Saturday, July 12, 2008


ဂျာမနီနိုင်ငံရဲ့ အလယ်ဗဟို ခန့်မှာတည်ရှိပြီး တောင်ကုန်း တောင်တန်းတွေနဲ့ ထင်းရှုးပင်တွေ ထူထပ်စွာ ပေါက်ရောက်တဲ့ ဒေသလေး ဖြစ်တာ မိုလို့ ဘယ်နေရာ ကိုပဲ ကြည့်ကြည့် အမြဲတန်း စိမ်းလန်း နေပါတယ်။ တောင်ကုန်းတွေရဲ့ အလယ်မှာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်သယောင် ရှိနေတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ အေးစိမ့်မှုက အမြဲတန်း လွှမ်းခြုံ နေတတ်ပြီး ရာသီဥတု အပြောင်းအလဲကလည်း များတတ်ပါသေးတယ်။ မိုးက အချိန်မရွေး ရွာတတ်သလို နှင်းကလည်း မပြတ်နီးနီး ထူထပ်စွာ ကျတတ်တာမို့ ရှုတည်တည် နဲ့ ဂွကျကျ ဆက်ဆံတတ်တဲ့ လူလိုမျိုး ခံစားမိပါတယ်။

No comments: