တလလောက် နေ့မနားညမနား online training တွေနဲ့ လေ့ကျင့်လိုက်တာ html, css, javascript အနည်းအကျဉ်း php, sql database အတော်လေးတီးမိခေါက်မိပြီး Website တွေ လျောက်ဆောက်နေမိတော့တယ်။
အခုမှ စာရေးစာဖတ်သင်နေရသလိုပါပဲ။ နောက်ဆုံးတော့လည်း ရေးတတ်ဖတ်တတ်ပါပြီ။ website တွေကို database နဲ့ ပြတာ အတော်မိုက်ပါတယ်။ အင်တာတိန်းမန့်အနေနဲ့ဆော့တာပါ။
user role, author role နဲ့ admin role ခွဲတာ website ကို dynamic အနေနဲ့ database ကနေထုတ်ပြတာ data တွေကိုသွင်းတာ အတော်စိတ်ဝင်စားစရာပါ။
website လွှင့်ဖို့ service တချို့ဝယ်ယူခဲ့ပြီးပေမယ့် ဈေးချိုလို့ Share Dedicated server ဖြစ်နေမယ် တွေးခဲ့မိတာရှိပါတယ် တကယ်လည်း share ဖြစ်နေတော့ စိတ်ကသိကအောက်ဖြစ်ပါတယ်။
ဒီ IT လိုင်းကိုလေ့လာတာ လုပ်ဖို့တော့မဟုတ်ပါ။ အမှန်တကယ်လုပ်လျင် ကျွမ်းကျင်သူပညာရှင်များသာ လုပ်ကြပါလိမ့်မယ်။ ခုဆို ဘယ်နေရာမှာ ဘယ် အချက်အလက်တွေဟာ ဒုက္ခပေးနိုင်သလဲ နည်းနည်းနားလည်သလောက်ရှိပါပြီ။
Input form တွေလုပ်ရာမှာ script တွေရေးတာလိုသွားရင် database ကို ဝင်အမွှေခံရမယ့် ကုဒ်တချို့ထည့်လိုက်တာနဲ့ ဟက်ကာများ ps အလွယ်ရသွားနိုင်တာလည်းရှိပါတယ်။
html နဲ့ css ပိုင်ရင်ပဲ website ဒီဇိုင်း စိတ်ကြိုက်ဆွဲနိုင်ပါတယ် server front end language ဖြစ်တဲ့ php မှာ html ထည့်နိုင်သလို database ထည့်မယ်ဆိုserver language ဖြစ်တဲ့ SQL Language လဲလိုပါတယ်။
database နဲ့ပတ်သက်လို့ Mogodb လည်းတွေ့ရပေမယ့် ဆက်လေ့လာဖို့ဆန္ဒမရှိပါ။
အချက်အလက်တွေ ခဏခဏတောင်းတတ်တဲ့ မြန်မာ အစိုးရဌာနတွေမှာ ဝန်ထမ်းရဲ့အချက်အလက် တခါယူပြီးတာနဲ့ database မှာထည့်ထားတာနဲ့တိုက်စစ် account တစ်ခုပေး လိုက်ယုံနဲ့ဝန်ထမ်းကိုယ်တိုင် update လုပိနိုင်မယ့်အချက်အလက်တွေ နဲ့အချိန်ကုန်သက်သာစေသလိုပါပဲ။ လက်တွေ့မှာ တော့ ဒီ code တွေကို ဘယ်လောက်ပြီးပြည့်စုံအောင်ရေးနိုင်မလဲ။ လက်ရှိဝန်ထမ်းတွေကရောအိုကေပါ့မလား။ အချက်အလက်တွေကို ဘယ်လိုကာကွယ်မလဲ ဒါပြဿနာပါ။ ကျွန်တော်တို့ကျွမ်းကျင်တဲ့ စာရွက်ထက်တော့ လုံခြုံမှု နည်းနေပါအုံးမယ်။ bank တွေ နဲ့ချိတ်ဆက်ပြီး လုပ်ရတာလည်းသိပ်မလွယ်သေးပါ။ bank acc တွေ လုံခြုံမှုနည်းနေသလားလို့ဗျာ။ ps တကြိမ်တည်းနဲ့ ငွေလွှဲလို့ရတာ သိပ်မကြိုက်ပါ။
သာမန်းစားသောက်ဆိုင်တွေ Online Store တွေ အတွက်အလွယ်ရေးနိုင်ပါတယ်။ Online Platform. Market Place တွေအတွက် shopping cart က နည်းနည်းပြဿနာရှိပါလိမ့်မယ်။
No comments:
Post a Comment