းတယ်။ အပြင်မှာပေါ့။

Unknown said...

မဟာဆန်တဲ့ အလှပိုင်ရှင်ကြီးက.... ဘဲဘဲနဲ့ shopping ထွက်တယ်ပေါ့လေ...... မိုက်တယ်ကွာ...