Monday, October 8, 2018
HTML, CSS,JAVASCRIPT, PHP,SQL DATABASE
Tuesday, September 25, 2018
ခေတ်သစ် သင်ပုန်းကြီး ကိုလေ့လာခြင်း
Blog ရေးတာတချိန်က ခက်ခဲခဲ့ပေမယ့် အခုတော့လွယ်သွားပြီ။ html, CSS,JAVASCRIPT, PHP, DATABASE စတဲ့ Net Programming Language တွေကို online training တစ်ခုကနေ သုံးပတ် တလလောက် အချိန်ယူ လေ့လာလိုက်တာ။ Website တခုကို template တွေမသုံးပဲ ဖန်တီးနိုင်ပါပြီ။
Template သုံးပြတာမျိုးမဟုတ်ပဲ
Databased Driven Website (Dynamic Website)
Responsive Website
Hosting လုပ်ရာမှာလဲ။
ဈေးပေါပေါနဲ့ရတဲ့ သုံးစွဲသူတောင်မရိပ်မိပဲအများနဲ့ Share သုံးရတဲ့
Share Hosting, တွေ
Dedicated Server,
Virtual Dedicated Server, (Virtual Private Server),
Manage Server
စတဲ့ Knowledge လေးတွေ တလအတွင်းသိခဲ့သလို။
Platform တစ်ခု ဆောက်ဖို့ စမ်းကြည့်နေတာ ပထမ Homepage နဲ့ Login, Register အဆင့်ပဲရှိပါသးတယ်။ Multi-users တွေအတွက် Login account တွေပေးရမှာပါ။ Admin နဲ့ user တွေကြား Role ခွဲရမှာလည်းရှိပါတယ်။ Online ဆရာတွေကောင်းတော့ လေ့လာရတာမကြာသေးပေမယ့် အတော်ခရီးရောက်ပါတယ်။ လေ့လာလိုက် ရေးလိုက်ပါပဲ။
ဖရီးရတဲ့ Wordpress Theme တွေသုံးရင် ဒီအပိုင်းကို ခဏနဲ့ပြီးနိုင်ပေမယ့် ပြဿနာတွေကို အလွယ်တကူကျော်ဖြတ်နိုင်ဖို့က Script တွေကူးချယုံနဲ့မရပါဘူး။
အားကျစရာကောင်းတာက Online Video တွေထဲက Developer တွေဟာ php, js,server တွေဖွင့် ဟိုဖက်ဒီဖက် ချိတ်ဆက်ရင်း script တွေရေးသွားတာမြန်ချက်ဗျာ။ အားကျစရာပါ။
ဟုတ်ကဲ့ ဘွဲ့ရပြီး ၈ နှစ်ကျော်မှ စာရေးစာဖတ်တမျိုး သင်နေရတယ်ဆိုပါတော့ဗျာ။ :D
ဘာမှမတတ် မသင်ခဲ့ရပဲ ရမ်းဖန်တီးခဲ့တဲ့ ဒီ Blog လေးကိုတော့ ဒီတိုင်းပဲ ဆက်သုံးပါမယ်။ မပြင်တော့ပါဘူး။ နေ့ညအချိန်ယူပြီး Nav တွေ Sidebar Script တွေ တစစီထည့် ပြီး ဆက်စပ်ဖန်တီးခဲ့တာမို့ တန်ဖိုးထားမိပါတယ်။ Template တွေကူးယူဖန်တီးခဲ့တာလည်းမဟုတ်ပါဘူး။
My Sweeties
ဖေဖေဘာလို့ဒါလောက်အိပ်နေတာလဲ လိုက်မပို့ရင် သွားတော့မှာ။ ဗုဒ္ဓေါ ကျောင်းသွားဖို့တက်ကြွနေပါလား။ အံ့သြစရာ။ frozen ဂါဝန်လေး ဝတ်ချင်တယ်။ ဘောင်းဘီက ဒါဝတ်မယ်။အော်လူကြီးပြောတာ ဟုတ်ဟုတ်မဟုတ်ဟုတ် လက်ခံတတ်တဲ့ခေတ်မဟုတ်ဘူးကိုး။ အသက်က ခုမှ သုံးနှစ်ကျော် စကားပြောတတ်စ။ (တကယ်တော့ ချောင်ချောင်ချိချိလေးတွေသူကြိုက်) ဖိနပ် အကျီ င်္ အသုံးအဆောင်ကအစ သူလိုချင်တာပဲ ရွေးယူတယ် ဝယ်ပေးလည်းမရ။
ဒယ်အိုးလေးတွေလိုချင်တယ် ကစားကွင်းနားမှာရှိတယ် (Ocean) ကကစားကွင်းသွားရင်းတွေ့လာတာ သတိရလို့ပူဆာ။ ဟင် ကြမ်းပေါ်ပုံထားတဲ့အရုပ်မနည်းဘူးလေရှုပ်လိုက်တဲ့အမှိုက် ဝယ်ထားတာတွေနဲ့ဆော့ကွာ။ မရဘူး မရဘူး။
ဘာဘီရုပ်ခေါင်းဖြီးပေးတာဆို သိပ်လှတာလေ။ (အကြီးမ ပထမတန်းကျောင်းသူ ဂျင်းဝင်ထည့် သူလိုချင်တာလေ။)
အိုခေလေ ညည်းစုထားတဲ့ပိုက်ဆံ များနေပြီပဲ မှန်းစမ်း ဟိုနေ့က ဘဘ လည်း မုန့်ဖိုးပေးသွားတာပဲ။ ငါတို့သုံးယောက် တက္ကစီခေါ်ပြီး သွားကြမယ် ဒီပိုက်ဆံလောက်ဆို ဂစ်တာလေးတွေရော အရုပ်ရော အိုးခွက်တွေပါဝယ်လို့ရတယ်။ သူ့အိတ်ဖွင့်ကြည့် အကြီးမ လိုက်လု မရဘူး မရဘူး။ မီးငယ်လေးတွေ့လား မမမှာ ပိုက်ဆံအများကြီးရှိတယ် သူ့ဆီသွားချွဲငါတို့သွားကြမယ်။ ဒါမှမဟုတ်သူ့လို ပိုက်ဆံစုမလား ရော့ တရာယူ။ ကိုယ်အိတ်နဲ့ကိုယ်သိမ်းထား။စု ပြီးရင်အရုပ်ဝယ်လို့ရပြီ။
Monday, September 17, 2018
Mark Zukerberg နဲ့ယှဉ်မိခဲ့တဲ့ စိတ်ကူး
2004 မှာ Mark Zukerberg Facebook ကို စတင်ချိန်မှာ ကျွန်တော်တို့ အင်တာနက် အဝ စသုံးဖြစ်ခဲ့တဲ့ကာလပါပဲ။ သို့သော် facebook ကိုမသိ။ ဒီအချိန်မတိုင်ခင်မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း မှာ လူငယ်တွေ အင်တာနက်သုံးဖို့ ဖွင့်တဲ့ကာလပေမယ့် စာအုပ်ရှားပါးတဲ့ကာလ စာရှာဖတ်တာတွေ လုပ်ချင်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ဘူး။
2004 မှာ ကျွန်တော်တို့ကြားခေတ်စားတဲ့ ဆိုရှယ်မီဒီယာတွေကတော့
hi5, friendster လောက်ပါပဲ skype သုံး သလိုပဲ နောက်ပိုင်း ဖိတ်တဲ့လူရှိမှရတဲ့ gmail gtalk သုံးတယ် mail4u က အီးမေးလျောက်လွှာတင်ရောင်းစားနေတဲ့အချိန် ဖရီး gmail ရတာ ပျော်စရာပါ။ဂူဂဲမှာ pdf တွေ ppt ဖိုင် type တွေသီးခြားခွဲထုတ်ရှာကြသလို Boolean Algebra သုံးရှာတာလည်းရှိတာပဲ။
ရေနံဘာသာရပ်အတွက်အသုံးကျတဲ့ Calculation တွေကို online calculation ဝက်ဆိုဒ် လေးတွေ့တာ ရွှေပါပဲ သုံးထားတဲ့ Equation လေးတွေပါဖော်ပြသလို Reference Paper လေးတွေပါဖော်ပြတယ်။ ဒီ paper တွေက မြန်မာပြည်အနေနဲ့ရနိုင်ဖို့မလွယ်သလို ဝယ်လည်းဖတ်ခွင့်မရနိုင်ပါဘူး။ Problem တစ်ခုရဲ့ မူလ သုတေသနအလုပ်တွေဖော်ပြသလို နောက်လုပ်သူတွေလည်းဖော်ပြတော့ မိုက်ပါတယ်။ အက်တာနက်ဟာ အခွင့်အလမ်းတွေပေးတာ အသေအချာပါ။
ကူးကူး
သုံးနှစ်ကလေးတယောက်ရဲ့ စိတ်ခံစားမှု ဟာပွင့်လင်းပါတယ်။ သူဆွဲတဲ့အခါ သူဟာ အမေအနားမှာရှိနေပြီး သူ့အစ်မဟာ အဖေအနားကို နေရာပေးထားပါတယ်။ နားရွက်မှာ ချိတ်စရာတွေပါတာ သူ့အမေပုံပါ။ အကြီးကဆွဲတဲ့ပုံတွေမှာ အမေက သူနဲ့ရှိနေပြီး အဖေက အငယ်လေးနဲ့ရှိနေပုံ အမြဲဆွဲပါတယ်။ သူ့အမေ ခန္ဓာကိုယ်ကနေဖွံ့ဖြိုးလာတဲ့ အစိတ်အပိုင်း သူဒုက္ခခံခဲ့ရတဲ့ အစိတ်အပိုင်းမို့ မိခင်ကို ချစ်စိတ်ရှိတာ သဘောကျပါတယ်။
အရွယ်အစားကွာခြားချက်တွေထည့်ဆွဲတာတွေ့ရပြီး အဖေဟာ ဆလင်းဖြစ်သူပါ။ သူဟာ အစ်မထက် အကောင်သေးတာလည်း သိနားလည်ပြီးပါပြီ။ အိမ် ပြတင်းပေါက် တံခါး ပန်းပွင့်တွေဟာ သမီးငယ်တွေရဲ့ စိတ်ကူးပုံရိပ်ထဲက လွှမ်းမိုးတဲ့ အရာတွေပါပဲ။ ရေကန်မှာတွေ့တဲ့ တကောင်ထည်းသော မန်ဒါလီဘဲကိုလည်း သူမှတ်ထားပါတယ်။ ဒါတွေက အငယ်လေးရဲ့ဖွံ့ဖြိုးမှု လေ့လာကြည့်မိသလောက်ပေါ့။
ပျော်ရွှင်တဲ့ဘဝ အောင်မြင်တဲ့ နေထိုင်မှုပုံစံ
လူတွေနေ့စဉ်သုံးစွဲနေတဲ့ အရာတွေ ယာဉ် ယန္တရားကြီးတွေ စားသောက်နေတဲ့ အစားအသောက်တွေ ရှင်သန်နေရတဲ့ရာသီဥတုပတ်ဝန်းကျင်တွေ ရောဂါဖြစ်ပွားမှု စတာတွေနဲ့ ချိန်ဆ ကြည့်မိတဲ့အခါ လူ့အသက်ဟာ တဲတဲလေးပါလားလို့ နားလည်လာတယ်။ အင်္ဂလိပ်ဝေါဟာရအနေနဲ့ fragile ဖြစ်တယ်လို့ သုံးမလားမသိ။ နုနယ်လွန်းလှတယ်။ ခံနိုင်ရည်မရှိဘူး။ စာအရရေးရရင်တော့ ပေါ့ပါးသလိုရှိပေမယ့် သတိနဲ့ဆင်ခြင်တွေးတောတဲ့အခါ တကယ်ဖြစ်နေတာတွေ့ရတယ်။ အထိခိုက်မခံဘူး ပျက်စီးဆုံးရှုံးဖို့ အလွယ်လေးပဲ။
သက်တမ်းအားဖြင့်လည်း တိုတောင်းလွန်းလှတယ်လို့ သိလာတယ်။ ဖြတ်သန်းပြီးတဲ့နှစ်ကာလတွေဟာ သိပ်မကြာသလိုပဲ ဘာတွေ လုပ်ဖူးလဲ လုပ်ပြီးလဲ တွေးတဲ့အခါ မနေ့တနေ့က ဖြတ်ခဲ့ရသလို ဘာမှမကြာခဲ့ဘူး။ သမားရိုးကျမိဘ ဘိုးဘွားတွေ ကိုယ့်လက်ပေါ်တင် ဘဝကူးခဲ့သလို ဖြစ်မယ်ဆို နောက်ထပ် ကျန်နေတဲ့သက်တမ်း ဘာမှမကြာပဲ ကုန်ဆုံးမယ့်သဘောပဲ။
ဒီနေရာမှာ ဘဝဆိုတာ ရုန်းကန်ခြင်းရဲ့ အဓိပ္ပါယ် နောက်တမျိုးပဲဖြစ်မလား ရှိလာတယ်။ ကိုယ်တွေးတဲ့အပေါ်မူတည်တာပေါ့လေ။
ရုန်းကန်မှုတစ်ခုသာ ဘဝရဲ့ အရသာအနေနဲ့ရှိလာမယ်။ ရုန်းကန်မှုမရှိပဲ သက်သာလွန်းစွာနေထိုင်ခြင်းဟာ ဘဝကို အရသာမပါပဲမျိုချလိုက်သလိုပဲဖြစ်မှာပါ။ ကဲကွာ ဆန္ဒပြုလိုက်သမျှ အသပြာတွေ ဝင်ကြည့်စမ်း။ ဆန္ဒပြုလိုက်သမျှ တိုက်တာ နေအိမ် ကား ရွှေငွေ ဝင်ကြည့်စမ်း ကိုယ်ပြောလိုက်သမျှ ဖြစ်ကြည့်စမ်း။ ဘာမှမဟုတ်တော့ဘူး။ တကယ့်အနှစ်သာရ အရသာမဲ့တဲ့ ဘဝပဲ။ ရုန်းကန်တယ်ဆိုတဲ့ အရသာကို ခံစားလိုက်ပါ။
ဒေါသတွေရှိနေတာအတွက် နောင်တရပူပန်မနေနဲ့။ မောဟတွေရှိနေတာအတွက် စိတ်ဒုက္ခရောက်မနေနဲ့။ လောဘတွေရှိတာအတွက် ခွင့်မလွှတ်ဖို့ မဆုံးဖြတ်လိုက်နဲ့။ ဗျာပါဒ ဆိုတဲ့ စကားတလုံးက အဲဒါတွေကို ချုံ့ပစ်တယ်။
ဒေါသရှိလို့ လောဘရှိလို့ အတင်းအကြပ်ဖြုတ်ပစ်ဖို့ စဉ်းစားရင်း ဝဲသြဃထဲ ရေတိမ်နစ်နေဆဲ တပုံရှိ။ ကိုယ်တိုင်ဖြုတ်လို့မရသေးသလို မဖြုတ်ရကောင်းလားလို့ တပါးသူရဲ့ အခွင့်အရေးအပေါ်မှာပါ ဒေါသတရား ထပ်ပွားတယ်။ ဝေဝေးဝါးဝါးလုပ်နေရကောင်းလားလို့တောင်တောင်အီအီတွေးတောရင်း မောဟ ရဲ့ အနက်ဆုံးအပိုင်းကို ကိုယ်တိုင်ရောက်လာတယ်။ ဒီကောင်လောဘ ရှိရကောင်းလားလို့စဉ်းစားရင်း အတ္တနဲ့ပေါင်း ကိုယ့်လောဘကိုယ်မသိဘူး။
အကောင်းဆုံး စိတ်အခြေအနေ တခုဟာ စိတ်ဆင်းရဲခြင်းမဟုတ်တာသေချာတယ်။ တစ်ခုသိရမှာက အများလက်ခံနေတဲ့ ပျော်ရွှင်မှု စိတ်အခြေအနေလည်းမဟုတ်ဘူး။ ပျော်ရွှင်မှုကိုရှာနေသရွေ့ စိတ်ဆင်းရဲခြင်းဆိုတာလည်း ရှိနေအုံးမှာပဲ။ ပြေလည်မှုကိုရှာနေသရွေ့ မပြေလည်မှုက ရှိနေမှာပဲ။ လူ့သဘာဝ ပြေလည်မှု ဆီကို သူ့ဘာသာရွှေ့တတ်တယ်။
ဗျာပါဒ ကို နိဝရဏ ပိတ်ပင်တတ်တဲ့ အရာလို့ နားလည်ရင်တော့ Key တစ်ခုရှိတာတွေ့လိမ့်မယ်။ လောဘ ဒေါသ မောဟတွေနဲ့ ဗျာပါဒ မဝင်စေနဲ့။ လုပ်ခဲ့တာတွေ ဖြစ်ခဲ့တာတွေအပေါ် နောင်တတွေထွေးပိုက်မထားနဲ့။ မဖြစ်သေးတာတွေအပေါ် ထားစရာမလိုအပ်။ အောင်မြင်တဲ့ လူသားဖြစ်ဖို့ ပိတ်ပင်ထားတဲ့ ကန့်လန့်ကာဟာ ငါးမျိုးပဲရှိတယ်။ ပိတ်ပင်တတ်တဲ့အရာ ငါးမျိုးပဲရှိတဲ့ အထဲ နှစ်မျိုးလွတ်ရင်ပဲ တကယ့်လူသား။
လွတ်တယ်ဆိုတာမမျှော်မှန်းရင်တောင် သုတမယ လောက်နဲ့ ကမ္ဘာမြေမှာ ငြိမ်းချမ်းရေးတွေ သီးပွင့်နေပြီ။
ဗျာပါဒ အပေါ်သတိတရားရှိခြင်းက လက်မြှောက်အရှုံးပေးတာမဟုတ်။ ဒါက စကားချပ်။ လူသားသမိုင်းမှာ လက်မြှောက်အရှုံးပေးမှု ဆိုတာမရှိဘူး။ (ဒီနေရာမှာ စောဒက တက်စရာ မေးခွန်းရှိနိုင်ပေမယ့် မရေးတော့)။
ဒေါသ လောဘ မောဟ ဟာ ပါဝင်သူတွေအပေါ် အလုံးစုံ ပျက်စီးရေးလို့ နားလည် လက်ခံပြီးသူတွေသာ ဒါဟာဖတ်စရာတစ်ခုအနေနဲ့ရှိမယ်။ မဟုတ်ရင် မမေးနဲ့ မေ့လိုက်ပါ။
လောဘ ဒေါသ မောဟ လျော့နိုင်သမျှ လျှော့ရင်း သက်တောင့်သက်သာရှိတဲ့ ဘဝတွေတည်တောက်နိုင်စေဖို့ပဲရည်ရွယ်တယ်။ လောဘကိုသတ်လို့ သေစရာအကြောင်းမရှိဘူး လောဘပျောက်သွားစရာအကြောင်း မရှိဘူးလို့ထင်ရလောက်အောင် လောဘတရားဟာ လူသားတွေအပေါ်မှာကြီးစိုးတယ်။ လျော့သွားတဲ့အတွက် မှန်ကန်တဲ့လမ်းကြောင်း ရှိသင့်သလောက် (တကယ်တော့ ရှိသင့်သလောက်ဆိုတာမဟုတ်ဘူး) ပဲရှိလာပြီး မိတ်ဆွေတွေ အသိုင်းအဝိုင်းတွေ ကျယ်ပြန့်လာမယ်။ ပိုကောင်းတဲ့ အကျိုးစီးပွားတွေဖြစ်လာမှာပဲ။ ဘယ်လောက်ပဲ လောဘသတ်သတ် လောဘ သေမသွားသေးတဲ့အတွက် အတ္တ ငါစွဲ ငါ့ဟာသဘောအရ သူ့ထွက်ပေါက်အတွက် လောဘဟာ ရှာနေတုန်းပဲ။
တစ်ခုပါပဲ လောလ ဒေါသ မောဟ လျော့ခြင်းဟာ လက်ရှိ အကျိုးကို လုံးဝ မထိခိုက်စေတဲ့ အပြင် ပိုတိုးပွားတဲ့ အကျိုးစီးပွား ရလာမှာ အသေအချာလို့ပဲပြောပါရစေ။ ပိုကောင်းဖို့ လျော့လိုက်ပါ။
မိမိရောက်ရာအနေအထားအပေါ် မကြေနပ်သူတွေ လောဘဒေါသမောဟ ဖြုတ်ပစ်ရင်း ထပ်ဆင့်လောင်း ကြီးလာသူတွေ လောဘသည်သာ လတ်တလောအကျိုးစီးပွား အပေးနိုင်ဆုံးမြင်နေသူတွေ ဖြစ်ခဲ့တာတွေအပေါ်နောင်တတရား မဖြစ်သေးတာတွေအပေါ် ဗျာပါဒတရားရှိသူတွေအတွက်ပါ။
Do right things. အယူအဆ နဲ့လုပ်နေတဲ့ပုဂ္ဂိုလ်တွေ
Do things right. အယူအဆနဲ့ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်လည်း အကျုံးဝင်ပါတယ်။ သူတို့မှာလည်း အတ္တ သက္ကာယ ကိုယ်ကိုအမှီပြုပြီး တမျိုးတဘာသာ နူးညံ့တဲ့ လောဘ ဒေါသ မောဟ တရားတွေ ရှိနေတာကြောင့်ပါပဲ။
ငြိမ်းချမ်းတဲ့ လောက တည်ဆောက်ဖို့ မှန်ကန်တဲ့အမြင် သမ္မာဒိဌိတရား ရှိဖို့ လိုသေးကြောင်း သတိပေး လက်တို့တာပါ။ သတ္တဝါတမျိုးဖြစ်တဲ့ လူကို နားလည်ခြင်း အကြောင်းပါ။
ရုပ်ဝတ္တုပစ္စည်းတွေတိုးတက်သလို စိတ်ချမ်းသာမှု ညွှန်းကိန်း မြင့်တဲ့နိုင်ငံ ဖြစ်လာစေဖို့ပါပဲ။
Tuesday, September 11, 2018
အသက် (၃၀) အရွယ် ချာတိတ် (၃၀)
1915 ခုနှစ်မှာမွေးပြီး 1947 ခုနှစ် အသက် (၃၂) နှစ်အရွယ်မှာသေဆုံးခဲ့တဲ့ လူငယ်နဲ့ သက်တူရွယ်တူတွေရဲ့ ဆောင်ရွက်ချက်ဟာ မြန်မာပြည်ကို စီမံခန့်ခွဲတဲ့ စနစ် ကို ပြောင်းသွားစေတယ်။
အမြင်မှန် အတွေ့အကြုံရှိတဲ့ သူတို့ထက်ကြီးတဲ့ ပညာသမ္ဘာရင့်သူတွေရဲ့ ထောက်ခံကူညီမှုတွေလည်းရှိတာပေါ့။
ယနေ့ထိ မြန်မာပြည် လူဦးရေရဲ့ ရာခိုင်နှုန်းတော်တော်များများ သူ့တို့ကိုဦးခိုက်ကြတယ်။ သူ့တို့ကိုတမ်းတကြတယ်။ တကယ်တော့ သူတို့ဟာ (၃၂) အရွယ် လူငယ်တွေပါပဲ။
သူတို့ အဖွဲ့ ဘယ်လောက်များလဲ။ အယောက် (၃၀) ထဲပါ။ မရိုသေစကားပြောသလိုဖြစ်သွားမလားစိုးရိမ်မိလောက်တဲ့ စကားတလုံးသုံးကြည့်ချင်တယ်။ ချာတိတ်တွေပါ။
ကဲ (၃၀) စွန်းစွန်း အယောက် (၃၀) လောက်ရှေ့ထွက်ခဲ့ပါ။
;) ;) ;)
ဝေးဝေးကြည့် သေးသေးမြင်
:D
အနိဌာရုံ အများစုဟာ ဆင်းရဲမွဲတေမှုကြောင့်မဟုတ်ပဲ နေချင်သလိုနေကြတာကြောင့်လို့ အိန္ဒိယက ပညာရှင်တယောက်ကပြောပါတယ်။ နေချင်သလိုမနေကြဖို့ ပညာပေးတွေလိုပါလိမ့်မယ်။ စည်းကြပ်မှုတွေလိုပါလိမ့်မယ်။
စနစ်ပြောင်းနဲ့လူရာဝင်ဆံ့တဲ့ ခေါင်းဆောင် မျိုးဆက်များ မျှော်လင့်ပါတယ်။ နှင်းကျတဲ့ဒေသ နှင်းတွေပုံနေတာ အမှိုက်ဖြစ်သလို မိုးများတဲ့ဒေသဗွက်ထပြီး နွေမှာဖုန်ထူတာ မဆန်းပါ။ မမြင်ချင်ရင်တော့ အဲဒါတွေပြုပြင်ရပါမယ်။
အခေါက်ပေါင်းများစွာစီးဆင်းနေတဲ့ ကုန်စည်တွေ အတွက်ဆို တိုင်းပြည်ဟာ နေ့စဉ် ဘီလီယံနဲ့ချီလေလွင့်ပါတယ်။ ကိုယ်ဟာကိုယ် စဉ်းစားကြည့်မိသလောက်ဆို တက္ကစီ စီးပြီး ကားကြပ်လို့ ၂ နာရီနဲ့မရောက်နိုင်ပဲ လေးနာရီလောက်ကြာခဲ့ဖူးတဲ့ ရန်ကုန်မြို့တွင်းသွား ခရီးသည်တယောက်အတွက် လေလွင့်ဆုံးရှုံးမှုပမာဏတွက်ကြည့်ဖူးတာ။ အကြမ်းခန့်မှန်းချေ တက္ကစီအရေအတွက်နဲ့ ချကြည့်တော့  တက္ကစီ ကဏ္ဍမှာ ရန်ကုန်တမြို့ထဲတင် တရက် သိန်း ၄၀၀၀ လောက်ဆုံးရှုံးမှုဖြစ်နေပါတယ်။
Thursday, September 6, 2018
ခြေထောက်မှာဗွေပါတဲ့ကောင်
ခြေထောက်မှာ ဗွေပါတဲ့ကောင်
ကျွန်တော့် ဖေဖေဟာ ပြည်အထက (၃)မှာအထက်တန်းကျောင်းတက်ဖူးသူပါ။ ပြည်အထက (၅)မှာ ကျွန်တော် (၁၀) တန်းတက်တော့ တောမှာမွေး တောရွာ တွဲဖက်ကျောင်းလေးမှာ တက်ခဲ့ဖူးတဲ့ ကျွန်တော် ဖေ့ဖေ့အပေါ်အထင်ကြီးစိတ် နည်းနည်းလျော့ပါတယ်။ :D ဒေသစုံအောင် သွားလာသူတွေ ငယ်ငယ်က အတော်အားကျတယ် ဒါကြောင့်ထင်တယ် ခြေဗွေပါသလိုပဲ ရောက်ရာအရပ် အခြေချ ဖို့ ကြိုးစားတိုင်းမအောင်မြင်ဖူး။ မြေပိုင်အောင်ကြိုးစားတယ် မြေ၀ယ်နိုင်ဖို့လုပ်တယ်။ မြေ၀ယ်ပြီးလည်း အိမ်မဆောက်ဖြစ်ပါဘူး။ ရွာမှာမွေးတဲ့ကောင် တိုက်ခန်းမနေတတ်တာတော့ ၀သီဖြစ်မယ်။ ခြံနဲ့ဝင်းနဲ့ နေချင်တယ်။ မန်းမှာ နေနိုင်မယ့်နေရာ ခြံဝယ် လုပ်မစားတတ်တော့ အခြေမချဖြစ် ရန်ကုန်အပေါင်းအသင်းအစုံနဲ့ နေနိုင်ဖို့ စုပြီး မြေ၀ယ်သော်လည်း ခုထိမနေနိုင်သေး။ ဆောက်တယ်ကွာ။ မရပါ ဆောက်သာဆောက်တာပါ။ နေတာက တခြား။ ရည်ရွယ်လုပ်သမျှတော့ ဆနဓိပတိနဲ့ လုပ်တာမို့ အိုင်ဒီယာ အပြည့်နဲ့ ထမင်းမေ့ ဟင်းမေ့ပါ ညလည်း အိပ်ချင်တဲ့အချိန်ရယ် မရှိလောက်အောင် ဆနဇောထက်သန်ပြီးလုပ်ပါတယ်။ အိပ်မက်မှန်သမျှ အကောင်အထည်ဖော်နေတော့ လူဘ၀သက်တမ်း လူ့ ကျန်းမာရေးနဲ့မကိုက်ပါ ခုလည်း ကုမဏီမှာ အကြံပေးရာထူးယူလုပ်ခဲ့မိတော့ တသက်လုံး အကြံပေးချည်း စဉ်းစားနေမိတာ Advisor ကနေ Consultant ဖြစ်ဖို့ ကြံစည်မိပြန်ပါပြီ။ သက်တမ်းတိုမယ်ဆိုတာတော့ သေချာသလောက်ပါပဲ လုပ်ချင်ရာလုပ်သေသွားတာ ဘ၀အောင်ျြမင်မှုလားတော့ နားမလည် :D ကလေးတွေ ငယ်သေးလို့ ပြန်ချင့်ချိန်မှပါဗျာ။
Saturday, September 1, 2018
Two Sisters Art Gallery
Two Sisters Art Gallery
By Artist Khin Lun Eain (Grade I)
By Artist Khin Hnin San(KG)
Location : Nawaday Garden Estate, Yangon.
Open: Weekends Only (8:00 am - 3:00pm)
***Any part of our creations are not allowed to copy and publish without prior written request and our permission.***