Tuesday, September 15, 2009

Surfing

အဟောင်းအမြင်းတွေ စိတ်ဝင်စားတတ်သူတွေ အတွက် အွန်လိုင်းပေါ် လျှောက်သွားရင်း တွေ့မိတဲ့ ၀က်ဆိုဒ်ကောင်းလေး တစ်ခုကို မျှဝေချင်တယ်။ ရှားပါးစာအုပ်တွေ ချည်း စုထားတဲ့ ၀က်ဆိုဒ်လေး တစ်ခုပါ။ စာကြည့်တိုက် (နေရာ) ၂၉ ခုလောက်ကနေရှာပေးနေတဲ့ ၀က်ဘ်ဆိုဒ်လေးပါ။ အကြောင်းအရာအလိုက် ရှာလို့ရသလို စာရေးဆရာနာမည် နဲ့လည်း ရှာလို့ရတယ်။ ရှားပါးတဲ့ ရှေးဟောင်း စာအုပ်တွေကို စကန်ဖတ်ပြီး တင်ထားတာ။ ကြားဖူးနားဝ Author တွေ ရှာကြည့်တာ တော်တော်များများကို တွေ့ရတယ်။ နယူတန်၊ ဂယ်လီလီယို၊ လိုက်ဘနစ်၊ ယူကလစ်၊ ဒါဝင်၊ အီစွပ်၊ အိုင်းစတိုင်း၊ မိုးဇက်၊ ဗီသိုဗင်၊ ရှိတ်စပီးယား စတဲ့ မြန်မာ ကျောင်းသားတွေနဲ့ မစိမ်းတဲ့ ပုဂ္ဂိုလ်ကြီးများ ရေးတဲ့ မူရင်း စာအုပ်ဟောင်းကြီး တွေ တွေ့ရတယ်။

1. Aesop, Abraham, peusd. (author) - Fables in Verse - 1765 - London - The Bodleian Library, University of Oxford

2. Beethoven, Ludwig van (author) - Piano Sonata in E Major, Opus 109 (score) - - - Library of Congress, Music Division

3. Beethoven, Ludwig van (author) - Presto: String Quartet in B Flat, No. 13, Opus 130 - - - Library of Congress, Music Division

ဗီသိုဗင် ရဲ့  ဂီတ Note တွေ တော်တော်များတယ်။ ဂျာမန်၊ သြစတြီးယား သံနဲ့ ဆို ဗီထိုဖင် ပဲ ထွက်လိမ့်မယ်။

4. Darwin, Charles (author) - Zoology of the Beagle - 1839-43 - London - The Warnock Library

5. Einstein, Albert (author) - Die Grundlage der allgemeinen Relativitätsthe - 1916 - Leipzig - The Warnock Library

အိုင်းစတိုင်းကတော့ ဂျာမန်လို ရေးထားတယ်။ နှိုင်းရ သီအိုရီ (၀ါ) ရီလေတစ်ဗတီ သီအိုရီ အခြေခံ လို့ ဘာသာပြန်ရင် မမှားလောက်ဖူးထင်တာပဲ။ ၂၀ ရာစုရဲ့  အတော်ဆုံး ပညာရှင်အဖြစ်သတ်မှတ်ခံရသူပါ။ သူရေးတဲ့ နှိုင်းရ သီအိုရီကို လက်ရှိအချိန်ထိ သဘောပေါက်တာ သူအပါအ၀င် သုံးယောက်လောက်ပဲ ရှိတယ် ပြောစမှတ်ပြုကြတယ်။

6. Euclid, (author); Byrne, Oliver - The First Six Books of the Elements of Euclid - 1847 - London - The Warnock Library

မြန်မာပြည် ကျောင်းသားလောက မှာ ယူကလစ် လူမဖြစ်လို့ဆိုပြီး စကားပုံတောင်တွင်ခဲ့သေးတယ်။ ယူကလစ်သင်္ချာ နဲ့ ထိတွေ့ခါစမှာ ခက်ခဲလို့ ပြောကြထင်ရဲ့ ။ (ကိုယ်ကတော့ သိနေသလိုလို)။ တချိန်က အနောက်တိုင်း မျိုးဆက် မှန်သမျှ ယူကလစ် နဲ့ သြဇာအောက်မှာ ကြီးလာကြလို့ ဒီဘက်ခေတ် မှာ လိုက်မမှီဖြစ်ခဲ့ရတယ်လို့တောင် ဖတ်ဖူးတယ်။

7. Galilei, Galileo (author) - Le Operazioni del Compasso Geometrico et Militare - 1606 - Venice - Library of Congress, Rare Book and Special Coll. Div.

အီတလီနိုင်ငံသား ရူပဗေဒ၊ သင်္ချာ၊ နက္ခတ် နဲ့ ဒဿနိက ဗေဒပညာရှင် ဂယ်လီလီယို ရေးတဲ့ စာအုပ် သုံးလေးအုပ်လောက် တွေ့လိုက်ရတယ်။ ကက်သိုလစ် ကျောင်းတော် အယူအဆ ကို သွေဖီလို့ ကမ္ဘာကို နေက မပတ် နေကိုသာ ကမ္ဘာက ပတ်တယ်လို့ သူ သက်သေပြခဲ့တယ်။ သူဟာ သိပ္ပံခေတ်ကို တခေတ်ပြောင်းစေ နိုင်ခဲ့သူဆိုရင်မမှားပါဘူး။ အဲဒီခေတ် ဘုရားကျောင်းတော် မှာ ဘုရားသခင် ဖန်တီးတာ ကမ္ဘာ နဲ့ လူသား အဓိက ဖြစ်တာမို့ ကမ္ဘာကို နေက ပတ်တယ်လို့ ဘုန်းတော်ကြီးတွေ ယူဆနေကြတာဖြစ်တယ်။ ကမ္ဘာဟာ စကြာဝဋ္ဌာ ရဲ့  အလယ်ဗဟိုဖြစ်တယ်လို့ ယူဆနေကြလို့ ဂယ်လီလီယို ဟာ ခေါ်ယူ သတိပေးခြင်းခံခဲ့ရတယ်။ သြဇာကြီးမားတဲ့ အဲဒီခေတ် ကျောင်းတော် ကို မလှန်နိုင်လို့ နေကသာ ကမ္ဘာကို ပတ်တယ် လို့ ၀န်ခံခဲ့ရတယ်။

အခြား ကျွန်တော်မသိတဲ့ သူတွေ အများကြီးရှိသေးတယ် Author ဆိုတဲ့ နေရာကနေ ရှာလိုက်ရင် သူရေးတဲ့ စာ အကုန်ပေါ်ပါတယ်။ ကျွန်တော်လည်း အချိန်မရသေးလို့ ဒီအတိုင်းပဲ မှတ်ထားလိုက်တယ်။ သေချာ ရှာမကြည့်ရသေးဘူး။ အလုပ်တစ်ခု ပြီးမြောက်သွားလို့ လွတ်လပ်သွားတဲ့ စိတ်နဲ့ ရှာရင်း ဒီဆိုဒ်လေးကို အမှတ်မထင်တွေ့လိုက်ရ လို့ တင်ဖြစ်တယ်။ ၀က်ဘ်ဆိုဒ် လင့်ကတော့ ဒီမှာပါ [link]။



3 comments:

Mr.Pu said...

Beethoven မှာ bee ကို ဂျာမန်လို “ ဘေ ” လို့ အသံထွက်ပါတယ် “ ဗီ ” လို့မထွက်ပါဘူး။ bi ဆိုမှ ဘီ လို့ထွက်မှာပါ

Yu Ya said...

ကိုမင်းညိုရေ..ကျေးဇူးပဲခင်ဗျာ.. ကျွန်တော်အတွက်တော့ အဖိုးတန် သတင်းတစ်ခုပဲဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

လင်းကြယ်ဖြူ said...

ကျေးဇူးပါဗျိုး...
တော်တော်အသုံးတည့်ပါတယ်..
ပျော်ပါစေ