တစ်ခြားနိုင်ငံသားတွေ အထူးသဖြင့် အနောက်နိုင်ငံသား နောက်မျိုးဆက်တွေ (ကျွန်တော်တို့လောက် ကမ္ဘာ့သမိုင်းကို ငယ်ငယ်က မသင်ဖူးသူတွေပေါ့ အဟီး) နဲ့ အသိအကျွမ်းဖြစ်တဲ့အခါ တစ်ခါတစ်လေ စပ်စုလာလို့ ရုပ်ရှင်ကားလေး ဘာလေး ဝေငှချင်တယ် သူတို့ဆီက သူတို့ဇာတ်လမ်းတွေလည်း လိုချင်တာကိုး။ ဒါပေမယ့် ကိုယ်က ဘယ်ဇာတ်ကားကို ပေးရမှန်းမသိဖြစ်နေတယ်။ ဒီနောက်ပိုင်း ကိုလူမင်းရိုက်တဲ့ ကားတစ်ချို့ တော့ အင်္ဂလိပ်စာတန်း ထိုးတာတွေ့တယ်။ မြန်မာကားတွေက လည်း my little bride လိုကိုရီးယားကားကို ကူးချထားတဲ့ ကားလိုမျိုးတွေကအများစုဆိုတော့ အင်္ဂလိပ်စာတန်းထိုးမဟုတ်ပဲ ပေးချင်တာတောင် မပေးရဲဘူး။ ယုတ်စွ အဆုံး ကျွန်တော်တို့ လေးစားတဲ့ အကယ်ဒမီမင်းသားကြီး ဦးဝင်းဦးဇာတ်လမ်းဖြစ်တဲ့ မောင်တို့ချယ်ရီမြေတောင် ကော်ပီကားဖြစ်နေတယ်။ ပြရမယ့် ဗွီဒီယိုကားဆိုတာတွေကလည်း မြန်မာဓလေ့စရိုက်ကို ထင်သာမြင်သာနဲ့ ကြည်နူးဖွယ် လာလည်ချင်သဖွယ် စိတ်ဝင်စားဖွယ်ရိုက်ပြထားတာ တစ်ကားမှ ကောင်းကောင်းမတွေ့သေးဘူး..။ တိုက်တွေတာတွေ ကားတွေ လက်ကိုင်ဖုန်းကိုင် စကားပြောနေတာတွေ ဒါတွေက နိုင်ငံခြားသားတွေအတွက် စိတ်ဝင်စားဖွယ်အရာတွေ ဟုတ်မယ်မထင်ပါဘူး။ အဓိကကတော့ မြန်မာကို ကောင်းကောင်း ပရိုမိုးရှင်းလုပ်လို့ရတဲ့ documentary ဆန်ဆန် ဇာတ်လမ်းဇာတ်ကားမျိုးတွေပါ။
တလောတုန်းက မြန်မာမှာ မရှိဘူးသေးတဲ့ Digital to Film ကူးလို့သွားလို့ရတဲ့ ဈေးကြီးကြီး ကင်မရာ အကောင်းစား ကြီးတစ်လုံး မြန်မာက ၀ယ်သွားပြီး ဦးအောင်ကိုလတ်ကို အပ်လိုက်တယ် နောက်မြန်မာကားတွေ အရည်အသွေးကောင်းကောင်းနဲ့ ကြည့်ရတော့မယ်လို့ ကြားလိုက်တော့ တော်တော် အားတက်သွားတယ်။ ဟား ရိုက်စမ်းဘာ..ရှယ်တွေ..ပလူပျံထွက်သွားအောင် ရိုက်ပစ်လိုက်စမ်း..။
ဒီရက်ပိုင်း ဦးအောင်ကိုလတ် ရိုက်တယ်ဆိုတဲ့ ဇာတ်ကားတစ်ကားထွက်လာတယ်။ အဲဒီကင်မရာနဲ့ ရိုက်မရိုက်တော့မသိဘူး။ ထွင်ထားတဲ့ ရိုက်ချက် တမူထူးခြားတဲ့ ရိုက်ချက်လေးတွေပါလာတယ်..။ ကောင်းတာတွေလည်းအတော်ကောင်းတာတွေ့ရတယ်..။ တချို့နေရာတွေမှာ ထွင်လွန်းတာတွေ တွေ့နေရတယ်..။ ရိုက်ကွက် တခုကို နေရာနှစ်ခုကနေမြင်သလို ရိုက်ပြတာတွေ တွေ့ရတယ်..။ Powerpoint နဲ့ presentation ပေးနေသလိုပဲ။
အစပြန်ကောက်ပြီးပြောဖို့တော့သင့်ပြီ။ နိုင်ငံရပ်ခြားမှာ မြန်မာဆိုတာ ဘယ်လိုဆိုပြီး Presentation ပြန်ပေးဖို့ လိုကောင်းလိုမယ့်သူတွေ အသိမိတ်ဆွေတွေကို ဝေငှချင်သူတွေအတွက် မြန်မာတွေမှာသာ ရှိတဲ့ ကိုယ်ပိုင်အရာတွေကို ချည်း ရိုက်ပြထားတဲ့ မှတ်တမ်း ရုပ်ရှင်တချို့ ကို လမ်းညွှန်လိုပါတယ်..။ မင်းသားလွင်မိုး ရိုက်တဲ့ လွင်မိုးခရီးသွားနေသည် ဆိုတဲ့ကား။ နေရာအနှံ့နဲ့ ဓလေ့စရိုက်အစုံကို ရိုက်ပြရှင်းပြပေမယ့် တင်ဆက်ပုံ မကြိုက်လို့ သိပ်မညွှန်းချင်ဘူး။ ညွှန်းချင်တာက ဇင်ယော်မောင်မောင် ရိုက်တဲ့ကား Myanmar; The Golden Land နောက်ခံစကားပြောတာက အင်္ဂလိပ်ဘာသာ ကျူတာ လုပ်ဖူးတယ်လို့သိဖူးတဲ့ အဆိုတော် နွဲ့ယဉ်ဝင်းပါ။ ပြည်နယ်နဲ့ တိုင်း ဒေသအစုံကို အကျဉ်းရုံးပြီး အားလုံးပါအောင် ရိုက်ပြပါတယ်။ နောက်ပြီး ဒေသစုံက ယဉ်ကျေးမှု ဓလေ့စရိုက်တွေ ထဲက အချို့ နဲ့ သူရိုက်တဲ့ လျှို့ဝှက်သောနှင်းထဲက ခါကာဘိုရာဇီရေခဲတောင် တချို့ မြင်ကွင်းတွေကို သရုပ်ဆောင် နိုင်ငံခြားသားလေးဦးနဲ့ ရိုက်ပြတာပါ..။ အင်္ဂလိပ်ဘာသာ နဲ့ နောက်ခံပြောပေးပါတယ်။







ဗမာတိုင်းရင်းသားတွေ သင်ခဲ့တတ်ခဲ့ကြတဲ့ ဗန်တို(လက်နက်မဲ့ တိုက်ခိုက်ခြင်း) ၊ ဗန်ရှည် ( လက်နက်ဖြင့်တိုက်ခိုက်ခြင်း)၊ သိုင်းပြောင်းပြန်၊ လက်ဝှေ့၊ နပန်း စုံအောင်ရှိခဲ့ဖူးပါတယ်။ ဗန်တို ဆိုရင် အနောက်နိုင်ငံတော်တော်များများမှာ မြန်မာ့သိုင်းဗန်တို ဆိုပြီး ကလပ်တွေ ရှိပါတယ်။ အမေရိကမှာဆိုရင် American Bando Association စတဲ့ ကလပ်အသင်းအဖွဲ့တွေ နဲ့ မြန်မာ့သိုင်းကို လိုက်စားကြတယ်။ ပြည်နယ်တွေနဲ့ သိပ်ထိစပ်မှုမရှိတဲ့ အလယ်ပိုင်းသား တွေအတွက် ပြည်နယ်လူမျိုးအသီးသီးရဲ့ သိုင်းစတိုင်တွေကို တစုတစည်းထဲ ဒီမှတ်တမ်းရုပ်ရှင်မှာ စုစည်းပြထားတာတွေ့ရတယ်။






ဒီထဲမှာ စိတ်ဝင်စားဖွယ်တချို့ က ဓါးပြီးဒုတ်ပြီး ကာယသိဒ္ဓိ အစွမ်းတွေကိုပါ တင်ဆက်ထားခြင်းပါပဲ..။ မြန်မာ့သိုင်းအတွက် အောက်ပါနေရာတွေ ကို သွားကြည့်ပြီး ဒေါင်းလုပ်ယူနိုင်ပါတယ်။Part 1
Part 2















