Monday, September 17, 2018

Mark Zukerberg နဲ့ယှဉ်မိခဲ့တဲ့ စိတ်ကူး

2004 မှာ Mark Zukerberg Facebook ကို စတင်ချိန်မှာ ကျွန်တော်တို့ အင်တာနက် အဝ စသုံးဖြစ်ခဲ့တဲ့ကာလပါပဲ။ သို့သော် facebook ကိုမသိ။  ဒီအချိန်မတိုင်ခင်မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း မှာ လူငယ်တွေ အင်တာနက်သုံးဖို့ ဖွင့်တဲ့ကာလပေမယ့် စာအုပ်ရှားပါးတဲ့ကာလ စာရှာဖတ်တာတွေ လုပ်ချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး။

2004 မှာ ကျွန်တော်တို့ကြားခေတ်စားတဲ့ ဆိုရှယ်မီဒီယာတွေကတော့
hi5, friendster လောက်ပါပဲ skype သုံး သလိုပဲ နောက်ပိုင်း ဖိတ်တဲ့လူရှိမှရတဲ့ gmail gtalk သုံးတယ် mail4u က အီးမေးလျောက်လွှာတင်ရောင်းစားနေတဲ့အချိန် ဖရီး gmail ရတာ ပျော်စရာပါ။ဂူဂဲမှာ pdf တွေ ppt ဖိုင် type တွေသီးခြားခွဲထုတ်ရှာကြသလို Boolean Algebra သုံးရှာတာလည်းရှိတာပဲ။

 ရေနံဘာသာရပ်အတွက်အသုံးကျတဲ့ Calculation တွေကို online calculation ဝက်ဆိုဒ် လေးတွေ့တာ ရွှေပါပဲ သုံးထားတဲ့ Equation လေးတွေပါဖော်ပြသလို Reference Paper လေးတွေပါဖော်ပြတယ်။ ဒီ paper တွေက မြန်မာပြည်အနေနဲ့ရနိုင်ဖို့မလွယ်သလို ဝယ်လည်းဖတ်ခွင့်မရနိုင်ပါဘူး။ Problem တစ်ခုရဲ့ မူလ သုတေသနအလုပ်တွေဖော်ပြသလို နောက်လုပ်သူတွေလည်းဖော်ပြတော့ မိုက်ပါတယ်။ အက်တာနက်ဟာ အခွင့်အလမ်းတွေပေးတာ အသေအချာပါ။

အမောင် ငဇူကာနဲ့ ယှဉ်ပြောရရင် ၂၀၀၄ မှာ Website ရေးလွှင့်ချင်လို့ ဘော်ဒါ စီနီယာတွေကြား ပြန်သင်ဖို့ ဘယ်သူတတ်လဲ အသည်းအသန် လိုက်မေးဖူးတယ် မှတ်မှတ်ရရ first batch က ဘရိုက Localhost နဲ့ " html tag တခုရေးပြတာမှတ်မိတယ်။ နောက်ဆုံး အဆင်မပြေတာနဲ့ အဲဒီတုန်းက ရှာတွေ့တဲ့ blink.com ဆိုတာလေးမှာ Blog ရေးသလိုရေးမိတယ်။ facebook ကတော့ ၂၀၀၇ မှစ acc ဖွင့်သလိုမှတ်မိ။ ကမ္ဘာ့ ဘီလီယံနာနဲ့ ယှဉ်ရေးမိတာခွင့်လွှတ် :D။ အပြင်းပြေ  html CSS Javascript php online training နဲ့ project လေးတွေလျောက်ကလိနေရင်း တွေးမိ တာ (13) နှစ်တာကာလက အတွေးတွေပဲ။

No comments: