Saturday, July 18, 2015

မီးငယ်လေး မွေးခြင်း

ငါးရက်သမီး...မီးငယ်လေးပုံ။ မီးငယ်လေးမွေးပြီး ၁၀ ရက်သမီးအထိပဲ မြင်းမူမှာဖေကြီးနေနိုင်တယ်ကွယ်..။ မွေးစပေါက်ကတည်းက ပြုစုယုယ အလိုလိုက်ပညာသင်ပေးခဲ့တဲ့ ကျွေးမေမေ ဖွားကြီး ဒေါ်မြကြည် အတော်မမာဘူး အစာမ၀င်ဘူးဆိုလို့ ရွှေညောင်ပင်ကိုဖေကြီးအပြေးသွားခဲ့ရတယ်...။ မီးငယ်လေးနဲ့ မမ လွန်းကလေးတို့ကို ဖေကြီးသိပ်လွမ်းပါတယ်..မေကြီးလည်းပါတာပေါ့..မီးငယ်လေးက ဖေကြီးတို့မိသားစုအတွက် လက်ဆောင်လေးပါ.။မကြီးလွန်းကလည်း မင်းကိုချစ်တယ်ပြောတယ်...အနားကမခွာဘူး...။ ကိုင်ကိုင်ကြည့်နေလို့မနည်းဟန့်နေရတယ်.မင်းမေကြီးပြောတယ်.။ မေကြီးက မကိုင်နဲ့ငေါက်လို့ မေကြီးကိုစိတ်ဆိုးတယ်လို့ ဖေကြီးဖုန်းဆက်တော့ မင်း မကြီးလွန်းက တိုင်ပြောတယ်..။ မိသားစုလေး အတူတကွ အချိန်ပြည့်နေနိုင်တဲ့ အလုပ်တွေ ဖေကြီးစဉ်းစားနေပါတယ်...။ အချိန်ပြည့်အတူနေနိုင်အောင်ပေါ့...။

 တကယ်တော့ မကြီးလွန်းလဲ မူကြိုတောင်မနေရသေးတဲ့ ကလေးလေးအရွယ်ပါ။ သူခေါင်းတိုးနေကြမေမေ့ရင်ခွင်မှာ နောက်ထပ်ကလေးလေးတယောက်ရုတ်တရက်ရောက်နေတာ သူရုတ်တရက် ၀မ်းနည်းအားငယ်ရှာမှာပဲ။ တကယ်လည်း အားကိုးရှာနေတဲ့ပုံပေါ်ပါတယ်။ မေမေကလည်း မီးငယ်လေးကို နို့တိုက်ဖို့နဲ့ အခြားကိစတွေ ဂရုစိုက်နေရတော့ မကြီးလွန်းလေးကို ဘယ်ဂရုစိုက်နေနိုင်တော့မလဲ..။ ဖေကြီးလည်း အနားမှာ မနေနိုင်ဘူးလေ..။ အလုပ်က ရန်ကုန်မှာရှိတာကိုး။ မချမ်းနဲ့ ကိုစွမ်းတို့ ဆီမှာအမျိုးတွေနဲ့ နေတာ ဖေကြီး စိတ်ချပေမယ့်..အနားမှာမနေနိုင်တာ စိတ်မကောင်းဘူး..။ ဖွားကြီးကလည်း အတော်မမာတော့ ပြည်ကဆေးရုံမှာ ရောက်နေသတဲ့ကွယ်..။
မီးငယ်လေးနဲ့ မကြီးလွန်းကလေးတို့ တသက်လုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနေကြဖို့က ဖေကြီးတောင်းဆိုချက်ပါ..။


No comments: