Saturday, July 12, 2008


သတ္တုမိုင်းမိုင်းများတူးဖော်ကြရင်း နဲ့ မြို့  လေး ဖြစ်လာတယ်ဆိုတာ ကို ခောတ်ဟောင်း style နဲ့  အဆောက်အဦတွေရဲ့ ရှေ့ မှာ Statue အနေနဲ ထား ထားတတ်ကြတဲ့ ရထားသံလမ်း ဟောင်း အပိုင်းများ၊ မိုင်းတွင်းသုံး ပစ္စည်းများက သက်သေခံ နေပါတယ်။ ဒါမှမလုံလောက်သေးပါဘူးဆိုရင် ကျောင်းသားများ မကြာခဏ ၀င်ထွက်ရတဲ့ နေရာ၊ ကျောင်းသားများနဲ့ အဓိက ဆက်ဆံရတဲ့ တက္ကသိုလ်ပင်မ အဆောက်အအုံ ကြီးကို လက်ညှိးထိုး သက်သေ ထူရမှာပါပဲ။ တောခေါင်ခေါင်ရဲ့ အလယ် တောင်ကုန်းမြင့်မြင့်ပေါ်မှာ ထင်းရှူးပင်တွေ ၀န်းရံခပြီး တည်ထား တဲ့ တက္ကသိုလ်လေးဟာ အမိမြန်မာ ပြည်ကို လွမ်းတတ်သူတွေ အဖို့ အထီးကျန်စွာနဲ တိတ်ဆိတ်စွာ ရှိနေပါတယ်။ ဆောင်းတွင်း ရှည်ကာလ တစ်လျှောက်လုံး ပေါင်လယ် ခါးစောင်းနီးပါးထိ နှင်းလွှာနဲ ဖုံးအုပ် ခြင်း ခံထားရတဲ့မြို့လေးဟာ စနိုးဝှိုက်ပုံပြင်ထဲကလိုတော့ စိတ်ကူးယဉ်ချင်စရာကောင်းလှပါတယ်။ ဆောင်းတွင်းတလျှောက်လုံး မြို့ လေး ပတ်ဝန်းကျင်မှာ Ski စီးရင်း အပန်းဖြေခရီးထွက်လာကြတဲ့ လူတွေနဲ့ စည်ကားနေတတ်လေ့ရှိပါတယ်။

(ဆောင်းရာသီ အမှတ်တရများထဲမှ)

No comments: