ထို စိတ္တဇနာမ်သည် ကျွန်မ၏ နှလုံးသားအိမ်လေးဆီသို့ တိတ်တဆိတ် ၀င်ရောက်တတ်ပါသည်။ ခေါင်းလေးဝင်ပါရစေ ကိုယ်လေးဝင်ပါရစေ စသည်ဖြင့် ပြောဆို ခွင့်တောင်းခြင်း မပြုပါဘဲ ၀င်ကစွပ်ကောင်လေးများလို သူ့အိမ် သူ့ယာ လုပ်ပစ်တတ်သည်။ ဦးနှောက်က suprise check လုပ်လိုက်တဲ့အချိန်တွင် ကိုယ့်နှလုံးသား အိမ်ခန်းထဲမှာ သူက အပိုင်နေရာယူပြီး ဖြစ်နေချေပြီ။ သူကား အချစ်တည်း။
ထိုအချစ်၏ ခန္ဓာကိုယ်မှာ အခက်အလက်လေးတွေ အများကြီး ပါဝင်ပေသည်။ ဟိုးအရင်ဆုံး သူစတင် ၀င်လာတုန်းက အခက်လေး နှစ်ခုသာပါသည်။ သူတို့နာမည်များက မိဘချစ် နဲ့ မောင်နှမချစ်ဟူသတဲ့။
မိဘတွေက အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်လို့။ ဘေးရှိရင် ရှေ့က မားမားမတ်မတ်ရပ်လို့။ စိတ်ထားကောင်းအောင် ထူးချွန်ထက်မြက်အောင် မြေတောင်မြှောက်ပေးလို့။ အဲဒီတုန်းကများ မိဘတွေဟာ ငါ့ကို အရမ်းချစ်တာပဲလို့ ထင်ခဲ့သည်။ မိဘတွေနဲ့ခွဲလို့ တနယ်တကျေးမှာ ပညာသွားသင်ပြီဆိုပါမှ ဦးနှောက်က စစ်ဆေးမိလို့ သိလိုက်ရသည်။ ငါ ဖေဖေနဲ့ မေမေကို အရမ်းချစ်တာပါလား လို့။ တကယ်တော့ သူက တိတ်တဆိတ် ၀င်ရောက်နေထိုင်ခဲ့တာကြာလို့ နှလုံးသား မြေပြင်မှာ အမြစ်တွေတောင် စွဲလို့။
နောက်ထပ် မောင်နှမချစ် ဆိုတဲ့ အခက်လေးတစ်ခု။ ကိုယ်က အငယ်ဆုံး၊ အကြီးတွေနဲ့လည်း ဆယ်နှစ်ကျော်လောက် ကွာတာမို့ အစ်မတွေအတွက်တော့ ကိုယ်ဟာ ညီမလေးဆိုတာထက် သမီးလေးလို ဖြစ်ခဲ့သည်။ မြန်မာပြည်က စထွက်လာတဲ့အချိန်အထိ ဘ၀တလျှောက်လုံး အိမ်မှာ ထမင်း ဟင်း မချက်ခဲ့ဘူးပါ။ အိမ်က ချမ်းသာလို့ အကူတွေ ခေါ်ထားနိုင်လို့ မဟုတ်။ အမေ၊ အဒေါ်နဲ့ အစ်မတွေ အကုန်လုပ်နေတာမို့ မီးဖိုခန်းသည် ကျွန်မအတွက် တားမြစ်နယ်မြေတစ်ခုသာ ဖြစ်ခဲ့သည်။ အခြားမြို့မှာ တက္ကသိုလ် တက်ချိန်တွင် အ၀တ်မလျှော်ဖူးသော၊ မီးပူမတိုက်တတ်သော၊ အပြင်ထွက်လျှင် ဘယ် အ၀တ်အစား ၀တ်ရမည်ကို မသိသော ကျွန်မ၏ ဂုဏ်ပုဒ်များသည် ထို အစ်မများ၏ အချစ်တည်း။ အစ်မတွေကို ကျွန်မချစ်သည်ဆိုတာကို တက္ကသိုလ် စတက်ချိန်တွင် သိလိုက်ရပါသည်။ သူတို့ကို ခိုင်းချင်လို့ တမ်းတတာ မဟုတ်ရပါ။ ကိုယ် အဖြစ်မရှိမှုတွေ တန်းစီနေတာ သိတော့မှ သူတို့၏ ကျေးဇူးကို သိသောကြောင့် ဖြစ်ပါသည်။
တက္ကသိုလ်ရောက်လာတော့ အဲဒီ စိတ္တဇနာမ်လေးမှာ အခက်လေးတွေ ထပ်တိုးလာသည်။ သူတို့က သူငယ်ချင်း အချစ်တွေပေါ့။ လူတိုင်းရဲ့ ဘ၀မှာ အပျော်ဆုံးအချိန်ကိုပြပါဆိုရင် တက္ကသိုလ်ကျောင်းသားဘ၀ကို လက်ညှိုးထိုးပြကြမှာချည့်ပါပဲ။ တက္ကသိုလ် ကျောင်းသားဘ၀မှာ လွတ်လပ်မှု၊ ရိုးသားပွင့်လင်းမှု၊ ကူညီရိုင်းပင်းမှုတွေကို ရရှိသောကြောင့် ဖြစ်သည်။
ကျောင်းပြီးလို့ ရေခြားမြေခြားမှာ ပညာဝမ်းစာ လာရှာတဲ့ အချိန်မှာတော့ ကျွန်မနှလုံးအိမ်လေးထဲက အချစ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရှင်သန်နေခဲ့ပြီ။ ကျွန်မထင်ခဲ့တာက သူ့ရဲ့ ဖွံ့ဖြိုးမှုဟာ ဒီမှာပဲ ရပ်သွားပြီး ဆက်လက် ရှင်သန်မှုပဲ ရှိတော့မယ်လို့ ထင်ခဲ့မိသည်။ တကယ်တော့ ကျွန်မအထင် မှားသွားသည်။
ခါတိုင်းလိုပဲ တိတ်တဆိတ်ဝင်ရောက်လာပြီးမှ ဦးနှောက်က စစ်ဆေးတွေ့ရှိလိုက်ရပြန်တာက ဘလော့ဂါ မောင်နှမ အချစ်ဆိုတဲ့ အခက်လေး ထပ်ထွက်နေတာပဲ ဖြစ်သည်။ ဘလော့ဂ်ရေးနေတဲ့ အချိန် တလျှောက်လုံးမှာ လူချင်းမမြင်ဖူးကြပါပဲနှင့် ခင်မင်သံယောဇဉ် ဖြစ်သွားရတဲ့ မောင်နှမတွေပါ။ အားလုံးဟာ မမြင်ရတဲ့ ခင်မင်မှုနဲ့ နွေးထွေးမှု၊ ကိုယ်ချင်းစာမှု၊ အားပေးကြင်နာမှုတွေနဲ့။ အဲဒါတွေကနေ ဒီအခက်လေးတစ်ခု ထပ်ထွက်လာခဲ့တာပဲ ဖြစ်မည်။
အခုအချိန်မှာတော့ ကျွန်မနှလုံးအိမ်လေးထဲက အချစ်သစ်ပင်မှာ အဲဒီ အခက်အလက်လေးတွေနဲ့ ဝေဆာနေပါသည်။ တူမလေး မက်မက်သိချင်တဲ့ ကျွန်မ ရင်ထဲက အချစ်သစ်ပင် အကြောင်းကို ဖော်ပြလိုက်ရပါသည်။
အခုအချိန်က စပြီး ကွန်မန့်များကို ကျောသား ရင်သား မခွဲခြားဘဲ ပက်ပက်စက်စက် လက်ခံနေပါပြီ။ ကွန်မန့်ပေးကြရန်နှင့် မမန့်ပါက မစွံ၊ စွံပြန်ရင်လည်း နောက်တစ်ပို့စ်တွင် အတက်ဂ်ခံရချေမည်။
google မှ ရသော ပုံများကို ဖြတ် ညှပ် ကတ် ပြင်ဆင်ထားသော ပုံဖြစ်သည်။
Wednesday, July 29, 2009
အချစ်တဲ့လား
Labels:
အမှတ်တရများ
Subscribe to:
Post Comments (Atom)
18 comments:
အချစ်တဲ့လား.....။
အချစ်တဲ့လား။။။။
အရမ်းကိုခေါ်လို့ကောင်းတဲ့...အချစ်တဲံလား။
အချစ်သည်အိုသည်မရှိ။
အချစ်ဆိုသည်မှာလူသားတိုင်းရဲ့နှလုံးသားထက်ကအရှင်သခင်တဲ့။
အချစ်ဆိုသည်မှာကြည်နုးခြင်းနဲ့မျက်ရည်တို့ရဲ့ကဗျာတဲ့။
အချစ်ဆိုသည်မှာအံ့သြမုများနဲ့ဆန်းကြယ်သောအရာတဲ့။
အချစ်ကိုသိတတ်ခံစားနာလည်တတ်ရင်...လူတိုင်းအတွက်ကြည်နုးစရာ။
ပျော်ရွှင်စရာကောင်းတဲ့အနာဂတ်အတွက်မျှော်လင့်စရာတွေဖြစ်လာကြမှာ
အမှန်ပါ။
လူတိုင်းအချစ်ကိုခံစားနာလည်တတ်သောသူဖြစ်ပါစေ။
မဟာဆန်ရေ....အစ်မလည်းအနည်းငယ်..ခံစားသွားတယ်။
အရေးအသားကြိုက်တယ်။အရမ်းကိုကောင်းတယ်။
ချစ်တဲ့အစ်မ
ဂျာမုန်းဒန်
အဲ
နံပါတ်၂ကွ။ တူနယ်တူနယ် ဗြောင်။
အဲ့အချစ်သစ်ပင်က အခက်အလက်ထဲမှာ ကျနော်ရော ပါလို့မရဘူးလား ဒေါ်လေးမဟာ။ အဟီး။ ကျနော်ကတော့ သီးသန့်ဗျနော်။ ခိခိ။
အချစ်အကြောင်းသိကောင်းစရာကို ရေးသွားတာ အရမ်းမိုက်တယ်။ ရှယ်ဗျိုးးး။ =)
မကြီး စာတွေနဲ့ရှုပ်နေတယ်ထင်နေတာ.. အချစ်တဲ့လား (သူဖျားနေတယ်):P
ကျနော်ရော သစ်ခက်လေးလား...
အတွင်းထဲက သစ်ခက်လေးဖြစ်ချင်တယ်
ဘောလုံးမှန်ရင် အလွယ်တကူ မကျိုးအောင်...
ကျောင်းသားဘ၀တုန်းက ဘာမှတောင် မဘာလိုက်ရဘူးး(.. ဘလော့ရေးမှ ဘာဖြစ်တော့တယ်း)
ကျန်းမာ ၀မ်းသာ လန်းဖြာ ...ချမ်းသာပါစေ :)
အချစ်အကြောင်းဆိုတော့ အပိုဆောင်းထပ်မပြောတော့ပါဘူး.. ရေးထားတာသာဖတ်သွားပါတယ်.
မမရဲ့ ..အချစ်သစ်ပင်လေး..
အမြဲစိမ်းပြီး..အခက်ဝေနိုင်ပါစေ..ရှင်..
(ပိစိကွေးအခက်လေးကော.ရောက်ပြီးလား.း)...)
မမဂျာရေ..အရေးအသားကောင်းပေမဲ့ မမရဲ့ အချစ်သစ်ပင်က ညီမရဲ့ အချစ်သစ်ပင်ထက် ပိုပြီး ကြီးမားဝေဆာတယ်နော်။ ဇော်လေး..ဘလော့ဂါမောင်နှမအချစ် ဆိုတဲ့ အခက်လေးထဲမှာ ဇော်လေးပါတာပေါ့..ရေတမာ...ဘလော့ရေးမှ ဘာဖြစ်တဲ့ အချစ်လေးက ဖားနေတယ်လား...ဟီး။ ကူးကူးရေ...ရှင်ကတော့ အချစ်အကြောင်းကို ကျုပ်ထက်ပိုသိမှာပေါ့တော်။ နဒီလေး..အဲ့ ပိစိကွေးလေး ရောက်သေးဘူး။ ပိစိကွေးလေး မရောက်ခင် ပိစိကြီး အခက်လေး အရင် လာရမှာလေ။ ပိစိကြီးလဲ လာသေးဘူးတော့်
ဒါဟာအချစ်တဲ့လား အဲဒါအချစ်တဲ့လား
ဒန်တန်တန်
မန့် ခဲ့တယ်နော် မမရေ
မမန့် ရင်လဲလေ မစွံမှာကြောက်လို့ 
အဟီးးးးး
မမကို ဒီလောက်ချစ်တဲ့
ကျောပိုးအိတ်
နောက်ဆုံးအချစ်ကရော ဘယ်လိုလဲ။
မဟာဆန်ရေ.........သူများကို ချစ်တတ်တဲ့အသည်းနှလုံးရှိတာ၊ ကိုယ်ကလဲ အချစ်ခံရတယ်ဆိုတာ လောကရဲ့ ကံကောင်းခြင်းလက်ဆောင်တခုပဲနော်။
မဟာဆန်ရေ.........သူများကို ချစ်တတ်တဲ့အသည်းနှလုံးရှိတာ၊ ကိုယ်ကလဲ အချစ်ခံရတယ်ဆိုတာ လောကရဲ့ ကံကောင်းခြင်းလက်ဆောင်တခုပဲနော်။
ဒါဟာ အချစ်တဲ့လား အဲဒါအချစ်တဲ့လား ဒါများအချစ်တဲ့လားကွာ..မင်းပြောစမ်း... တာ..တာ..တာ..တာ... တာ့တာ..တာ့.တာ..
အဟား... အချစ်တက်ဂ်ပို့ကို အချစ်သီချင်း ဆိုပြီး လာဖတ်တယ် တီတီရေ... ရေးပေးတဲ့အတွက် ကျေးဇူးပါ.... အာဝါးးး အမြှောက်တစ်သိန်းပေးခဲ့မယ်။
ခစ်ခစ်...မှန်ထဲပြန်ကြည့်...ပတ်ပတ်စက်စက် ပေးခဲ့တာ..ပါးတွေချိုင့်ကုန်ပြီလား မသိဘူး ...ဟိဟိ
အချစ်သစ်ပင်လေးလဲ အကိုင်းအခက်အလက်အသီးအပွင့်အရွက် တွေနဲ့ဖူးပွင့်ဝေဆာနိုင်ပါစေနော်.........
ဒါဟာ..အချစ်တဲ့လား...
အဲ့ဒါ..အချစ်တဲ့လား..
အမျိုးမျိုးသော အထွေထွေ အချစ်
၅၂၈ စစ်စစ် အေးမြသော အချစ်
Blogger မောင်နှမများရဲ့ အချစ်....
ပင်စည်ကောင်းကောင်းနဲ့ လန်းဆန်းနေတဲ့ အချစ်သစ်ပင်
အကိုင်းအခက်တ္ဂေ ဝေလို့......
ပွင့်တဲ့ပန်းတိုင်းကလည်း မွှေးလို့....
ရေးတားတာလေးကြိုက်တယ်...။
မန့်သွားတယ်နော် နောက်တစ်ပို့စ်မှာ အတက်ဂ်ခံရမှာ ဆိုလို့...အဟဲ
မခုတက်ဂ်ထားတာတောင် မရေးရသေးဘူးးးး
စိတ်ဆိုးနဲ့နော်...ရေးပြီးရင် လာအသိပေးလိုက်မယ် ;)
တခက် ကျန်သေးတယ်.. မိန်းအခက်ပေါ့..
ပြောပြး))
အချစ်အခက်အလက်တွေ ဝေချင်သလောက်ဝေပါစေ ကမ္ဘာကြီးတစ်ခုလုံးကိုလည်း ဖုံးချင်ဖုံးသွားပါစေ
အမုန်းနဲ့စာရင်အချစ်ကိုပဲ လိုလိုလားလားယူမည်
အချစ်နဲ့ပဲကမ္ဘာကြီးကိုတည်ဆောက်မည်
အချစ်နဲ့ပဲဘလော့ဂင်းလုပ်မည်
အမုန်းပါလာရင်ဘန်းပစ်မည် ဟီးဟီးးးး
စေတနာတွေရေစီးကမ်းပြိုပြီး ကွန်မန့်ဟူသမျှ
ကျောသားရင်သားမခွဲခြားဘဲလက်ခံတော့သည်ဆို
သဖြင့် ဝမ်းသာပီတိ ဂွမ်းဆီထိဖြစ်ရသည့်သကာလ ဘလော့ရှင်၏
စေတနာကားကြီးမားလှပေစွတကားဟု အောင်းမေ့မိသည့်သကာလှ tagမည့်အရေးထက် မစွံမည့်အရေးကိုတွေးကြောက်နေသူ ကျွန်ုပ်သည် အူယားဖားယား မန့်ရလေပြီ တမှုံ :P
ကဲ...ကိုသားကြီး တို့ မောင်နှမလဲ နောက်ကလိုက်ပြီး သောင်းကြမ်းနေကြတာပါလား... ဟရို့ ...
အချစ်တဲ့လား.......
အချစ်အခက်လေးတော့ ဖြစ်ရချေသေးရဲ့။
သေချာ အညွှန့်လေးတွေ ဝေဆာအောင် လုပ်ဦးမယ်.. အဟားးး ပျော်စရာ ... ချစ်စံအိမ်လေး တည်ဆောက်မည်။
ညီမလေး ရဲ့ အချစ်အကြောင်း ခံစားသွားတယ်။
မမ..တစ် ချစ် ကျန်နေသေးသလိုပဲ..အဲဒါလည်း ထည့်ပြောဘူး..အဲဒိ အခက်ကလေး ဘယ်ရောက်နေပါလိမ့်...ပျောက်နေတယ်.. :)
Post a Comment