Showing posts with label ခရီးသွားဆောင်းပါး. Show all posts
Showing posts with label ခရီးသွားဆောင်းပါး. Show all posts

Monday, July 13, 2009

Vatican City : ရောမကို ရောက်ခဲ့တယ် (၂)

အီတလီရောက်ရင် မသွားမဖြစ် သွားရမဲ့ နေရာကတော့ နာမည်ကျော် Vatican City ပေါ့ရှင်။
ကမ္ဘာ့မြေပုံပေါ်မှာ အသေးငယ်ဆုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံကတော့ Vatican ပဲပေါ့။ နိုင်ငံနယ်စပ်ကို နံရံတွေကာထားတဲ့ Vatican တိုင်းပြည်လေးကို ရောမမြို့ကြီးက ၀န်းရံထားပါတယ်။ ဒီနိုင်ငံလေးကို အုပ်ချုပ်သူကတော့ ရိုမန်ကက်သလစ် ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။
Vatican သို့ သွားရာလမ်းတလျှောက် ရှုခင်းများ





ခမ်းနား လှပတဲ့ အဆောက်အဦးတွေ ၊ ရုပ်တုတွေကတော့ တစ်မြို့လုံးအနှံ့ တွေ့ရတယ်။ တကယ့်ကို ဒဏ္ဍာရီထဲက စိတ်ကူးယဉ် မြို့တော်ကြီးလိုပါပဲ။
Vatican သို့ အ၀င်လမ်းမှာ ရှိတဲ့ Castel Sant’ Angelo ပါ။ Tiber မြစ် အနောက်ဖက်ကမ်းမှာရှိပြီး သာယာလှပတဲ့ နေရာတစ်ခုပါ။ မြစ်တလျှောက် တံတားလေးတွေ အစီအရီ ထိုးထားပြီး ကမ်းအစပ်မှာ ခမ်းနားလှပတဲ့ အဆောက်အဦးတွေနဲ့။ စိတ်ကူးယဉ် ပန်းချီကားတစ်ချပ်လိုပါပဲ။ လူကိုယ်တိုင် ပန်းချီကားထဲ ၀င်သွားရသလို ခံစားရပါတယ်။






ဒီ Castel Sant’ Angelo ဟာ ဟိုးအရင်တုန်းက Mausoleum တဲ့။ နောက်ပိုင်းတော့ တရားရုံး အဖြစ် အသုံးပြုခဲ့ကြတယ်။ အေဒီ ၂၇၅ နောက်ပိုင်းမှာ Vatican ဧရိယာထဲကို သွင်းလိုက်ပါတယ်။ ပုပ် တွေ လက်အောက်ကို ရောက်လာတော့ ဒီ Mausoleum ကြီးကို ခံတပ်၊ နန်းတော် အနေနဲ့ အသုံးပြုခဲ့ကြတယ်။ Pope Gregory လက်ထက်မှာ အပျိုစင်တစ်ယောက်ကို အပြစ်မှ လွတ်ကင်းစေရန် သေဒဏ်စီရင်ဖို့ ပြင်ဆင်နေကြစဉ် ကောင်းကင်မှာ နတ်မင်းတစ်ပါး ပေါ်ထွက်လာခဲ့တယ်။ နတ်မင်းက သူ့ဓားနဲ့ Castle ရဲ့ ခေါင်မိုးပေါ်မှာ ဒီမိန်းကလေးအတွက် အပြစ်ဒဏ်ကို ပယ်ဖျက်ပြီးဖြစ်ကြောင်း အမှတ်အသားတစ်ခု ရေးခြစ်ပြခဲ့တယ်။ အဲဒါကို အစွဲပြုပြီး Castle Sant’ Angelo ရယ်လို့ အမည်တွင်ခဲ့ပါတော့တယ်။
အခုတော့ Castle Sant‘ Angelo ဟာ Museum တစ်ခုပါ။ သွားရောက် လေ့လာသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကဲ….Vatican ကို ၀င်ကြစို့။

Vatican သို့ အ၀င်လမ်း

Vatican City ရဲ့ အထင်ရှားဆုံး ကမ္ဘာကျော် ”St. Peter’s Basilica” Church ပါ။ ကမ္ဘာပေါ်မှာ အကြီးဆုံး Church ပါ။ ရိုမန်ကက်သလစ် ဘာသာရဲ့ အမြင့်မြတ်ဆုံးလို့ သတ်မှတ်တဲ့ Church ကြီးလည်း ဖြစ်ပါတယ်။ ဒီ Church အတွင်းမှာ လူပေါင်း ၆၀၀၀၀ ကျော် တချိန်တည်း ၀င်ပြီး ၀တ်ပြုနိုင်ပါတယ်။


Michelangelo ရဲ့ ပြာရိပ်သမ်းတဲ့ ငွေရောင် Dome ကြီးက ကောင်းကင်ထက်မှာ တိမ်တွေနဲ့ ရောယှက်လို့ ပျံတက်တော့မလိုလို။

ဒါက Dome ရဲ့ အတွင်းပိုင်း


ရောမမှာ အကြီးဆုံး square က ဒီ ”St. Peter’s Basilica” Church ရှေ့က square ပေါ့



အခုလက်ရှိ ပုပ် Pope Benedict XVI က ဂျာမန်ကပါ။ ဒါကြောင့်လည်း ဖယောင်းရုပ်တုပြတိုက် မှာ သူ့ရဲ့ ပုံတူကို ထုထားတာပေါ့။ Pope ပြည်သူတွေနဲ့ ထွက်တွေ့ဆုံချိန်နဲ့ ကြုံလို့ မှတ်တမ်းတင်ခဲ့သေးတယ်။



St. Peter ထဲ ၀င်ကြည့်ကြမယ်။

Michelangelo ရဲ့ ကမ္ဘာကျော် လက်ရာ Pieta



Dome ပေါ်ကို တက်ခဲ့ကြတယ်။ ဓါတ်လှေကားနဲ့ တက်ခြဲ့ပီး အပေါ်ဆုံးနားရောက်တော့ ကြောင်လိမ်လှေကားကျဉ်းလေး တဆင့် ထပ်တက်ရတယ်။ အသည်းတယားယား ခေါင်းကလဲ မူးပါ့။

Dome ပေါ်က လှမ်းမြင်ရတဲ့ Vatican နိုင်ငံ ရှုခင်းများ

တခါက Swiss စစ်သားတွေက Pope တစ်ပါးကို အသက်ဘေးမှ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ကယ်တင်ခဲ့ဖူးတာမို့ အဲဒီအချိန်ကစလို့ ယနေ့အထိ Swiss အစောင့်တွေကိုပဲ အလုပ်ခန့်ထားပါတယ်။ အဲ. တံခါးအတွင်းထဲကို လုံးဝမ၀င်ရဘူးရှင့်။ ရပ်နေလိုက်တာများ တောင့်တောင့်ကြီး။ မြင်မြင်ချင်းတုန်းက ရုပ်တုတွေပဲ ထင်နေတာ။ ဒီတိုင်း သမန်ကလျှံကာ ကြည့်ပြီး ကျော်သွားခဲ့တာ။ နောက်မှ ”အဲဒါ အစောင့်၊ လူတွေ လေ” ဆိုမှ နောက်တစ်ခေါက် သွားပြန်ကြည့်တယ်။



ref: Book 'Rome and the Vatican'

ဆက်ဖတ်ရန်.....................

Saturday, July 11, 2009

Street Dance I've enjoyed in Roma




ရောမမြို့ထဲကို လမ်းလျှောက်လည်ရင်း တွေ့ခဲ့ရတဲ့ dance လေးပါ။ သူငယ်ချင်းတွေ ကြည့်ဖို့ share လိုက်ပါတယ်။ ကျွန်မက အဲလို အဆို၊ အက၊ အတီး အမှုတ်တွေကို သိပ်သဘောကျတာ။ theater တွေမှာ ကြည့်ရတာထက် ဒီလို လမ်းမှာ အားပေးရတာကို အရူးအမူး နှစ်သက်တယ်။ (အလကားရတာလဲ ပါမှာပေါ့) Hamburg မှာဆို စီကနဲ တီးလုံးသံကြားတာနဲ့ ပြေးကြည့်တော့တာပဲ။ တောကျင့် တောကြံလေ ဟီး ဟီး။

ဆက်ဖတ်ရန်.....................

Thursday, July 9, 2009

ရောမကို ရောက်ခဲ့တယ် (၁)

ရောမ ဆိုတာ ငယ်စဉ် ကလေး ဘ၀တုန်းကတော့ ဒဏ္ဍာရီ မြို့တော်ကြီးပေါ့။ ကျောင်းမနေခင်တုန်းကတော့ ရောမမြို့ နောက်ခံထားတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေနဲ့ ရင်းနှီးခဲ့ရတယ်။ ဟော …ကျောင်းကိုရောက်တော့ သမိုင်းထဲမှာ မြင်ရပြန်ပါပြီ ”ရောမ အင်ပါယာကြီး” လေ။
ကာရာအိုကေတွေ ပေါ်လာတော့ MTU ရှေ့က ဆိုင်မှာ အရင်ဆုံး ဆိုဖူးတဲ့သီချင်းက အယ်လ်ခွန်းရီရဲ့”ရောမကျောက်ရုပ်” သီချင်းပေါ့။ ”ရောမကျောက်ရုပ်တစ်ရုပ်မြင်ဖူးမှာပါကွာ..ကျောက်ရုပ်တို့ အသက်တွက်ကြည့် နှစ်ပေါင်းထောင်ကျော်ကြာ…မောင်ရေ ပျော်ပါ မော်ပါ ကျွန်မအတွက် ထည့်မတွက်နဲ့..ဒဏ်ရာရအသည်းနှလုံးက ကျောက်သားလိုမာပြီ…” ဆိုတာလေ။ ”ချောနှမဖို့ဆို ရောမမြို့ကို အကြွေးနဲ့ဝယ်ပေးမတဲ့…ကြွားလုံးများရယ်…..” ဆိုတဲ့ သီချင်းလေးလည်း ညည်းဖူးခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ရောမဆိုတာ သီချင်းထဲ၊ ပုံပြင်ထဲ၊ သမိုင်းစာအုပ်ထဲက မြို့တော်ကြီးပါပဲ။ ခုတော့ မျှော်လင့်မထားဘဲ အဲဒီ ဒဏ္ဍာရီ မြို့တော်ကြီးကို ကိုယ်တိုင် အရှင်လတ်လတ် ရောက်သွားခဲ့ပါတယ်။

ကျွန်မတို့သူငယ်ချင်းတွေ အများကြီး ဂျာမနီက ၁၀ယောက်၊ သြစတီးယားက ၂ယောက် စုသွားကြတာပါ။ အရမ်းပျော်ဖို့ကောင်းပါတယ်။ Frankfurt လေဆိပ်က လေယာဉ်စတက်တယ်ဆိုရင်ပဲ “ဒဏ္ဍာရီလို့ ထင်ခဲ့တဲ့ ရောမကို တကယ်ရောက်တော့မှာပါလား” ဆိုတဲ့ အတွေးနဲ့ မသိမသာလေး ရင်ခုန်နေပါတယ်။ ရောက်ရောက်ချင်း မနက်မှာ ရောမကို အလည်လာတဲ့ ဧည့်သည်တွေ ဦးဆုံးရောက်လေ့ရှိတဲ့နေရာ Piazza del Popolo ကို သွားကြတယ်။

Piazza del Popolo ဟာ ဘဲဥပုံ အနားသတ်ထားတဲ့ အလွန်ကြီးမားတဲ့ စတုဂံပုံဖြစ်ပါတယ်။ အဲဒီစတုဂံဟာ တကယ့်ကို တိတိကျကျ စတုဂံ ဖြစ်ပါတယ်။ google earth က ပုံလေးကို ကြည့်ရင် သိသာပါတယ်။ စတုဂံရဲ့ center တည့်တည့်မှာ အီဂျစ် obelisk တစ်ခု ထည့်ထားပါတယ်။ ဒီ obelisk က ရောမမှာ ဒုတိယ ရှေးအကျဆုံးနဲ့ အရှည်ဆုံး obelisk ဖြစ်ပါတယ်။ ဒီနေရာမှာ နီရိုးဘုရင်ရဲ့ အရိုးပြာအိုး မြှုပ်ထားတာမို့ နီရိုးဘုရင်တစ္ဆေခြောက်တယ်လို့ ရာဇ၀င်မှာ ဆိုပါတယ်။


ဒီရုပ်တုက ဘဲဥပုံ အနားသတ်ကို စတုဂံအတွင်းဘက်က မြင်ရတဲ့ပုံပါ

စိတ်ဝင်စားဖွယ်ကောင်းတဲ့ Porta del Popolo ဂိတ်က ဒီ square ရဲ့ မြောက်ဖက်မှ အ၀င်ဂိတ်ဖြစ်ပါတယ်။ အလည်လာသူ ခရီးသည် အတော်များများ ဒီဂိတ်ဖက်မှ ၀င်လေ့ရှိကြပါတယ်။ ကျွန်မတို့လည်း အဲဒီ ဂိတ်ကပဲ ၀င်ခဲ့ကြတာပါ။ ဘူတာကဆင်းပြီး ၁၀မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ Porta del Popolo ဂိတ်ကို ရောက်ရောဆိုပါတော့။
လမ်းက တိုတိုလေးပေမဲ့ ကျွန်မတို့ အဖွဲ့ တော်တော်နှင့် ဂိတ်ကို မရောက်နိုင်ကြပါဘူး။ ဘူတာကအထွက်မှာ ရောင်းနေတဲ့ ဈေးတန်းလေးမှာ လျှောက်ကြည့်နေကြလို့ပါ။ ရောမမှာ ကျောင်းတက်နေတဲ့ ဖာသာတွေက ဦးဆောင်လိုက်ပို့ပေးတာမို့ ကျွန်မတို့အဖွဲ့နှင့်ပေါင်းလိုက်ရင် ၁၅ယောက်အုပ်စုကြီးလေ။ တောဘုရားဖူး အဖွဲ့လိုပဲ။ ဆိုင်တွေ လျှောက်ကြည့်သူနဲ့၊ ဈေးဝယ်နေတဲ့သူနဲ့၊ ဓါတ်ပုံရိုက်နေကြတာနဲ့ ရှေ့ကို မရောက်နိုင်ဘူးလေ။ ကျွန်မကတော့ ဓါတ်ပုံတွေပဲ အများကြီးရိုက်တယ်။
Porta del Popolo ဂိတ်လေး ဖြစ်ပေါ်လာပုံက ဒီလိုပါ။ ၁၅၆၂ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး Pius IV Medici က မြို့ထဲကို ၀င်လာကြတဲ့သူတွေကို ကောင်းချီးပေးတဲ့အနေနဲ့ ဂိတ်အကြီးကြီး တစ်ခုကို ဆောက်လုပ်စေခဲ့ပါတယ်။ နောက် ၁၆၅၅ ခုနှစ်မှာ ဆွီဒင် ဘုရင်မ Christina အလည်လာတဲ့အခါ အဲဒီ ဂိတ်ကြီးကို ပြန်လည် မွမ်းမံခဲ့ပါတယ်။ အဲဒီအချိန်က ပုပ်ရဟန်းမင်းကြီး Alexander VII Chigi လက်ထက်ပါ။ နောက်တော့ အဲဒီဂိတ်ဟာ Porta del Popolo ရယ်လို့ အမည်တွင်ခဲ့ပါတယ်။

အပေါ်ကပုံက Porta del Popolo ဂိတ်ပေါ့
အောက်ကပုံလေးကတော့ square ရဲ့ အလည်တည့်တည့်မှာရှိတဲ့ အီဂျစ် obelisk အောက်ခြေမှ ခြင်္သေ့ရုပ်တစ်ခုပါ။ အနောက်မှာမြင်ရတာကတော့ square ရဲ့ တောင်ဖက်ပိုင်းက ပုံစံတူ church ၂ ခုပါ။ ပုံစံတူပေမဲ့ သူတို့မှာ ကွဲပြားမှုလေးတစ်ခုတော့ ရှိပါတယ်။ church တစ်ခုရဲ့ dome က ဘဲဥပုံ ဖြစ်ပြီး နောက်တစ်ခုရဲ့ dome ကတော့ စက်ဝိုင်းပုံ ဖြစ်နေပါတယ်ရှင်။


ref: http://www.aviewoncities.com/rome
http://en.wikipedia.org/
Book “ROME and the Vatican”

ဆက်ဖတ်ရန်.....................

Tuesday, June 23, 2009

Verkaufsoffener Sonntag Hamburg


Shopping day ဆိုတော့ shopping ထွက်ရတာပေါ့ရှင်။ နေ့လည် ၁ နာရီကနေ ညနေ ၆ နာရီထိ ဆိုင်တွေ ဖွင့်ကြပါတယ်။ လူတွေလည်း တော်တော်စည်ကားပါတယ်။

အပေါ်က နှစ်ပုံက Harburg Arcaden mall ရှိတဲ့ Lüneburger လမ်းမြင်ကွင်းပါ။ တီးဝိုင်းနဲ့ သီချင်းဆိုနေတာရှိပေမဲ့ လူတွေ တအားများနေလို့ ဓါတ်ပုံ မရိုက်ခဲ့ရပါ။


Take 5 Jazz Band က Marktkauf ရှေ့မှာ ဖျော်ဖြေကြတယ်

ကိုယ့်နားတင် ဟိုကြည့် ဒီကြည့်နဲ့ အချိန်ကုန်နေလို့ main station နား တစ်ဝိုက်ပဲ သွားဖို့ အချိန်ရခဲ့တယ်။ SATURN မှာ ရှိသမျှအထပ် အနှံ့ လျှပ်စစ်ပစ္စည်းတွေ လျှောက်ကြည့်ခဲ့တယ်။ ဈေးတွေလည်းကျလို့။ ၀ယ်ထားတာတွေ နှမြောလိုက်တာ။

မြို့ထဲ မြင်ကွင်းများ

ကလေးတွေကတော့ ကြုံတိုင်းဆော့ပဲ

ဒီနေရာမှာ street dance ကနေပါတယ်။ လူတွေ တအားများနေပြီး ကျွန်မကိုယ်တိုင်ကလည်း အကပဲ အာရုံစိုက်ကြည့်နေလို့ ဓါတ်ပုံတောင် မရိုက်နိုင်ခဲ့ဘူး။

ဒီနေရာကစပြီး ကျွန်မ ဓါတ်ပုံ မရိုက်တော့ပါ။ NewYorker…. C&M…C&A….Orsay စတဲ့ ဖက်ရှင်ဆိုင်တွေချည့် တန်းစီနေတာမို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လျှောက်ကြည့်နေလို့ပါ။ ပစ္စည်းတွေအားလုံး ဈေးချနေပါတယ်။ တစ်ချို့ဆိုင်တွေဆို တစ်ဆိုင်လုံးနီးပါးကို ၅၀% ချရောင်းပါတယ်။ တချို့ပစ္စည်းတွေဆို ၇၅%ထိတောင် ဈေးချတယ်။ တို့ အကြိုက်ပေါ့။

ဟိုဟာလေးလဲ ဈေးတော်လို့ ဒီဟာလေးလဲ စတိုင်မိုက်လို့နဲ့ ဟင်း ဟင်း..ကုန်ရော ပါသမျှ။ ဒီတစ်ခါတော့ ဈေးနှုန်းတွေ မရေးတော့ပါဘူး။ မဟာဆန်တို့များ စာရေးကောင်းလိုက်ပုံက မြားတစ်စင်းတည်းနဲ့ ငှက်နှစ်ကောင်မိ ဆိုသလိုပဲ။ ဟိုနေ့က အစားအသောက် ဈေးလေးတွေ ရေးမိတာ တစ်သက်လုံး ရှာကျွေးပါရစေလို့ ခွင့်တောင်းထားတဲ့သူကြီးက ”စားစရိတ် ဒီလောက်ကုန်တယ်လို့ ငါ့ကို သွယ်ဝိုက်ပြောတာမဟုတ်လား” တဲ့။ ကျွန်မဖြင့် အဲလို မရည်ရွယ်ပါဘူးနော်။ သူက ဥာဏ်ကောင်းတဲ့လူဆိုတော့ တွေးယူပြီး သဘောပေါက်သွားတာနေမှာပေါ့။ အဲလောက်ထိ စာအရေးအသားကောင်းတယ်နော်။ (ဒါတွေပြောတာ တကယ်ကြုံတာနော်….တကယ်ကြုံလို့ ကြွားတာ…အဟိ)

တော်တော်ကို ခြေကုန်လက်ပန်းကျနေကာမှ Mönckeberg လမ်းပေါ်က ” levante haus ” shopping mall ကို ၀င်ပါတယ်။ ဒီအဆောက်အဦးကို မွမ်းမံပြင်ဆင်ထားပုံတွေက တော်တော်လှပပါတယ်။




အ၀င်ဝမှာ အလှဆင်ထားတဲ့ ရုပ်တုတွေပါ




ကျွန်မ အနှစ်သက်ဆုံးက နံရံပန်းချီတွေပါပဲ အဆောက်အဦး တစ်ခုလုံးရဲ့ အတွင်းပိုင်းနံရံတွေမှာ လက်ရာမြောက်လှတဲ့ ပန်းချီတွေ ရှိတယ်
Elevator ထဲမှာတောင် နံရံတွေကို ပန်းချီတွေ ဆွဲထားပါတယ်





” levante haus ” ထဲမှ ဆိုင်များ
ဒီဆိုင်လေးကိုမြင်တော့ ပုဂံက ရုပ်သေးရုပ်လေးတွေ ရောင်းတဲ့ဆိုင်လေးတွေကို သတိရမိတယ်


ဒီလိုတော့လည်း HauptBhf က လှသား

၂၁ ရက်နေ့ ဘူတာထဲက ဆိုင်မှ ငွေလဲနှုန်းများပါ


ဆက်ဖတ်ရန်.....................