ပုဂံခေတ်မြန်မာနိုင်ငံအကြောင်းသိမှီမှတ်တမ်းတင်ဖူးတဲ့ မဟာခရီးသည်ကြီး မာကိုပိုလိုရဲ့  မွေးရပ်မြေကို အလည်ရောက်ဖြစ်ခဲ့ ပါတယ်။ အီတလီလို ဗင်နီဇီးယား (Venezia) လိုခေါ်တဲ့ ဗင်းနစ် (Venice ) မြို့ လေးကို ခရီးစဉ် စဆွဲ စဉ် တုန်း က မပါခဲ့ပါဘူး။တကယ်တော့ ဒီပို့စ် က အီတလီသွား တောသားရဲ့  တတိယ ပိုင်း အဆက်ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရောမ ဗာတီကန် စီးတီး စတာတွေလည်ပြီးမှ ဗင်းနစ် ကို ရောက်ခဲ့လို့ပါ။ ရောမကနေ ဥရောပ ဈေး အချိုဆုံး လိုင်း Ryainair ကို စီးပြီး ဗင်းနစ်မြို့  စွန်က Camping Fusina ကိုရောက်တော့ ညနေ အတော် စောင်း နေပါပြီ။
ကြိုတင် ယူထားတဲ့ (Cabin) ရွှေ့ပြောင်းအိမ်လေးတွေမှာ သူငယ်ချင်းတစ်စု ဆူဆူညံညံ နဲ့ အထုပ်တွေနေရာချပြီးရေချိုးဖို့ ပြင်ကြ တယ်။ ..ဘယ်ဘက်ခြမ်းကတော့ မိန်းကလေး အုပ်စုနေရာယူပြီး။ ညာဖက် ကားအိမ်လေးကတော့ ယောက်ကျား လေး လေးယောက် နေရာယူကြတယ်။ သူငယ်ချင်းလင်မယားအတွဲ အတွက်တော့ သီးခြားကားအိမ်လေးမှာ နေရာ ချထားပေးလိုက်တယ်။

မော်တော်ဘုတ်ပေါ်ကနေ လှမ်းရိုက်ထားတဲ့ မြင်ကွင်းတချို့ ၊ ပျံ့ ကျဲနေတဲ့ ကျွန်းစုသေးသေးလေးတွေပေါ်မှာ အိမ်တွေ ဆောက်လို့ တချိန်က လူတွေ နေခဲ့ကြဖူးဟန်တူတယ်။ ပျက်စီးနေပေမယ့် ပြင်မထားကြဘူး။ အဲဒီ အပျက်အစီးတွေကပဲ ကမ္ဘာတလွှားက လူတွေ ဆွဲဆောင်နေတယ် တူပါရဲ့ ။
Romantic အဖြစ်ဆုံးမြို့ တော်လို့ နာမည်ကျော်ခဲ့ ခြင်း အကြောင်းရင်းထဲမှာ ဒီလို gondola လှေကလေးတွေနဲ့ မြို့ ကို ပတ်ရတာလည်းပါလိမ့်မယ်။ madona ရဲ့  Like a vargin သီချင်း၊ မင်းသမီး mandy moore ပါ တဲ့ chasing liberty ဇာတ်ကား၊ ဂျိမ်းစ်ဘွန်း ဇာတ်လမ်း အစဉ်အဆက်တွေမှာလည်း ဗင်းနစ်မြို့ ဟာ ရိုက်ကွင်းကောင်းတစ်ခုပါပဲ။ Casino Royale ဇာတ်ဝင်ခန်းတော်တော်များများဟာ ဗင်းနစ်မှာ ရိုက်ခဲ့တာပါ။ စတဲ့ ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်ဝင်ခန်း တော်တော်များများကလည်း ဗင်းနစ်ကို ကမ္ဘာကျော်စေခဲ့ ပါတယ်။ ဟန်းနီးမွန်းခရီးမှာ Gondola လှေကို စီးလို့ ဗင်းနစ် မြို့ကိုပတ်ကြဖို့ စိတ်ကူးယဉ်ကြသူတွေ လည်း မနည်းပါဘူး။
ဧည့်သည်တွေနဲ့ စည်ကားနေတဲ့ St Mark´s square
ဆိုင်တန်းတွေမှာ သီဆိုတီးမှုတ်ကြလို့ လာသူကို ဆွဲဆောင်နေကြလေရဲ့ ။
St Mark´s square ဘေးနားက ဆိုင်တန်းတွေဆီက ရိုက်ယူလာတဲ့ ပုံလေးပါ။
စိတ်ဝင်စားရင် နာရီလေးနဲ့ တွဲယှက် စာလေးကို ဘာသာပြန်ကြည့်ပါ။
မြို့  တွင်းမှာ ကွေ့ပတ်တည်ရှိနေတဲ့ Water Way။

ရီနေးဆန်းခေတ်၏ ကျော်ကြားသော မိုက်ကယ်အိန်ဂျလို လက်ရာ ဒေးဗစ်ရုပ်တု တည်ရှိရာ ဖလော်ရင့်မြို့ သည် ကျွန်တော်တို့သွားရောက်ခဲ့ သော ဗင်းနစ်မြို့ နှင့် အတော်နီးသော်လည်း မရောက်ဖြစ်ခဲ့တော့ပါ။ ဗာတီကန် စီးတီးတွင်တော့ သူ့လက်ရာ ပီယေတာကို အနီးကပ်လေ့လာရင်း ဓါတ်ပုံရိုက်ဖြစ်ခဲ့သည်။ မိုက်ကယ်၏ ပီယေတာကြောင့်ပင် ကျွန်တော်နှင့် သူမ စကားများ ၍ ဗာတီကန်စီးတီး စိန့်ပီတာကျောင်းတွင် တစ်ယောက်တည်း လူကွဲကျန်ဖြစ်ခဲ့သည်။ ရောမ ဗာတီကန် စီးတီး ကတော့ နောက်တပိုစ့် ပေါ့။
ဒီနောက်ပိုင်းပုံတွေကတော့ သဘာဝ အလှပုံများ မဟုတ်တော့ပါ။ ဗင်းနစ်မြို့ တွင် မပြုပြင်ပဲထားသော ရှေးဟောင်း အဆောက်အဦ ပုံများသာဖြစ်သည်။ တချိန်က သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု အဖြစ်တည်ရှိခဲ့သော ဗင်းနစ်မြို့ သည် ယခုတော့ ကမ္ဘာလှည့် ခရီးသည်များကကို အဆွဲဆောင်နိုင်ဆုံးသော သက်ရှိပြတိုက် တခုသဖွယ်ဖြစ်နေပါပြီ။ ဗင်းနစ်သည် တကယ်လည်း သက်ရှိပြတိုက်တစ်ခုဟု ခေါ်ဆိုနိုင်သည်။ ရှေးခေတ်ဟောင်း အဆောက်အဦးများ ကို တတ်နိုင်သမျှ မပြုမပြင်ပဲ ထားသည်။ မြို့ သူ မြို့ သားတွေလည်း အခုတိုင်အောင် ထိုအဆောက်အဦးဟောင်းတွေတွင် နေကြဆဲ။ တကယ့် ရှေးဟောင်းမြို့  တစ်ခုကို ရောက်သွားသလို ခံစားရသည်။
9 comments:
အရမ်းအရမ်းကိုစိတ်ဝင်စားအောင်ရေးနိုင်လွမ်းသူရေ...
အခုဘဲ ပြန်သွားချင်တဲ့စိတ်တွေပေါ်လာအောင်လှုပ်စွပေးနေပြန်ပြီ
တင်ပြတာကျေးဇူးပါရှင်
ဗင်းနစ်မြို့ကို လိုက်လည်ရပြန်ပါပြီ၊ အလွန်ရောက်ဖူးချင်တဲ့ မြို့ပါ။
ဟုတ်တယ်ဗျို့ အစ်မ ဂျာမုန်းဒန် ရဲ့  zk လေးတောင် ဗိုက်ထဲမှာ ရှိသေးတာ..ဟားဟား..။
အဲဒီတုန်းက အစ်မကို အရမ်းသနားတာပဲ...လမ်းလျှောက်ရတာ ပင်ပန်းလို့ပါ
ဟင့် ဟင့် ......သွားနိုင်ခဲ့သူကြီးများကတော့ ခုလိုပုံတွေတခန်းတနားနဲ့လေ။ ကြည့်ရင်းနဲ့ သရေကျလိုက်တာ။ ဒို့များမှာတော့ အဲဒီအချိန်က လေယာဉ်လက်မှတ်အဆုံးခံပြီး ချိုင်းထောက်ကလေးနဲ့ ခြေတပေါင်ကျိုးလေးပေါ့။
လပြည့်ရိပ်ရေ...။ ငါတို့လည်း ဟိုမှာရှိနေတုန်း မင်းကို သတိရကြတယ်...။ အထူးသဖြင့် ဒီ အနုပညာ လက်ရာတွေ ရှေးဟောင်းအဆောက်အဦတွေဆိုတာ ဗိသုကာ ဘာသာရပ်နဲ့ သက်ဆိုင်မယ်ထင်တယ်။ Professional camera နဲ့ ရိုက်ကူးထားတာတော့မဟုတ်ဘူး။...အသုံးလိုလို့ ကူးယူချင်တဲ့ သူတွေရှိရင် ဖြန့်ဝေပေးဖို့ လက်မနှေးပါဘူး။ 2 G memory သုံးပြားဝယ်သွားပြီး Free space မကျန်လောက်အောင်ကို ရိုက်ခဲ့တယ်။ Video လည်း ရိုက်ခဲ့သေးတယ်။
ကျနော် သိပ် ရောက်ဖူးချင်တဲ့ မြို့ကလေးကို ကိုတိုင် သွားလည်နေရသလို မျှဝေ တင်ပြပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျာ
ကျနော့ အိပ်မက်မြို့တော်လေးပါ။ ရောက်ဖူးချင်တယ်ဗျာ
ဝေမျှပေးတာကျေးဇူးပါ
ကျနော်လည်း မနှစ်က တစ်ယောက်ထဲ တစ်ရက်ထဲ ရောက်ဖူးတယ်၊ ပြန်သွားချင်သေးတယ်
Post a Comment