Saturday, July 12, 2008

ကျွန်တော်နေတဲ့ မြို့ 

ခြောက်လလောက်ကြာပြီ ဖြစ်ပေမယ့်မြို့ကလေးက ကျွန်တော့်ကို စိမ်းနေတုန်းပါပဲ။ ရုံးခန်းနဲ့ အဆောင် အခန်းလေး ကိုပဲ ကူးလူးသွားတတ်တာ မို့ သူစိမ်းမယ်ဆိုလည်းစိမ်းစရာပါပဲ။ ပိတ်ရက် တွေမှာလည်း မြို့ကလေးနဲ့ ကျွမ်းဝင်ဖို့ ကျွန်တော် မကြိုးစား မိပါဘူး။ တစ်ခြားမြို့တွေကို အလည်အပတ် ထွက်ရင်း မှတ်တမ်းတင် ခဲ့ပေမယ့် မြို့ကလေးကို မေ့နေခဲ့ ပါတယ်။ ယုတ်စွအဆုံး ကျွန်တော့် အဆောင်ရဲ့ နောက်မှာ ဘာရှိတယ် ဆိုတာ တောင်သတိမထားမိခဲ့ပါဘူး။

No comments: